Monday, March 29, 2010

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေငြာ



အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေငြာ

29/03/2010

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

“ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းလို့ သူမလာနိုင်ဘူးတဲ့။ သူ့သဘောထားကို စာပေးလိုက်ပါတယ်။ ဦးတင်ဦးက ဖတ်ကြားပါတယ်။ သူ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီမှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တယ်တဲ့၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထားအတိုင်းပဲ သူလည်းရပ်တည်တယ်တဲ့”
ဟု ဦးအောင်ရွှေ၏ စာပါအကြောင်းအရာများကို ဦးအုန်းကြိုင်က ပြန်လည်ပြောကြားသည်။

အစည်းအဝေးကို နေ့လယ် (၁၂) နာရီနှင့် မွန်းလွဲ (၂) နာရီတွင် နှစ်ပိုင်းခွဲလုပ်ပြီး ပထမပိုင်းအစည်းအဝေးတွင်ပင် အစည်းအဝေးတက်ရောက်သူများက ပါတီမှတ်ပုံမတင်ရေးအတွက် တသံတည်း သဘောထားဆန္ဒပေးကြသည့်အတွက်
မဲခွဲဆုံးဖြတ်စရာမလိုဘဲ အားလုံးတညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီး ညနေပိုင်းတွင် အစည်းအဝေးဆုံးဖြတ်ချက်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်ကြသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်လ်ဒီအနေဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပါတီကြီး ပျက်စီးသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဖွဲ့ချုပ်ဆိုတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားပြီး ကိုယ်ကျိုးစွန့် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက် ဥပဒေနဲ့ဖျက်လို့တော့ အဖွဲ့ချုပ်ကြီးက ပျက်သွားမယ်လို့ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့်မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ်အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ပါတီမှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူများသည်လည်း ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

Saturday, March 27, 2010

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ လူသားချင်းဆိုင်ရာထောက်ပံ့မှုများလုံးဝရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်းထုတ်ပြန်


tbs news(japan)


စနေနေ့၊ မတ်လ ၂၇၊ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ လူသားချင်းဆိုင်ရာထောက်ပံ့မှုများလုံးဝရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်းထုတ်ပြန်

ဒီနှစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ (၂၀၁၀)ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ်ချခံထားခြင်းခံရသော
ဒေါ်အောင်ဆန်းစုကြည် အား ပါဝင်ခွင့်မရအောင်ပြုလုပ်ထားခြင်းနှင့်ပတ်သတ်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ မြန်မာနိုင်ငံအားလူသားချင်းဆိုင်ရာအထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာထောက်ပံ့ငွေများ
ရပ်ဆိုင်းဖို့စဉ်းစားနေတယ်လို့ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရမှ ဒီလ(၈)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကို ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေထဲမှာ
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရနိုင်တာဂျပန်အစိုးရမှထောက်ပြပြောဆိုနေပါတယ်။ ပါဝင်ခွင့်ရအောင် ပြန်လည်စဉ်းစားစေလိုကြောင်းပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးOkadaမှ(၂၆)ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒေါ်အောင်ဆန်းစုကြည်ဟာ (၂၀၁၀)ရွေးကောက်ပွဲမှာဦးဆောင်ပါဝင်နိုင်မှာမဟုတ်ဘူးဆိုတာသိတဲ့အတွက် တော်တော်လေး
ဝမ်းနည်းကြောင်းပြောဆိုသွားခဲ့ပါတယ်။

အဲဒီနေ့မှာဘဲ ဂျပန်နိုင်ငံရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးလှမင်းအား ၎င်းကိစ္စနှင့်ပတ်သတ်၍ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာသံအမတ်ဦးလှမင်းကလည်း ဂျပန်နိုင်ငံက ထောက်ပံ့မှုဖြတ်တောက်ဖို့ စဉ်းစားနေတဲ့ကိစ္စကို နအဖစစ်အစိုးရကို အကြောင်းပြန်လိုက်မှာ ဖြစ်ကြောင်းပြောဆိုတယ်လို့ သိရပါတယ်။
သတင်း ။ ။

Friday, March 26, 2010

ဘန်ကီမွန်း မြန်မာရွေးကောက်ပွဲကို စိတ်ပျက်

ဘန်ကီမွန်း မြန်မာရွေးကောက်ပွဲကို စိတ်ပျက်
Friday, March 26, 2010
ပြောပ လောက်အောင် တိုးတက်မှု မတွေ့ရသဖြင့် စစ်အစိုးရ၏ လာမည့် ရွေးကောက်ပွဲကို စိတ်ပျက်မိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - အေပီ)

နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်တွင် မြန်မာ့ မိတ်ဆွေ နိုင်ငံများအဖွဲ့ (Group of Friends on Burma) နှင့် မတ်လ ၁၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ပြီးနောက် မစ္စတာ ဘန်ကီမွန်းက ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဘန်ကီမွန်းက “အားမရဘူး ဖြစ်နေတယ်၊ ကျနော် ပြောခဲ့သလိုပေါ့၊ တိုးတက်မှုတွေ ရှိမလာတာကို စိတ်ပျက် မိတယ်”ဟု သတင်းထောက် များကို ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံစဉ်က ခိုင်မာပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့စဉ် ကတိများ အကြိမ်ကြိမ် ပေးခဲ့ကြောင်း၊ သို့သော် ကတိကဝတ်အတိုင်း အကောင်အထည်ဖော်ရာတွင်မူ နှေးလွန်းသည် ထင်ကြောင်း ဘန်ကီမွန်းက ဆက်လက်ပြောဆိုသည်။

“ကတိပေးတာ တခုက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ဖို့ပါပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲရက်ကို မကြေညာသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ကလည်း တိုက်တွန်းနေရတုန်းပဲ”ဟု ဘန်ကီမွန်းက ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂလိကအမြင်နှင့် ပတ်သက်၍ “ဒေါ်စုက သူ့ရဲ့ တကယ့် ယုံကြည်ချက်ကို အခြေခံပြီး ပြောတာ၊ လက်ရှိ အခြေအနေကို အခြေခံပြီး ပြောတာဆိုရင် ဒေါ်စုရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ လေးစားရပါမယ်”ဟု ဘန်ကီမွန်းက ဆိုသည်။

မြန်မာ့ မိတ်ဆွေ နိုင်ငံများအဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးရာတွင် အဓိက အချက် နှစ်ချက် ရှိကြောင်း ဘန်ကီမွန်းက မီဒီယာများကို ပြောသည်။

မြန်မာ့ မိတ်ဆွေ နိုင်ငံများအဖွဲ့က အဓိကထား ဆွေးနွေးသည့် ပထမတချက်မှာ မြန်မာပြည်လူထုအတွက် တည်ငြိမ် အေးချမ်း ရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်ရန်နှင့် ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ် သည်ဟူသော အချက် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် အဓိကနိုင်ငံရေး ပါတီများ အကြား အမျိုးသားရင်ကြားစေ့ရေးကို စစ်အစိုးရအနေဖြင့် လုပ်စေလိုကြောင်း၊ မျှော်လင့်ထားသကဲ့သို့ ဤ အချက်များကို မလုပ်ဆောင်သေးကြောင်း ဘန်ကီမွန်းက ထောက်ပြသည်။

နောက်ထပ် အလေးပေး ဆွေးနွေးသည့် အချက်မှာ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း တိုးတက်ကောင်းမွန်လာရေး လုပ်ကိုင်ကြရန် လိုသည်ဟူသော အချက်ဖြစ်သည်။

မြန်မာ့ နိုင်ငံရေး၊ လူမှုကူညီရေးနှင့် ဖွံ့ဖြိုးရေး စိန်ခေါ်မှုများသည် တတန်းတည်း စဉ်းစားရမည့် အချက်များဖြစ်သည်ဟူသော အမြင်အပေါ် ထင်ဟပ်ခြင်းဖြစ်သည်ဟု ဘန်ကီမွန်းက ဆိုသည်။

အဖွဲ့ ၁၅ ဖွဲ့ ပါဝင်သော မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ အတွင်း သဘောထားကွဲလွဲမှုများ ရှိနေပြီး ကုလသမဂ္ဂတွင် နောက် တဆင့် တက်ရေးအတွက် တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်ကြောင်း တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရကို တွန်းအားပေးသည့် အနေဖြင့် ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတဦး မြန်မာပြည်သို့ စေလွှတ်ဖွယ်ရှိကြောင်းလည်း သိရသည်။

Thursday, March 25, 2010

မြန်မာ့ ရွေးကောက်ပွဲ လုံခြုံရေးကောင်စီတွင် သဘောထားကွဲ
THURSDAY, MARCH 25, 2010

မြန်မာပြည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) တွင် သဘောထား ကွဲလွဲကြကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် စပ်လျဉ်း၍ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ က ယနေ့ တံခါးပိတ် အစီရင်ခံပြီးနောက် ရွေးကောက်ပွဲအပေါ် ဤသို့ သဘောထား ကွဲလွဲမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။



နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ ကုလလုံခြုံရေး ကောင်စီတွင် ၂၀၀၉ ခုနှစ်က အစည်းအဝေးတခု ကျင်းပနေပုံ (ဓာတ်ပုံ - ရိုက်တာ)


တရုတ် ကုလသမဂ္ဂ သံအမတ် Li Baodong က မည်သည့် နိုင်ငံမဆို ရွေးကောက် ပွဲသည် ဆိုင်ရာ အချုပ်အချာ အာဏာပိုင် နိုင်ငံ၏ အရေး ကိစ္စသာ ဖြစ်ကြောင်း၊ ထိုအချက်ကို လေးစားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အရေးတွင်လည်း ဤထုံးစံ အတိုင်းပင် ဖြစ်ကြောင်း ပြောသည်။

“လာမယ့် ရွေးကောက်ပွဲ အတွက် ကောင်းမွန်တဲ့ အခြေအနေ ဖန်တီးပေးဖို့၊ အပြုသဘောဆောင် အားပေးဖို့၊ မြန်မာပြည်ကို ကူညီဖို့ အရေးဟာ နိုင်ငံတကာ အဖွဲ့အစည်း အတွက်ရော လုံခြုံရေး ကောင်စီနဲ့ ကုလသမဂ္ဂ အတွက်ရော အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု တရုတ် သံအမတ်ကြီးက ဆိုသည်။

မြန်မာသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတခုထဲတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရေးသည် မလွယ်ကူကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အတွက် ရွေးကောက်ပွဲသည် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း Li Baodong က ဆက်ပြောသည်။

သို့သော် ဗြိတိသျှ ကုလသံအမတ် မာ့ခ် လိုင်ရယ် ဂရန့် ကမူ တရုတ်သံအမတ်အမြင်ကို သဘောမတူနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိမရှိ လုံခြုံရေးကောင်စီတွင် ဆွေးနွေးကြောင်း ဗြိတိသျှ သံအမတ်ကြီးက သတင်းထောက်များကို ပြောသည်။

ရွေးကောက်ပွဲ ဥပဒေများသည် လွတ်လပ်ပြီး တရားမျှတမည် မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရေးနှင့် NLD မှတ်ပုံတင်ရေးကို ခက်ခဲအောင် တမင်ပြုလုပ်ထားသည်နှင့် တူကြောင်းဗြိတိသျှ သံအမတ်ကြီးက ဝေဖန်သည်။

လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး အစည်းအဝေးခေါ်ယူမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံချက်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ပယ်ချခြင်း အပါအဝင် မကြာသေးမီက မြန်မာ့အရေး အခြေအနေများအပေါ် ဗီဂျေ နမ်ဘီယာ၏ အစီရင်ခံမှုများမှာ အကျိုးရှိကြောင်း ဂရန့်က ဆက်လက်ပြောသည်။

ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သူ ဖြစ်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

ဆူဒန်ကဲ့သို့ပင် မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး (ICC) သို့ တင်ရေး လွှဲပြောင်းမည့် မည်သည့်လှုပ်ရှားမှုကို မဆို ဗြိတိန်က ထောက်ခံမည်ဖြစ်ကြောင်း၊ သို့သော် ထိုသို့ လွှဲပြောင်းရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထောက်ခံမှုမရ ဟု ဗြိတိန် သံအမတ်က ဝန်ခံပြောကြားသွားသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် မြန်မာ့အရေးဆွေးနွေးခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် ပထမဆုံးအကြိမ် မြန်မာပြည် အခြေအနေကို သိခွင့်ရသည်မှာ အကျိုးရှိသော အခွင့်အရေးဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

Saturday, March 20, 2010

နအဖတို့ ရဲ့  လျှို့ ဝှက်မှတ်တမ်းတွေက နအဖတွေရဲ့  သွေးခွဲဖြိုခွဲ ဖဲ့ထုတ်စည်းရုံး အင်အားသုံး တိုက်ခိုက်မှုတွေကို အစီအစဉ်ကျကျ လုပ်နေတယ်ဆိုတာ ပြသနေပါတယ်။
နအဖဟာ ၄င်းတို့ အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ဖို့ အတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့တယ်။ အမျိုးသားညီလာခံ အဆင်ပြေပြေကျင်းပနိုင်ဖို့ အတွက်ကို နအဖကို ဆန့် ကျင်နေကြတဲ့ အင်အားစုတွေကို အချိုသပ်နည်းနဲ့  သဘောထားပျော့ပြောင်းပြပြီး ဟန်ဆောင်တွေ့ ဆုံစကားပြောတာတွေ လုပ်ပြခဲ့တယ်။ အတုအယောင် ငြိမ်းချမ်းရေးကို ကမ်းလှမ်းပြခဲ့ပြီး ထိုက်သင့်တဲ့ အခွင့်အရေးတွေ ပေးမလိုလိုနဲ့  အပြောချိုပြခဲ့ကြတယ်။ ဒီအင်အားတွေကို အသုံးချပြီးတော့ အမျိုးသားညီလာခံကြီးကို နအဖက အင်အားတွေပြခဲ့တယ်။

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို နအဖတွေ လက်ဝါးချင်းရိုက်ပြီး အချောသတ် အတည်ပြုတော့မယ့်အချိန်ကြတော့ စောစောက ရသင့်ရထိုက်မယ့် အခွင့်အရေးတွေများ အထိုက်အလျောက် ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့  စောင့်ဆိုင်းနေသူတွေ မှန်းချက်နဲ့  နှမ်းထွက်မကိုက် ဖြစ်ခဲ့ကြတယ်။ နအဖရဲ့  ၂၀၀၈ ခုနှစ် အတုအယောင်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးသာ ပြီးသွားတယ်၊ လိုရာကြိုးဆွဲကခံခဲ့ရတဲ့ အင်အားစုတွေကတော့ သမိုင်းကြောင်းတွေပျက်စီး၊ လက်နက်အင်အား လူအင်အားတွေ လျော့ပါး၊ စုစည်းမှုတွေ ပြိုကွဲနဲ့  နောက်ဆုံး နယ်ခြားစောင့်တပ်သာ လုပ်ပါတော့လို့  ဖိအားပေးခံရတာက လွဲ ဘာမှ အမြတ် မရလိုက်ပါဖူး။

အခုလာမယ့် နအဖတို့ ရဲ့  ရွေးကောက်ပွဲမှာလည်း ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အင်အားစုတွေ တိုင်းရင်းသားပါတီတွေကို နေရာပေးမှာ မဟုတ်ပါဖူး။ နအဖဟာ သူတို့  စိတ်တိုင်းကျရွေးချယ်ထားတဲ့ အမာခံ လက်ကိုင်တုတ်တွေနဲ့ သာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်သွားမှာဖြစ်ပြီး ငြိမ်းအဖွဲ့ တွေကို အိမ်တစ်အိမ်ရဲ့  အစေခံလို ခိုင်းတာလုပ်၊ ပြောတာ နားထောင်၊ ပေးတာယူ ပြန်မပြောနဲ့ ဆိုတဲ့ အပေါ်စီးကနေ မောက်မောက်မာမာ ဆက်ဆံသွားမှာ ဖြစ်ပါတယ်။

မူလကတည်းက ငြိမ်းအဖွဲ့ တွေကို ခုတုံးလုပ် အသုံးချဖို့ အတွက်သာ ရည်ရွယ်ခဲ့တဲ့ နအဖဟာ ကောက်ကျစ်ယုတ်မာတဲ့ မြေခွေးပမာ မက်လုံးတွေပေး ခြောက်လုံးတွေထုတ်ပြီး အနုနည်း အကြမ်းနည်းနဲ့  သူတို့ စဉ်တဲ့အကွက်ထဲဝင်အောင် လုပ်ခဲ့တာမို့ ၊ ယခုအခြေအနေအချိန်အခါမှာတော့ နအဖတို့ ရဲ့  မူလဇာတိရုပ်အတိုင်း မောက်မောက်မာမာ အထက်စီးနဲ့  ပြန်လည်ဆက်ဆံနေတာကို ငြိမ်းချမ်းရေးယူထားတဲ့သူတွေ ရင်ဆိုင်နေရပါပြီ။

နအဖတို့ အလိုကျ နယ်ခြားစောင့်တပ်အနေနဲ့  နေမှာလား၊ မနေဖူးဆိုရင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးလို့  အာဏာရူးနအဖတွေရဲ့  မျက်နှာဖုံးပြောင်း အာဏာရှင်အစိုးရပေါ်လာပြီဆိုတာနဲ့  ငြိမ်းအဖွဲ့ အားလုံးကို နယ်ခြားစောင့်တပ်အနေနဲ့ သဘာတူခဲ့ မတူခဲ့ အပျောက်ရှင်းတော့မှာ မလွဲပါဖူး။

ယခုအခါမှ နအဖဟာ ငြိမ်းအဖွဲ့ တွေကို ခြေမှုန်းပြစ်ဖို့  အစီအစဉ်တကျ ပြင်ဆင်နေပါပြီ။ ငြိမ်းအဖွဲ့ တွေအနေနဲ့  နအဖတို့ ရဲ့  ခြေမှုန်းမှုကို မခံရလေအောင် လက်ဦးမှုရယူပြီး နအဖတွေကို စတင် တိုက်ပွဲဆင်မှာလားဆိုတာ ငြိမ်းအဖွဲ့ တွေရဲ့ အနာဂတ်အတွက် ဆုံးဖြတ်လုပ်ဆောင်သင့်ပါပြီ။

ယခုအောက်ဖေါ်ပြပါ နအဖရဲ့  လျှို့ ဝှက်မှတ်တမ်း (မတ်လ ၁၉၊ ၂၀၁၀ ခုနှစ် နေ့ စွဲ) ဟာဆိုရင် - နအဖဟာ ငြိမ်းချမ်းရေးယူခဲ့တဲ့ အင်အားစုတွေထဲက တစ်ဖွဲ့ ဖြစ်တဲ့ “၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်” ကို နအဖတို့ ရဲ့  နယ်ခြားစောင့်တပ်အနေနဲ့  လုပ်ဖို့ ဖိအားပေးတိုက်တွန်းခဲ့ပေမယ့် ငြင်းဆန်နေတဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့  ခြေမှုန်းဖို့ အတွက် နအဖသတင်းပေးတွေ ထောက်လှမ်းရေးတွေသုံးပြီး ၀ တပ်မတော်အကြောင်းတွေကို စုံစမ်းအစီရင်ခံထားတဲ့ လျှို့ ဝှက်အစီရင်ခံစာဘဲ ဖြစ်ပါတယ်။

(အသေးစိတ်ဖတ်ရှုနိုင်ရန်အတွက် စာပုံပေါ်တွင် mouse click နှိပ်၍ ဖတ်ကြည့်နိုင်ပါတယ်)။


ဒီ နအဖရဲ့  လျှို့ ဝှက်အစီရင်ခံစာအရ - ၀ တပ် မြောက်ပိုင်းနဲ့ တောင်ပိုင်းအခြေအနေကို လေ့လာပြီး နအဖက သူတို့ ရဲ့  သတင်းပေးအမာခံတွေကနေတစ်ဆင့် ကြားထဲကနေ သွေးခွဲလုပ်ဆောင်နေတာ တွေ့ ရပါတယ်။ နအဖရဲ့  အလိုကျ နယ်ခြားစောင့်တပ်အနေနဲ့  မလုပ်လို့  ငြိမ်းချမ်းရေးယူထားတဲ့ ၀ တပ်တွေကို ယခုလို စစ်ရေးနဲ့  ခြေမှုန်းဖို့  နအဖတို့  ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နအဖဟာ သူတို့ အာဏာကို ထိခိုက်စေနိုင်တဲ့အင်အားစုတွေကို အရင်ကလို အစအနတောင် အပေါ်ပေါက်ခံမှာ မဟုတ်တော့ဖူး။ နအဖကတော့ ဘုရားတည်ပြီးလို့  ပေါ်ပေါ်တင်တင် ငြမ်းဖျက်နေပါပြီ။ ကိုယ့်ကံကြမ္မာကို ကိုယ်ကိုတိုင် ဖန်တီးမလား၊ နအဖက ဖန်တီးတာ ခံမှာလားဆိုတာကတော့ ငြိမ်းအဖွဲ့  (သို့ ) ငြမ်းအဖွဲ့ အင်အားစုတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပြီ ဖြစ်ပါတော့တယ်။

ဒီအချိန်မှာ ပြည်သူလူထုနဲ့ အတူ လက်နက်တွေ အဆင့်သင့်ရှိနေကြတဲ့ အင်အားစုများဟာ အာဏာရူးနအဖဗိုလ်ချူပ်ကြီးများကို အင်တိုက်အားတိုက် ဆန့် ကျင်တိုက်ခိုက်မှသာလျှင် မိမိတို့ လိုလားတဲ့ သာအတူ ညီအမျှဆိုတဲ့ တရားမျှတသော အခွင့်အရေးများကို တစ်ဦးချင်းစီတိုင်း ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ပေးသလောက် ရသလောက်ကိုပဲ ဒူးကလေးထောက်ကာ ခံယူ



ပေးသလောက် ရသလောက်ကိုပဲ ဒူးကလေးထောက်ကာ ခံယူ
ကျော်သာ
မတ် ၁၉၊ ၂၀၁၀
ခေါင်းစဉ်ပေးတာ ရင့်သီးလွန်းသွားတယ်လို့ထင်ရင် ခွင့်လွှတ်ကြစေချင်ပါတယ်။ ဒီလိုခေါင်းစဉ်ပေးမှလည်း သူတို့ပြောဆိုနေတာတွေနဲ့က ကွက်တိဖြစ်မှာမို့လို့ပါ။
သူတို့ဆိုတာ “၂၀၁၀ ရွေးကောက်ပွဲ”ကို အားတက်သရော ဆင်ကာဝင်ကာနွှဲမယ်လို့ အားခဲနေတဲ့ ပြည်တွင်းက လူတစုကို ရည်ညွှန်းလိုက်တာပါ။ ပြည်ပမှာလည်း အဲသလို ဝင်ကာဆင်ကာနွှဲချင်သူတွေရှိပါတယ်။ မပြောပလောက်ဘူးထင်လို့ ပြည်ပကသူတို့ကိုတော့ ထည့်မပြောတော့ပါဘူး။ သူတို့ခမျာလည်း “၁၀ နှစ်မျှ တဆက်တည်းနေထိုင်သူ ဖြစ်ရမယ်” ဆိုတဲ့ ပုဒ်မကြောင့် စိတ်အပျက်ကြီး ပျက်ကြရ တယ်ထင်ပါတယ်။
သူတို့အသံကို မကြားရတော့ဘူး။ ဒါတွေထားလိုက်တော့။
ပြည်တွင်းက သူတို့ကိုကြည့်ရအောင်။
ဘဘဦးရွှေအုံး
သက်ကြီး ဝါကြီးမို့လေးစားပါတယ်။ ဒီအသက် ဒီအရွယ်အထိ (အိုပေမယ့် စွမ်းနေဆဲ) ဒီမိုကရေစီအရေးနဲ့စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ပေါက်ရေးလုပ်ငန်းစဉ်မှာဇွဲမာန်မလျော့ပဲပါဝင်နေဆဲမို့ ပိုပြီးလေးစားပါတယ်။
နိုင်ငံရေးမှာသက်ကြီးဝါကြီးတွေအခုလိုပါဝင်နေတာ မြန်မာပြည် ရဲ့ထူးခြားချက်တစ်ခုလို့ထင်ပါတယ်။
မီဒီယာအင်တာဗျူးတွေမှာ ဘဘဦးရွှေအုံး ပြောဆိုနေတာတွေကြားရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မကြိုက်ဘူး၊ ဒါပေမယ့် အခြေခံဥပဒေကို ဆန့်ကျင်တိုက်ဖျက်တဲ့အခြားနည်းလမ်းတွေဖြစ်တဲ့ လူထုတိုက်ပွဲနည်းလမ်း/ လက်ကိုင် တော်လှန်ရေးနည်းလမ်း တွေကို သူ့အနေနဲ့မလုပ်နိုင်ဘူး။ သူလုပ်နိုင်တဲ့နည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲ ဝင်ပြီး အခြေခံဥပဒေထဲကမကြိုက်တာတွေပြင်ဆင်နိုင်ဖို့တိုက်ပွဲဝင်မယ်လို့ဆိုပါတယ်။
“ဒီမိုကရေစီနိဗ္ပာန်” မရောက်ခင်စပ်ကြား “စစ်အာဏာရှင် စနစ်သံသရာငရဲ”မှာ “ဇွတ်ဆွဲလို့နေမယ် သေပေစေခင်ရဲ့” ဆိုပြီး တေးထပ်ပဲ ရေးစပ်ရမယ့် သဘောမျိုးပါ။
မချစ်သော်လည်း အောင့်ကာနမ်းမယ်ဆိုပါတော့။ မချစ်ပေမယ့်အောင့်ကာနမ်းရတဲ့အဖြစ်တွေမှာ မိအေး ၂ ခါနာရတာမျိုး မဖြစ်ဖို့ တော့ သတိပြုကြရမယ်။ သတိရှိကြရမယ်ထင်ပါတယ်။
တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ “ရှမ်းပြည်အတိုင်ပင်ခံကောင်စီကိစ္စ” နဲ့ နောက်တွဲဖြစ်ရပ်တွေကိုသတိရမိလို့ပါ။
ဒီကိစ္စတွေ နဲ့ဆက်စပ်ပြီး နောက်ဆက်တွဲရလဒ်ကတော့ အပစ်ရပ်(SSA)နာယကကြီးဗိုလ်ချုပ်ဆေထင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်ညွန့်လွင်တို့နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပါတယ်။ မိသားစုနဲ့ဝေးတဲ့ နယ်ထောင်တွေ ဆီပို့ထားခြင်းခံရပါတယ်။
အဲဒီကာလမှာ ဘဘဦးရွှေအုံးလည်း နေအိမ်အကျယ်ချုပ်ခေတ္တ ခံခဲ့ပါတယ်။ မျိုးဆက်သစ်ရှမ်း လူငယ် ခေါင်းဆောင် အယ်ဖြူ (ခ)ကိုမြင့်သန်း ထောင်တွင်းနှိပ်စက်မှုများကြောင့် ရခိုင်ပြည်နယ်၊ သံတွဲအကျဉ်းထောင်မှာကွယ်လွန်ခဲ့ရပါတယ်။
ဒီလိုနောက်ဆက်တွဲဖြစ်ရပ်တွေဟာ “စိုင်းမင်းလွင်” ရေးသားချက်အရဆိုရင် ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ ကိုအေးလွင်တို့ စနက်မကင်းဘူးလို့ဆိုပါ တယ်။ (စိုင်းမင်းလွင် အနေနဲ့ ဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်တိတိကျကျထပ်ရေးသင့်ပါတယ်)
၁၉၆၂ မှာ စစ်အုပ်စုက အာဏာသိမ်းတော့ ကျနော်တို့ကျောင်းသားတွေ သွေးမြေကျခဲ့ရသလို သမ္မတကြီးစဝ်ရွှေသိုက်ရဲ့ သားအငယ် ဆုံး စစ်တပ်ကပစ်ခတ်လိုက်တဲ့ကျည်ဆန်ကြောင့်ရေတိမ်နစ်ခဲ့ရတယ်။
(နအဖ) စစ်အုပ်စု အကြမ်းဖက်ဗိုလ်ကျနေတဲ့ ဒီနေ့ခေတ်မှာတော့ ရှမ်းခေါင်းဆောင်တွေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး လူငယ် ခေါင်းဆောင်တစ်ဦး အကျဉ်းထောင်အတွင်းမှာကွယ်လွန်ခဲ့ရပါပြီ။ ဒီလိုဖြစ်ရပ်ဆိုးတွေဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ရတဲ့ ရာဇဝတ်မှုတွေဖြစ်ပါတယ်။ စစ်အုပ်စုအာဏာသက်တမ်းရှည်နေသရွေ့ ဒီလိုဖြစ်ရပ်ဆိုးတွေ ကြုံနေ ကြား နေဖြစ်နေပါလိမ့်ဦးမယ်။
ဒါ့ကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀ဂ) ကို မကြိုက်ဘူး။ ဒါပေမယ့် … … … ဆိုတဲ့ စဉ်းစားချက်နဲ့ အောင့်ကာနမ်းလိုက်မယ်ဆိုတိုင်း … …. … ”
အထက်မှာတင်ပြခဲ့တဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေကို မှတ်မှတ်ထင်ထင်သတိရနေဖို့ သိပ်ကိုအရေးကြီးပါတယ်။
မတ်လ (၈) နေ့က (နအဖ) စစ်အစိုးရကထုတ်ပြန်လိုက်တဲ့ ဥပဒေ (၅) ခု /ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တို့နဲ့ပတ်သက်ပြီး (အာအက်ဖ်အေ) သတင်းဌာနသို့ပြောကြားရာမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံဘူး/ ရွေးကောက်ပွဲဝင်ဖို့လည်း မစဉ်းစားဘူး” ဆိုတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ပြောကြားတဲ့ သဘောထားနဲ့ရပ်တည်ချက်ဟာ ရဲရင့်ပြတ်သားပြီး လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။ အပြည့်အဝလည်းထောက်ခံပါတယ်။
ဒီလိုရဲရင့်ပြတ်သားတဲ့ပြောဆိုချက်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အပါအဝင် တိုင်းရင်းသားပါတီတွေက စတင် ပြောကြားတယ်ဆိုတဲ့အချက်ကိုလည်း မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။

ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနု
လူတွေနိုင်ငံရေးကိုစိတ်ပါဝင်စားတာ၊ ကိုယ်ထိလက်ရောက် ပါဝင်လာတာတွေကို ကျနော်သဘောကျပါတယ်။ ကြိုဆိုပါတယ်။ အုံနဲ့ ကျင်းနဲ့အားလုံးပါဝင်လာအောင် ဝိုင်းကြဝန်းကြ နှိုးဆော်သမှု ပြုကြရမှာပါ။ (နအဖ) စစ်အစိုးရထုတ်ပြန်လိုက်တဲ့ ဥပဒေတွေမှာပါသလို ဘယ်သူပဲပါရမယ် ဘယ်သူမပါရ … လို့ ကန့်သတ်တားမြစ်ထားလို့ မရပါဘူး။ ကန့်သတ်ထားမြစ်ထားတဲ့ ဥပဒေမှန်သမျှ တာဝန်အရဖီဆန်ဖြိုချဖျက်သိမ်း ပစ်ရမှာပါ။
ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနု တို့ နိုင်ငံရေးထဲဝင်လာကြပါပြီ၊ ပြောဆိုလာနေကြပါပြီ။
“ပြည်သူလူထုမျက်နှာပဲကြည့်ပါတယ်။ပြည်သူလူထုအတွက်လုပ်နေတာပါ” ဆိုတဲ့ စကားကို ဦးသုဝေ က မကြာခဏ ပြောကြားတယ်လို့ ၅ ကြိမ်မြောက် မြန်မာမီဒီယာညီလာခံ (BMA) ခမ်းမထဲကနေ (ဘီဘီစီ)သတင်းထောက် က သတင်းပို့တာကို ရေဒီယိုကနေကြားလိုက်ရပါ တယ်။
ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနု တို့အသံတွေ ဒီအရင်က အခုလို မကြားခဲ့ရပါဘူး။ ဘယ်သွားပြီး ဘာတွေလုပ်နေလို့လဲ။ ကုန်လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်း ပြည်သူလူထုအတွက် ဘာတွေများ လုပ်ဆောင်နေခဲ့ကြပါသလဲ။
“ ၂၀၁၀ ရွေးကောက်ပွဲ … ” ဆိုတဲ့ ဒိုးသံလည်း ကြားရော နတ်ကတော်များလို ယိမ်းထိုးလှုပ်ရှား ပွဲထွက်လာကြပါတယ်။ “ရွေးကောက်ပွဲ ကျမတို့ဝင်မပြိုင်ရင် တကောင်ထဲပြေးတဲ့ မြင်းလို ဖြစ်လိမ့်မယ်တဲ့”
ဥပဒေအားလုံးမှာ ပြဋ္ဌာန်းထားတာကိုက အားလုံးကို အဘက်ဘက်က ကန့်သတ်တားမြစ်ထားပြီး တစ်ကောင်ထဲပြေးဖို့ပြိုင်ဖို့လုပ်ထားတာပဲ မဟုတ်ပါလား။
ဒေါ်သန်းသန်းနုကတော့ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်းထဲမှာ “မြသန်းသန်းနု” ဆိုတဲ့ ကလောင်နဲ့ လေပြေထိုးနေကတည်း က “၂၀၁၀ ရွေးကောက်ပွဲတော်ကြီး” အတွက် ဆိုင်းဆင့်နေမှန်း အားလုံးသိကြပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲ”ကို ဝင်ကြမယ်လို့ဆိုကြတဲ့သူချင်းအတူတူမှာ သူတို့နဲ့ ဘဘဦးရွှေအုံး မတူပါဘူး။ ခြားနားပါတယ်။
သူတို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ အခြားနည်းလမ်း ၂ ခုဖြစ်တဲ့လူထုတိုက်ပွဲနည်းလမ်း/ လက်နက် ကိုင်တော်လှန်ရေးနည်းလမ်း ဆိုတာတွေကို လက်ခံဖို့ဝေးစွ၊ ထုတ်ဖော်လို့ပင်မပြောဆိုရဲပါဘူး။ ဒါကလည်း သူတို့ ဒီမိုကရေစီအခွင့်အရေးအရ သူတို့မယုံကြည်လို့ မလုပ်တာပါလို့ယူဆရင်လည်း ရသလို၊ အဲဒီနည်းလမ်းမျိုးတွေကို သူတို့ မပြောရဲ/ မလုပ်ဝံ့ ၊ မလုပ်ရဲဘူးလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
ဘဘဦးရွှေအုံးနဲ့ကွာတာ အဲဒီအချက်မှာပါပဲ။
ဘဘဦးရွှေအုံးက သူမလုပ်နိုင်ပေမယ့် အခြားနည်းလမ်း (၂) ခုနဲ့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တိုက်ပွဲဝင်နိုင်တယ် (ပြင်ဆင်နိုင်တယ်) ဆိုတာကို အသိအမှတ်ပြုထားပါတယ်။ သူတို့ကအဲဒီလိုအသိအမှတ်မပြုဝံ့သူတွေ ဖြစ်ပါတယ်။
နောက်ထပ်သူတို့နဲ့မတူတဲ့ တပင်တိုင်မင်သားကြီးတပါး ရှိသေးတယ်။
လွန်ခဲ့တဲ့နှစ်ကာလများလောက်ဆီက မီဒီယာတွေမှာ ပြောနေဆိုနေတဲ့ အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင် ဖြစ်ပါတယ်။ အခုတလော ဦးဝင်းနိုင်အသံ မကြားရတာပါပဲ။
ဦးဝင်းနိုင်ဟာ ဦးဝင်းတင်နဲ့ “ဝင်း”ချင်းတူပေမယ့်။ ရပ်တည်ချက်ခြင်းကသိပ်ကိုခြားနားပါတယ်။
တခြားမကြည့်ပါနဲ့ ထောင်နဲ့ပတ်သက်တဲ့သဘောထားပဲနှိုင်းယှဉ်ကြည့်လိုက်ပါ။ ဦးဝင်းတင် က ရက်ပေါင်း (၇၀၀၀) ထောင်ကျော် ထောင်ထဲနေခဲ့သူပါ။ ထောင်မကြောက်ဖူးလို့ ဘာမထီ ကြွေးကြော်ဝံ့သူဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေးသမားကြီးက ထောင်လေး တလလောက်ကျတာကို တော်ပါ တန်ပါ ဆိုပြီး နိုင်ငံရေးက နားမယ်လို့ ပြောဆို အသည်းငယ်ရှာသူပါ။
ဒါပေမယ့်နိုင်ငံရေးဆိုင်းသံ ဗုံသံကြားတော့လည်း “သူလည်းလေလောကီသားပေမို့” ဆိုတဲ့ထုံး နှလုံးမူရပေမပေါ့။ အခုတလောတော့ အမျိုးသားရေးဦးဝင်းနိုင် အသံမကြားရပါ။
နောက်ထပ်အသံမကြားရသေးတဲ့ အုပ်တစ်အုပ်ရှိပါသေးတယ်။ သူတို့က မီဒီယာတွေမှာ အသံထုတ်မပြောဘူး၊ သူတို့ကဘုတ်အုပ်တွေ ဂျာနယ်တွေထဲမှာပဲရေးတယ်။
ဒိုင်မင်းရှင်းတို့၊ ပါရာဒိုင်းတို့၊ ဘာလင်တံတိုင်းတို့ ၊ ပါဝါအပျော့တို့၊ စပွန်ဆာတို့၊ စပေ့တို့ တစ်ခါက ကျနော်ယဉ်ပါးခဲ့ဖူးသော … စတဲ့ စတဲ့ စကားလုံးများနဲ့ မျက်လှည့်ပြတတ်ကြတဲ့ ဆရာကြီး ဆရာလတ်တွေ “အုပ်” ပဲဖြစ်ပါတယ်။
သူတို့အနေနဲ့လည်း မတ်လ(၈) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဥပဒေ(၅) ရပ်ရဲ့ ဝိရောဓိတွေ၊ သမူဟတွေ၊ ဝိဝါဒတွေ၊ ပတိရူပတွေ နဲ့ စပေ့အသီးသီးရဲ့ မြေညီကွင်းအနေအထားတွေ အကြောင်းကို ဦးနှောက်မုန်တိုင်းဆင်တာလုပ်ပြီး လားရာနဲ့တူရူချက်တွေကို ပြည်သူများ (ခေတ်လူငယ်များ) သိအောင်ရေးကြသားကြစေချင်ပါတယ်။ သူတို့ရေးတာသားတာ မတွေ့ရ မဖတ်ရသေးပါဘူး။
(WAVES_1/10/Feb_2010) ထဲမှာတော့ ရောက်တတ်ရာရာ “အီလစ်ကိုရင်တာကြီး” ရေးထားတာတော့ ဖတ်ရသား။
ဒါပေမယ့် သူတို့တတွေအသံလည်း အခုတလောတိုးတိတ်လွန်းလှတယ်။
အရိုးပဲများများ၊ ချေးပဲခါးခါး ၊ ပေးသလောက် ရသလောက်ပဲယူလိုက်ကြတော့မလား။

ရင်းမြစ်။ ။မိုးမခ

Friday, March 19, 2010

ကိုမြအေးရဲ့အဆုံးသတ်ချင်တဲ့ကဗျာ

ကိုမြအေးရဲ့အဆုံးသတ်ချင်တဲ့ကဗျာ




Wednesday, March 17, 2010

Will NLD and Oppositions create a change

Burma 2010 election: Will NLD and Oppositions create a change

Another round of outrage has taken place after Electoral Commission Law was released on 9th March 2010. Similar situation has been transpired in Burma after students were slaughtered in 1988, after Daw Aung San Suu kyi and motorcade was ambushed in 2003, after the monks were killed in 2007 and after people were neglected in cyclone Nargis. The tempers that embrace the people in all those occasions are exactly the same.

People and international governments reveal their concern and criticism after finding out the contents of unworkable commission law by half-witted dictators. The word “unjust” and” intolerable” are being expressed among oppositions. It is actually bizarre and negligent electoral commission law that will absolutely pave the way toward permanent military rule state. On the other hand, it is predictable outcome that dictators will make this step if someone observes the way and attitude of a group of military dictator adheres in order to get away from the crimes that they have committed.

According to the nature of dictators, they won’t easily relinquish power. Dictators in Burma have already prepared everything to make sure that no opposition is capable to deprive power from them. Look at the tactics that dictators in Burma bring into play after 1988 crackdowns. Dictators use people to crackdown people. Dictators set up a couple of destructive organizations to thwart opposition’s movements. For example, the two horrifying pro-dictator organizations, the union solidarity development association (USDA) and its sister group, Swan Ah Shin (Master of Force) are always ready to be deployed any time, any where to perform whatever dictators wish.

As the dictators have been pursuing their specific goals of transforming Burma into permanent military rule country, they keep maintain following capabilities to make it happen everything that should be done for their own sake.

- Though they know that no one should not be above the law, dictators manipulate judiciary system under their control.
- Almost all of opposition leaders who have full support from the people are to be locked up and if any talented individual turn up, anyone will be taken away from the public.
- As public demonstration is the main strategy of opposition side, dictators have given instructions to clear out any procession that may threaten to their continued existence.
- Dictators ignore international pressure.

Therefore, alterations of current political circumstances depend upon what opposition can make significant move. Right now, ultimatum of the whole opposition is to derecognize 2010 elections and to ask for a dialogue toward national reconciliation. Having general goal of achieving freedom and democracy in Burma in all the opposition organizations will be the same as we have been doing last 21 years. Moreover the pressures by international community including the United Nations do not create significant change from current misleading situations in Burma.

The only thing which will make dictators unleash their grip on power is a unified and systematic move of the whole oppositions inside and outside the country. For example, implementing a call from Member of Parliament Union (MPU) to initiate people’s government by elected representatives in 1990 will be relatively powerful step if it is more than verbal proclamation. Then all the oppositions have to work for it as it is first priority until it comes into practice.
There was similar scenario like it is now after monks led demonstrations were cracked down in 2007. It was National Unity Government (NUG) exposed by exile oppositions. It gave the impression to all as it said to be inclusive of elected representatives in 1990, leaders from ethnic groups and proficient individuals from exile organizations. But the name NUG faded away even before it reached to early stage of foundation.

Here are obvious occurrences within political stalemate in Burma.
Dictators =>>Dictators have the next step after previous steps. (Setting up interim government is possible their next step before 2010 election)
Opposition =>>The next serious step is about to be decided (MPU call for people’s government. NLD inside is going to declare its next plan on 29th March 2010.

Therefore, whether sensible circumstance will emerge between dictators and oppositions depend on the next move of oppositions.

Saturday, March 13, 2010

Friday, March 12, 2010

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းဆီးနေ

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းဆီးနေ
Thursday, 11 March 2010 19:20 ရိုးမ ၃

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က ကားများဖြင့် လှည့်လည်ပြီး လမ်းသွားလမ်းလာ သာမန်ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနေသည်။

ဖမ်းဆီးမှုဖြစ်ပွားနေသည့် မြိုနယ်များမှာ ဒဂုံ၊ ဒလ၊ ဒေါပုံနှင့် သာကေတမြို့နယ်များဖြစ်ပြီ အဆိုပါမြို့နယ်များ၌ ည (၁၀) နာရီဝန်းကျင်တွင် လျှပ်စစ်မီး ဖြတ်တောက်ပြီး ခရီးသွားလာနေကြသည့် ပြည်သူများကို စစ်တပ်က ကားဖြင့် တင်ဆောင်ဖမ်းဆီးနေခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးနေခြင်းနှင့်ပတ်သက်၍ သာကေတမြို့ခံ မျက်မြင်သက်သေတဦးက “စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းနေတာ လေးရက်ငါးရက်လောက် ရှိနေပြီ။ ကျနော်တို့ရပ်ကွက်ထဲက ဆရာဝန်တယောက်တောင် လူနာသွားကြည့်ရင်း ညပိုင်းမှာ အဖမ်းခံရလို့ တသိန်းနဲ့ လိုက်ရွေးရတယ်ဗျာ။ ဒေါပုံဘက်မှာလည်း ညဆို ဆွဲတယ်။ လက်ဘက်ရည်ဆိုင်တွေမှာပါ ထိုင်လို့ မရဲတော့ဘူး။ အဲဒီမှာလည်း ဝင်ဆွဲတယ်” ဟု ပြောသည်။

ထို့အပြင် ဒဂုံနှင့် ဒလမြို့နယ်များရှိ ကူးတို့ဆိပ်နဲ့ သမ္ဗာန်ဆိပ်များတွင်လည်း ညပိုင်းတွင် စစ်တပ်က စစ်ကားများပေါ်သို့ ဆွဲတင်ပြီး ဖမ်းဆီးခေါ်ဆောင်မှုများရှိကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ ညပိုင်းများတွင် စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးနေမှုများကြောင့် ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်များမှ ဆယ်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများမှာ ညဘက်တွင် လက်ဖက်ရည်ပင် ထွက်မဝယ်ရဲ၊ ထွက်မသောက်ရဲ ဖြစ်နေကြကာ ခရီးသွားလာ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများသည်လည်း ညပိုင်း အပြင်မထွက်ရဲကြဘဲ ဖြစ်နေကြသည်ဟု မြို့ခံများက ပြောဆိုသည်။

“ဖမ်းခံရလို့ မိသားစုဝင်တွေ သိသွားပြီးတော့ ချက်ခြင်းလိုက်ရွေးမယ်ဆိုရင် အနည်းဆုံး ငွေသုံးသောင်းလောက် ပေးရမယ်။ သိနောက်ကျသွားလို့ကတော့ ရွေးဖို့တောင် ခက်သွားတယ်။ ဖမ်းထားတဲ့ လူတွေကိုတော့ ရန်ကုန် ကျိုက္ကဆံကွင်းမှာ ထားတယ်” ဟု ဒေါပုံမြို့ခံတဦးက ပြောသည်။

အဆိုပါဖမ်းဆီးမှုများသည် စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဥပဒေ ကြေညာသည့်ရက်နှင့် တိုက်ဆိုင်နေသဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ မဖြစ်ပေါ်အောင် အာဏာပိုင်များဘက်မှ ကြိုတင်ဖမ်းဆီး ရှင်းလင်းနေခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုနေသည်။

သတင်းထောက်များ မေးသမျှ မငြီးမငြူဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်။

နယူးဒေလီ ။ ။ ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အစိုးရက အငြှိုးတကြီးဖြင့် ၁၉ နှစ်ကျော် ထောင်သွင်းအကျဉ်းချခံထားရသူ၊ တကိုယ်ရည် တကာယ သို့သော် စစ်ဖိနပ်အောက်မှ တိုင်းပြည်ကို လွတ်မြောက်စေလိုသော ဝန်ထုပ်ကို သယ်ပိုးထားရသော စစ်ဗိုလ်ချုပ်များဘက်က သဘောထားတင်းမာသူဟု အမြင်ခံရသူ၊ သို့သော် သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ အာဏာပိုင်များဘက်ကပင် အသိအမှတ်ပြုရသော ဦးဝင်းတင်သည် ယနေ့တွင် အသက် ၈ဝ နှစ် ပြည့်မြောက်ပြီဖြစ်သည်။

သူ့မွေးနေ့သမယတွင် သူလိုလားသော ရွှေဂုံတိုင်ရပ်တည်ချက်ကို စစ်အစိုးရက မထီမဲ့မြင်ဖြင့် ရွေးကောက်ပွဲဥပဒေ ထုတ်ကာ ပစ်ပယ်ခံရချိန်၊ မူနှင့် လက်တွေ့နိုင်ငံရေး အားပြိုင်လာနေချိန် ဖြစ်သည်။

သတင်းထောက်များ မေးသမျှ မငြီးမငြူဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်။


မေး။ ။ ၈ဝ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို ဘယ်လို နှုတ်ခွန်းဆက်လိုပါသလဲ။

''ကျနော်တို့ဟာ အလွန်ကို အမွန်းကျပ်ဆုံး အချိန်ပဲ။ စစ်အစိုးရဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေ အများကြီး လုပ်လာတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အများပြည်သူတွေ ဘာမှ လုပ်နိုင်လောက်မယ့် အနေအထား မရှိဘူး။ ဒီထဲမှာ ထပ်ပြီးတော့ ရွေးကောက်ပွဲတို့၊ ဘာတို့ ပေါ်လာတဲ့အခါကျ နိုင်ငံရေးအရ အနာဂတ်မှာ မလုပ်နိုင်အောင် အစီအမံတွေ ပိုပြီး ချထားတယ်''

''အမွန်းကျပ်ဆုံး၊ အတင်းကျပ်ဆုံး အချိန်ပဲ။ တုံ့ပြန်စရာလမ်းက တလမ်းပဲ ရှိတယ်။ စစ်အစိုးရနဲ့ ရင်ဆိုင်ထိပ်တိုက်တွေ့ပြီး ဆန့်ကျင်သွားဖို့ လမ်းပဲ။ အဲဒီလိုလုပ်ဖို့ လက်နက် ၃ သုံးမျိုး ရှိတယ်။ ၁ အနေနဲ့ မကြောက်တရား လက်နက်။ မကြောက်တရား လက်နက်ဆိုတာ ပြည်သူလူထုမှာ မျိုးစုံအကျပ်အတည်းတွေ ကြုံတွေ့နေတဲ့အခါ လူတွေက နည်းနည်းကြောက်လန့်လာတယ်။ ခြောက်လှန့်တယ်ဆိုရင် ကြောက်လန့်မှာပဲ။ ဒါ နားလည်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက ကိုယ့်ထမင်းကို ကိုယ်ရှာစားနေတဲ့သူတွေ၊ နိုင်ငံရေး လုပ်နေကြတဲ့သူတွေ မဟုတ်ဘူး''

''ဒီအချိန် အကြောက်တရားကို စွန့်ကြပါ၊ မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ၊ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ၊ အကြောက်တရား ရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင်ကြပါလို့ တိုက်တွန်းချင်တယ်။ မကြောက်တရား လက်နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲ ရှိပါတယ်''

''နောက်တခုက သွေးစည်းညီညွတ်ရေးကိစ္စပေါ့ဗျာ။ သွေးစည်းညီညွတ်ရေး လက်နက်ဆိုတာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူလူထု ဘက်တော်သားတွေ အားလုံးဟာ စစ်အစိုးရရဲ့ သွေးခွဲမှုတွေ၊ တိုင်းပြည်ရဲ့ အကြောင်းအမျိုးမျိုးသော အကြောင်းတွေကြောင့် ကျနော်တို့ဟာ သွေးစည်းညီညွတ်ရေး လျော့လာတယ်၊ အားပျက်လာတယ်၊ တယောက်နဲ့တယောက် နည်းနည်း စိမ်းလာတယ်၊ မယုံရဘူး။ ထောက်လှမ်းရးက သွေးခွဲတာတမျိုး၊ ခြိမ်းခြောက်တာကတမျိုး အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် သွေးစည်းညီညွတ်ရေး တဖြည်းဖြည်း ပြိုကွဲလာတယ်။ အဲဒီအချိန်မှာ ဒီစစ်အစိုးရကို ရင်ဆိုင်ဖို့၊ သွေးစည်းညီညွတ်ရေးအားကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်တယ်''

မေး။ ။ လက်ရှိအနေအထားအရ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး ပါတီရပ်တည်ဖို့ လုပ်သင့်ပါသလား၊ မဝင်ဘဲနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ကိုင်ဆွဲပြီး ဆက်လုပ်ဖို့ လိုပါသလား။

''ကျနော်ရဲ့ ရပ်တည်ချက်က ရွှေဂုံတိုင်မှာ ချမှတ်ထားတဲ့အတိုင်း ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုရမယ်။ အသိအမှတ် ပြုမှသာ သမိုင်းမှာ မှန်ကန်တဲ့ အနေအထား ရမယ်။ နောင်အခါ တိုင်းပြည်မှာလည်း လူတွေက အစိုးရအပေါ် အယုံအကြည်ရှိမယ်။ ဒါကြောင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲရမယ်။ နောက်တခုက ၂ဝဝ၈ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ပြောင်းလဲရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ မှန်ကန်တယ်။ ဒါတွေ ရမှသာလျှင် ဗမာပြည် အနာဂတ်နိုင်ငံရေး ကောင်းမယ်။ အဲလိုမဟုတ်ဘဲ စစ်အစိုးရ ကမ်းလှမ်းနေတဲ့ နွားဖားကြိုးတပ်တဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်ဖို့အတွက် ရွေးကောက်ပွဲတွေ ဝင်မယ်၊ စစ်အစိုးရ ခိုင်းတဲ့အတိုင်း လုပ်နေမယ်ဆိုရင် သူတို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး''

''ပါလီမန်ထဲမှာလည်း ဘာအသံမှ ထွက်လာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တိုက်ပွဲဝင်သွားဖို့ပဲ။ တိုက်ပွဲဝင်သွားတဲ့အခါမှာ ဒီစစ်အစိုးရရဲ့ ပါတီများ ဖွဲ့စည်းရေးဥပဒေနဲ့ မကိုက်ညီတဲ့အတွက်၊ ကျနော်တို့က ပါတီမရှိလည်း ကိစ္စမရှိဘူးလို့ ယူဆတယ်။ နိုင်ငံရေးပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေးမရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ဆိုရင် ဂျပန်ခေတ်တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်''

''ဦးနုလည်း မဆလ တခေတ်လုံးမှာ သူ့ပါတီရယ်လို့ မရှိဘဲနဲ့ ကျော်ဖြတ်ခဲ့တယ်။ ၈ လေးလုံးကာလကို ရောက်တဲ့အခါ ပါတီတွေဘာတွေ ပြန်ထူထောင်နိုင်တယ်။ ယှဉ်ပြိုင်အစိုးရ တဖွဲ့ကိုတောင် ဖွဲ့သွားနိုင်သေးတယ်။ တိုင်းရင်းသားအင်အားစုတွေကို ကြည့်မယ်ဆိုရင်လည်း သူတို့အထဲမှာ ပါတီရယ်လို့ မရှိဘူး။ တရားဝင်ဖွဲ့ပြီး ရပ်တည်လို့ မရဘူး။ ဒါပေမဲ့ သူတို့မှာ နိုင်ငံရေး ရှိတယ်။ အမျိုးသား နိုင်ငံရေး၊ တန်းတူညီမျှတဲ့ နိုင်ငံရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ နိုင်ငံရေးတွေ ရှိတဲ့အခါ ဒီနေ့အထိ လှုပ်ရှားနေလို့ ရတယ်။ ကျနော်တို့ ကြောက်လန့်ပြီး စစ်အစိုးရ ခိုင်းတဲ့အတိုင်း၊ စစ်အစိုးရက သံခြေကျင်းခတ်ထားတဲ့ နိုင်ငံရေးပါတီတခုအနေနဲ့ စစ်အစိုးရရဲ့ လမ်းကြောင်းထဲကို လိုက်သွားစရာ မလိုဘူးလို့ ထင်တယ်''

မေး။ ။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ရပ်ကို ဘယ်လိုမျိုး နှိုင်းယှဉ်သုံးသပ်လိုပါသလဲ။

''၉ဝ ရွေးကောက်ပွဲ နောက်ကွယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအရေးတော်ပုံကြီး ရှိခဲ့တယ်။ စစ်အစိုးရအနေနဲ့ ဘာအင်အားမှ မရှိဘူး။ လူထုရဲ့ တောင်းဆိုချက်ကလည်း အများကြီး များတဲ့အခါကျ ၉ဝ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်ဖြစ်အောင် ကျင်းပပေးနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်ပြန်ကြိုး တုတ်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေကျင်းခတ်ခြင်း ဘာမှမလုပ်ဘဲနဲ့ ပါတီကို လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီအတွက် အနိုင်ရခဲ့တယ်။ ဒါက ၁၉၉ဝ ခုနှစ်တုန်းက အခြေအနေတွေပါ''

''၂ဝ၁ဝ ရောက်တဲ့အခါ စစ်အစိုးရက တိုင်းပြည်ကို စစ်ဖိနပ်နင်းအုပ်ချုပ်ခဲ့တယ်။ တိုင်းသူပြည်သားတွေကလည်း နည်းနည်း အကြောက်တရားတွေ ဝင်နေပြီ၊ နောက် စီးပွားရေးက ကျပ်တည်းတဲ့အခါ လူတိုင်းက နိုင်ငံရေးကို သိပ်ပြီး စိတ်မဝင်စားနိုင်တော့ဘဲနဲ့ စိတ်ဝင်စားမှုတွေ အတန်ငယ် လျော့ပြီးတော့ စားရေးသောက်ရေးအတွက် အာရုံစိုက်နေရတယ်။ ဆိုတော့ စစ်အစိုးရက အခုအချိန်မှာ အထက်စီးက နေလို့ရတယ်။ နောက် တိုင်းပြည်ရဲ့ သယံဇာတတွေရောင်း ဘာရောင်းနဲ့ နိုင်ငံခြားငွေတွေက သူတို့လက်ထဲမှာ ရှိနေတဲ့အတွက် ရှေ့လျှောက်ပြီး စစ်အာဏာ ထူထောင်ဖို့လည်း ရှိနေပြီ။ ၂ဝဝ၈ အခြေခံဥပဒေလည်း ရှိနေပြီ။ ဒီဥပဒေကိုလည်း နာဂစ်လို ကာလမျိုးမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန် ဇွတ်အတင်းပြဋ္ဌာန်းခဲ့တယ်''

''ဒီလို အခြေအနေတွေရှိတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အနေအထားက အမျိုးမျိုး အနိုင်ကျင့်တဲ့ဟာတွေနဲ့ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ပါလာတယ်။ လာမယ့် ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် အခြေခံဥပဒေ ဆိုတာကလည်း ၁၉၉ဝ တုန်းက အခြေခံဥပဒေမျိုး မရှိဘူး။ ကျနော်တို့ ဘာမှမလုပ်နိုင်ဘူး။ သူက ရွေးကောက်ပွဲ လုပ်ပေးရုံ သက်သက်ပဲ။ အခုကျ သူတို့မှာ သတ်မှတ်ချက်တွေရှိပြီ၊ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်တဲ့အခါကျ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာမှဖြစ်လာနိုင်စရာ မရှိဘူး။ ၂ဝဝ၈ ခုနှစ်တုန်းက ချမှတ်ထားတဲ့ စစ်အာဏာယန္တယားကြီး အခိုင်အမာတည်ဆောက်ဖို့၊ စစ်အစိုးရသက်ဆိုးရှည်ဖို့ပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိဘူး''

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမယူသင့်ဘူး၊ နိုင်ငံ့ဂုဏ်ဆောင်ပဲ ဖြစ်သင့်တယ်ဆိုတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။
''ဘယ်ဟုတ်မလဲဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလည်း ယူရမှာပေါ့ဗျာ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဦးဆောင်မယ့်သူက အာဏာ ရှိရမယ်။ တိုင်းပြည်ရဲ့ ယန္တယားတွေကို ကွပ်ကဲကြီးကြပ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ်ဂျောင်ထိုးလို့ ဘယ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက ဆိုနီယာဂန္ဒီ လုပ်သလို လုပ်လို့ မရဘူး။ ဆိုနီယာဂန္ဒီက နိုင်ငံခြားသား။ ရှင်းရှင်းပြောရရင် တိုင်းပြည်ကို ခေါင်းဆောင်လုပ်ရမှာ မလွယ်ဘူး။ နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် သူဟာ နိုင်ငံရေးမှာ ပါတီကို နောက်ကွယ်ကနေ ကိုင်ပြီး လုပ်နေတယ်။ သြဇာအာဏာရှိတာ မှန်တယ်။ တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်ကိုင်နေတာ မှန်တယ်။ သို့သော် သူက နောက်ကွယ်ကနေ လုပ်ရမယ့် အနေအထားကြီးဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဗမာဗျာ၊ ဒီတိုင်းပြည်ရဲ့ အာနည်ပုဂ္ဂိုလ်ကြီး သမီးဗျာ၊ နိုင်ငံရေး သြဇာတွေ ရှိတယ်၊ နိုင်ငံရေး ပုံရိပ်တွေ ရှိတယ်၊ နိုင်ငံရေး သိက္ခာတွေ ရှိတယ်။ အဲဒီ သိက္ခာတွေကို တိုင်းပြည်ပြောင်းလဲဖို့၊ အသစ်တည်ဆောက်ဖို့ နေရာတွေမှာ အပြည့်အဝ သုံးရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သေတ္တာထဲ ခေါက်ထည့်ပြီး၊ Showcase ထဲ ထည့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ဘက်မှာ ရှိပါတယ်ဗျာ ဆိုပြီးတော့ ပြစားဖို့ ရည်ရွယ်ချက်မရှိဘူး''

''ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အဝ လုပ်လည်း အခြေခံဥပဒေအရ နိုင်ငံရေး အာဏာဆိုတာ အပြည့်အဝ ရစရာမရှိဘူး။ NLD ကို တတိုင်းပြည်လုံးက ၇၅ % အပြည့်ပေးလိုက်လည်း အစိုးရဖွဲ့လို့ မရဘူး။ ဒီအခြေခံ ဥပဒေအရ ဘယ်ပါတီမှ အစိုးရဖွဲ့လို့ မရဘူးဗျာ။ စစ်တပ်က သြဇာရှိတဲ့ စစ်တပ်က လူတွေနဲ့ပဲ အစိုးရဖွဲ့မှာပဲ။ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဘာမှလုပ်လို့ မရဘူး။ သို့သော် ကျနော့်သဘောကို ပြောမယ်ဆိုရင် လွတ်လွတ်လပ်လပ်ရှိတဲ့ ဖွဲ့စည်းပုံနဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်ပြည့် လုပ်ရမှာပဲ။ အာဏာလည်း ယူသင့်ရင် ယူရမှာပဲ။ သူ့ကို ပြစားဖို့လည်း မဟုတ်ဘူး။ ဆိုနီယာဂန္ဒီလိုလည်း ဂျောင်ထဲ ထိုးထားလို့ မရဘူး''

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် မြန်မာနိုင်ငံရဲ့ လူနေမှု အခြေအနေအပေါ် ဘယ်လိုသုံးသပ်လိုပါသလဲ။

''ကောင်းလာမလား၊ ဆိုးလာမလား ဆိုတာကတော့ ကျနော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြောဖို့က မလွယ်ဘူးလေ။ သေချာတာတခုက အခုအခြေအနေအတိုင်း ဖြစ်မှာတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ဗိုလ်တွေပဲ စားသောက်နေတယ်။ တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်နေတဲ့ စစ်ဗိုလ်တွေပဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေရော၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေရော အကုန်လုံး ရောင်းစားပြီးတော့ လုပ်ချင်ရာလုပ်နေတဲ့ လူတစုပဲ သက်ဆိုးရှည်နေမယ်၊ အာဏာရနေမယ်ဆိုတော့ ကောင်းတာတွေ၊ ဆိုးတာတွေတော့ နောက်တဆင့်ထား။ အနိမ့်ဆုံးကတော့ ဒီပုံသဏ္ဍာန်ပဲ ဖြစ်မယ်။ ဒီပုတ်ထဲက ဒီပဲ ဖြစ်လာမယ်လို့တော့ ပြောနိုင်တယ်''
မဇ္ဈိမသတင်းဌာန

Thursday, March 11, 2010

ဘဘကြီး ဦးဝင်းတင်၏အသက် (၈၀)နှစ်မြောက်မွေးနေ့မှသည် သက်တော်ရာကျော်ရှည်စေသော်
ဦးဝင်းတင်
၁၉၃ဝ ခုနှစ်၊ မတ်လ ၁၂ ရက်

၁။ အမည် - ဦးဝင်းတင်၊
၂။ အဖအမည် - ဦးပု၊
၃။ အမိအမည် - ဒေါ်အမာ၊
၎။ မွေးသက္ကရာဇ် - ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်၊
၅။ ဇာတိ - ပဲခူးတိုင်း ကြို့ပင်ကောက် မြို့တွင် မွေးဖွားသည်၊
၆။ ပညာအရည်အချင်း - ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်၊
၇။ ကလောင် အမည်ခွဲများ - မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦး၊

ဦးဝင်းတင်သည် သား သမီး ၃ ဦး အနက် အကြီးဆုံး ဖြစ်သည်။ ဦးဝင်းတင်ဟာ အိမ်ထောင် မပြူဖူးပါ၊ လူပျိုကြီး အဖြစ် နေထိုင် နေသူ တဦး ဖြစ်သည်။
ပညာရေး
တက္ကသိုလ်မှာ အင်္ဂလိပ် စာပေ၊ ခေတ်သစ် သမိုင်းနဲ့ နိုင်ငံရေး သိပ္ပံ ဘာသာတွဲကို ယူခဲ့ပြီး၊ ၁၉၅၃ မှာ ဘွဲ့ရခဲ့သည်။ ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း တွေမှာ ဝင်းတင် အမည်နဲ့ ကဗျာနဲ့ ဝတ္ထုတို တွေကို စတင် ရေးသားရင်း ကလောင် သွေးခဲ့သည်။
ရန်ကုန် တက္ကသိုလ်မှာ အရင်းနှီးဆုံး ကလောင် သွေးဖက်သည် မင်းယုဝေ ခေါ် ဦးဝင်းမောင် ဖြစ်သည်။ တက္ကသိုလ်မှာ ဦးထွန်းတင် (ရှေ့နေ)၊ စာရေး ဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင် စတဲ့ သူတွေနဲ့လည်း ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။
သတင်းစာသမား

အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ည အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ စာပေ ဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၃ မှာ ဒဂုန်တာရာ ဦးစီး ထုတ်တဲ့ ဂန္ထဝင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်ရန် ရည်ရွယ် ထားသော်လည်း ဂျာနယ် ရပ်သွား သဖြင် စာပေ ဗိမာန်တွင် မြဲနေခဲ့ခြင်း ဖြစ်သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်း ပညာ ဆည်းပူးရင်း တဘက်မှလည်း မြန်မာ ဘာသာပြန် စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။


တဖက်တွင် စာသင် နေရင်း မြန်မာ နိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် 'ဒို့ပြည် သတင်း' သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာ တဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာ နိုင်ငံ ပြန်လာသည့် အချိန် အထိ လုပ်ဆောင် ခဲ့သည်။

ဥရောပမှာ ရှိစဉ် မင်းယုဝေ၊ ငွေတာရီ ဇနီး မောင်နှံ နှင့်အတူ ပန်းချီ ပြန်တိုက်တွေကို လှည့်လည် လေ့လာ ခဲ့သည်။ ထိုကြောင့် နောက်အခါ ပန်းချီ ဝေဖန်စာ များကို ရေးရာမှာ သူ့ အတွေ့အကြုံများကို တည့်သွင်း ရေးသား နိုင်ခြင်း ဖြစ်သည်။

၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာ စတင် ထူထောင် သူများတွင် ပါဝင် ခဲ့ပြီး ကြေးမုံ သတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင် ခဲ့ပြီး ကြေးမုံ သတင်းစာ ချိတ်ပိတ် ခံရသည့် အချိန်တွင် ပြည်သူ့ အိုးဝေသို့ ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ထိုမှ ကြေးမုံသို့ ပြန်ရောက် ခဲ့သည်။ ၁၉၅၉ မှ ၁၉၆၄ ခုထိ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ကြေးမုံ သတင်းစာ ပြည်သူပိုင် အသိမ်း ခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် အဲဒီ အချိန်က မြန်မာ နိုင်ငံရဲ့ နံပါတ်ဝမ်းကြီး ဖြစ်သည့် ဗိုလ်နေဝင်းက ခန့်အပ် ခဲ့သည်။ ဗိုလ်နေဝင်း ဘုန်းမီးနေလ တောက်ပစဉ် အချိန်က သူဟာ ဘယ်သူ့ကိုမှ ဂရု စိုက်ခဲ့တဲ့သူ မဟုတ်ပါ။ သို့သော်လည်း ဗိုလ်နေဝင်း မန္တလေး မြို့ကို လာတိုင်း တခြား သူများကို မတွေ့ရင်သာ နေမည် ဦးဝင်းတင် ကိုတော့ နန်းတော်ထဲ ခေါ်ပြီး တလေးတစား တွေ့ဆုံ တတ်ပါသည်။

ဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ထိုကာလ အတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ထိုခရီးစဉ် အတွင်း ရောက်ရာ အရပ်မှ နေ၍ သတင်းများ ရေးသားပြီး မြန်မာပြည်သို့ ပို့ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် "ခြေတွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း" ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

ဦးဝင်းတင်ဟာ သတင်းစာ ဆရာ ဘဝ ကိုသာ မြတ်နိုးပြီး ရာထူး ဂုဏ်ရှိန် များကို တတ်မက်ခဲ့သူ မဟုတ်ပါ။ ဟံသာဝတီ သတင်းစာမှာ အယ်ဒီတာချုပ် လုပ်ကိုင် နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယ ဝန်ကြီး ပေးမယ်လို့ ကမ်းလှမ်း ခဲ့ဖူး သော်လည်း၊ ဦးဝင်းတင်သည် ထို ကမ်းလှမ်းချက်ကို လက်မခံ ခဲ့ပေ။

၁၉၆၈ ကနေ ၁၉၇၂ အထိ အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက် ခဲ့သည်။ မန္ဈလေးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူရင်းပင် ရန်ကုန်သို့ ဆင်းကာ သတင်းစာ သတင်းများ တွင်လည်း ပို့ချပေး ခဲ့သည်။ သတင်းစာ သမိုင်း ပြုစုရန် ကိုလည်း ဦးထင်ကြီး၊ လူထု ဦးလှ၊ ရွှေဥဒေါင်း တို့နှင့် အတူ အထူး အားထုတ် ခဲ့သူ ဖြစ်သည်။

၁၉၇၇ - ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။ ထိုစာတမ်း များကို စာအုပ် အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေ ခဲ့သည်။

၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်း တစောင် တင်သွင်း ဖတ်ကြား ခဲ့သည်။ ထို ဖြစ်ရပ်၏ ရလဒ် အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ် လိုက်ကာ ဦးဝင်းတင် ကိုလည်း ရာထူးမှ ထုတ်ပယ် ခဲ့သည်။

ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို 'ပေါ်သစ်' အမည်ဖြင့် ရေးသား ခဲ့ပြီး၊ 'ကွိ'၊ 'ဥတ္တရ အလင်း' စသည့် ဘာသာပြန် စာအုပ်များ ကိုလည်း ရေးသား ခဲ့သည်။ 'ကမ္ဘာနီတွင် တဒင်္ဂ' အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည်။ ပန်းချီ အကြောင်း ဖြစ်တဲ့ 'အလှ ရှာပုံတော်' ကိုလည်း ရေးသား ခဲ့သည်။ ဦးဝင်းတင် ရေးသား ထုတ်ဝေခဲ့သည့် အခြား စာအုပ်များမှာ 'ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)' ဖြစ်သည်။


Burma war crimes probe gets UN backing

UN rapporteur Tomas Ojea Quintana (Reuters)By FRANCIS WADE
Published: 11 March 2010


The Burmese government should be investigated for war crimes and crimes against humanity, a leading UN rights expert has urged.

It is one of the highest endorsements of a probe into state-sanctioned human rights abuses in Burma, and follows similar calls last year by British MPs and a raft of rights groups.

UN special rapporteur for Burma, Tomas Ojea Quintana, published his recommendations in a 30-page report submitted yesterday to the UN Human Rights Council.

The report states that some actions of the ruling junta “may entail categories of crimes against humanity or war crimes under the terms of the Statute of the International Criminal Court”.

He added that the lack of accountability surrounding the “gross and systematic” nature of abuses indicated “a state policy that involves authorities in the executive, military and judiciary at all levels”.

Rights abuses include violations of “the right to life, right to liberty…due process of law, protection of civilians and internally displaced communities [and] prohibition against discrimination”.

The report was hailed by rights groups who have regularly complained that the UN has been impotent when it comes to tackling the crisis in Burma.

Zoya Phan, international coordinator at Burma Campaign UK, said that Quintana’s comments were “a major step forward”.

“Burma’s generals are criminals; the evidence is everywhere to see. It is now time for their crimes to be investigated,” she said, adding that the British government should “publicly state that they support this recommendation”.

In December last year, 440 MPs from around the world urged UN chief Ban Ki-moon to investigate war crimes in Burma.

Both a leading Thai aid group, the Thailand Burma Border Consortium (TBBC), and a panel of leading international jurists, who released the Crimes in Burma report in May last year, have said the situation in eastern Burma is comparable to Darfur.

Tags: humanity, quintana, UN

Author: FRANCIS WADE
ဒီကနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အခုထုတ်ပြန်တဲ့ ဥပဒေအရ စိန်ခေါ်မှုတွေ ကြုံရမယ် ... ဒီစိန်ခေါ်မှုတွေကြုံရတဲ့ အတွက် အင်အားအသစ်တွေ ဖြစ်စေတယ်.. အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော.. ပြည်သူလူထုရော ညီညီညွတ်ညွတ် နဲ့ ဒီစိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်ရမယ်လို့ မှာကြားလိုက်ပါတယ်.. မနက်ဖြန်မှာ ပြန်လည်ဖွင့်ခွင့်ရမယ့် အဖွဲ့ချုပ်ရုံးခန်းတွေမှာ လုပ်ဆောင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကို ထုတ်ပြန်ပါမယ်..

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက်အပေါ်မှာ ရေးဆွဲထားတဲ့ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါတော်တော်မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူတိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” ဟု ပြောသည်။

Monday, March 8, 2010



Myanmar Military Junta selling all state assets in former capital Yangon


Myanmar's military government has quietly begun the largest sell-off of state assets in the country's history, including more than 100 government buildings, port facilities and a large stake in the national airline, diplomats and businessmen here say.


The sell-off, analysts say, appears to be part of a political transition as the government introduces elections for the first time in 20 years and a new constitution under which the military seems likely to perpetuate its rule, though more from behind the scenes.




Diplomats and businessmen say that the sales may allow ruling generals to build up cash for election campaigns to the new parliament, where they will hold 25 percent of seats, or to pay for salary increases for civil servants and other populist measures. Many of the assets are being sold to businessmen allied with the military, reinforcing the strength of a class of oligarchs and military cronies.




But the privatisations could also have the effect of injecting some competition into what is an almost Soviet-style economic system, and some analysts here say they may herald a shift in direction. Reformers in the government, they say, may be hoping to follow a path similar to that of China or Vietnam, where the economies have been liberalised but the ruling party has remained firmly in charge and has tolerated little dissent.




Myanmar's military junta nationalised most industries when it took power in a 1962 coup and has controlled the lion's share of the economy since. For years, Myanmar shunned the path of its thriving neighbors. Most major industries, like the telecommunications business, power plants, fuel distribution and health care, remained in the hands of the state.




But today the sell-off of assets is so sweeping that some analysts compare it to the massive privatisations in Russia after the Communist era. 'There's something of a grab going on,' said one diplomat who declined to be identified because he wanted to avoid publicly criticising the junta. 'There's a sense that it may not be done for the right reasons, but it could have a beneficial effect.'





The assets being sold include the country's fuel import and distribution network, gem and tin mines, farmland and factories, according to businessmen who have seen announcements of the sales.


AP

Saturday, March 6, 2010


ကိုဖုန်းမော်ကျဆုံးခြင်း ၂၂ နှစ်မြာက်အောက်မေ့ဖွယ်နေ့ ကို ဂုဏ်ပြုအပ်ပါသည်။ (အာဇာနည်မျိုး သေရိုးမရှိ၊ အာဇာနည်တိုင်း သမိုင်းမသေ)
ပြည်ပရောက် နိုင်ငံရေးသမားများသို့ အိတ်ဖွင့်ပေးစာ။

ရက်စွဲ။ ။ ၇ - ၃ - ၁၀။

ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီတိုးလာချိန်မှာ ပြည်ပရှိ နိုင်ငံရေးသမားတစ်ချို့ဟာ သူရဲ့ ပြဿနာပေါင်စုံကို ဖြေရှင်းချက်တွေ ထုတ်နေတာကို ဦးဇင်းတို့ တွေနေရတော့ အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်ပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့ တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ် နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက သူတို့ မိသားစုတွေ မပါလို့လား ထင်နေမိပါတယ်။ အမှန်ဆိုရင် အခုချိန်မှာ တိုင်းပြည်အတွက် အမှန်တရား အတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေမှာ လုပ်ရမယ့် အလုပ်တွေဟာ ပြုပြင်ပြောင်လဲရေးအတွက် အလုပ်ရမယ့် အချိန်ပါ။

ပြည်ပရောက် နိုင်ငံရေးသမားတွေကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အမှာစကားပါးချင်တာကတော့ အခုချိန်မှာ ရှင်းစရာရှိရင်လည်း ခဏရပ်ထားပြီး၊ တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေး စဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ်။

အခုဆိုရင် မြန်မာပြည်က အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ယခုအချိန်မှာ အလုပ်သမားတွေနဲ့ အတူလက်တွဲပြီး စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းပြုတ်ချရမယ့် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ်။ အခုဆိုရင် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေဟာ နေ့စဉ်ရက်ဆက် သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုလာကြတာ ကျေနပ်အားရစရာ အကောင်းဆုံးအချိန်ပါပဲ။ ပြည်ပမှာကတော့ ငါက ဘာလုပ်ခဲ့တာ သူကတော့ ဘာတွေလုပ်တာနဲ့ အချိန်တွေကုန်နေတာ တွေရတော့ အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။

အမှန်တကယ် ရှင်းလင်းချက်ထုတ်ချင်ရင် တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်အောင် အရင်ဆုံးလုပ်ပြီး ဖြေရှင်းကြပါ။ ယခုအချိန်ဟာ ပြည်ပရောက်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့ ကြေငြာချက်ထုတ်ရုံလောက်နဲ့ မရတော့ပါဘူး။ အများစုပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရမယ့် အချိန်ပါ။ ပြည်တွင်း ပြည်ပကွန်ယက်တွေကို တည်ဆောက်ရမယ့် အချိန်ဆိုတာ ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့ သူတိုင်းရဲ့ ဦးနှောက်မှာ ထည့်ရမယ့် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ်။

မိမိတို့ အတွက်နဲ့ ပြည်သူတွေ စိတ်ညစ်ရမယ့် အလုပ်မျိုးကို မလုပ်ကြပါနဲ့။ မိမိတို့ကိုယ်တိုင်က အမှန်တရားအတွက် ပြည်သူအတွက်ပါလို့ ပြောပြီး မိမိတို့ရဲ့ နှစ်ပေါင်းနှစ်ဆယ် အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ဒီချိန်မှာ မရှင်းကြပါနဲ့ ။ တစ်နေ့ကျရင် သမိုင်းတရားခံဟာ ဘယ်သူတွေလည်းဆိုတာ ပြည်သူတွေက သိပါတယ်။ ဘယ်သူကတော့ ဘာလုပ်ခဲ့ပါတယ်လို့ပြောပြီး အပြစ်ဖို့နေမယ့်အစား ဒီမိုကရေစီ အရင်ရအောင် လုပ်ကြပါ။ ဒီမိုကရေစီရလာရင် သမိုင်းကို ထောက်ပြပေးမယ့် ပြည်သူတွေ ရှိပြီးသားပါ။ ၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲတဲ့ အလုပ်တွေကို ငြိမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး။ ထပ်ပြီးတော့လည်း လုပ်နေကြပါတယ်။ ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ။

ဦးဇင်းတို့အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးကိုလည်း ပြောချင်တာကတော့ ခင်ဗျားတို့ ကိုယ်တိုင် ညီညွတ်ရေးကို လိုချင်ရင် အားလုံးပြောင်းလဲပစ်ဖို့ လိုပါပြီ။ ကိုယ်ပိုင်အခွင့်ရေးကို လွတ်လပ်စွာ တောင်းဆိုနေတာကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အပြည့်ဝထောက်ခံပါတယ်။ ဒါပေမယ့် အခုအချိန်မှာ စစ်အာဏာရှင် စနစ်ပြုတ်ချရေးဟာ ပိုပြီးအရေးကြီးနေပါတယ်။

အဲဒါကြောင့် ညီညွတ်ရေးဟာ ပထမတန်းမှာ အရေးကြီးကြောင်း နှစ်ပေါင်းများစွာ ပြောခဲ့ကြပြီးပါပြီ။ အခုလည်း ဒီစကားတွေကို ပြောနေရတော့ ဦးဇင်းတို့အနေနဲ့ အတော်ကို ရှက်မိပါတယ်။ ကလေးတွေဆိုရင် တစ်ခါပြောပြီးရင် မှတ်မိပါတယ်။ မြန်မာစကားပုံကို မေ့နေကြလို့လား တွေးမိပါတယ်၊ မေ့သူတွေ အတွက် ထပ်ပြီး သတိပေးလိုက်ပါတယ်။ ညီညွှတ်ရေးဟာ ပထမတန်းမှာ အရေးကြီးပါတယ်။ ညီညွှတ်မှု မရှိရင် ဘယ်လောက်ပဲ ဒီမိုကရေစီ လုပ်မယ်လို့ ပြောနေပါစေ အောင်မြင်မှုဆိုတာ မရနိုင်ပါဘူး။

အခုချိန်မှာ သံဃာတော်တွေ ခေါင်းဆောင်မှု နောက်ကိုလိုက်မှာလား၊ ပြည်ရောက်နိုင်ငံရေးသမားတွေက ခေါင်းဆောင်ပြီး လုပ်မှာလားဆိုတာကို မေးခွန်းထုတ်စရာ ရှိလာပါပြီ။ စစ်အာဏာရှင်တွေက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုပြီးပြီဆိုတာ အားလုံးသိပါတယ်။ မကြာခင် ၂၀၁၀ ရွှေကောက်ပွဲကို ပြုလုပ်တော့မယ်။ အချိန်ဟာ နီးကပ်နေပြီ ဆိုတာကို သိလျှက်သားနဲ့ မိမိတို့ အတ္တ၊ ကိုယ်အကျိုးအတွက်ပဲ လုပ်နေကြတာတွေ့ရတော့ ဦးဇင်းတို့ သံဃာတွေအနေနဲ့ အထူးပင် စိတ်မကောင်း ဖြစ်ရပါတယ်။

ဦးဇင်းတို့ အဓိက ပြောချင်တာကတော့ အခုလက်ရှိ ဦးဇင်းတို့ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် အခြေအနေက မပြောင်းလဲသေးတော့ ပိုပြီးတော့ ဆိုးလာတယ်။ ပြည်သူလူထုအနေနဲ့ အရမ်းဒုက္ခခံရတယ်၊ ဆင်းရဲတယ်၊ အဲသလို ပြန်ကြည့်ရတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရော ပြည်ပမှာရှိတဲ့ လူငယ်တွေရော လူကြီးတွေနဲ့ အတူတွဲပြီးတော့ တိုင်းပြည်ရဲ့ ပြောင်းလဲမှု တခုခု ဖြစ်လာနိုင်အောင် ဦးဇင်းတို့ အကုန်လုံး ပူးပေါင်းလုပ်ဆောင်ရမှာ၊ ဗမာ၊ ရခိုင်၊ မွန်း၊ ကချင်၊ ကရင်၊ ရှမ်းဖြစ်ဖြစ် အားလုံးပေါင်းပြီးတော့ ကျန်တဲ့လူမျိုးစုတွေနဲ့ ပေါင်းပြီးတော့ ဦးဇင်းတို့ လုပ်ဆောင်ရမယ်၊ စစ်အာဏာရှင်ကို အမြန်ဆုံး ကျဆုံးသွားအောင် လုပ်ဆောင်ရမယ်။

အခု အခြေနေအတိုင်းဆိုရင် တိုင်းပြည်က ဒီထက်မက ပိုပြီးတော့ ပျက်စီးနိုင်တယ်၊ မျက်စိတွေ၊ နားတွေ ဖွင့်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာတခုခု လုပ်ပေးပါလို့ ဦးဇင်းတို့က တောင်းဆိုချင်ပါတယ်။

ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ့် အလုပ်တွေ အများကြီး ရှိသေးပါတယ်။ အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများအနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ။ စစ်အာဏာရှင်တွေက ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပသမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်းဆိုရမယ်။ ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က ဗြိတိန်အစိုးရကို တောင်းဆိုရမယ်။ ကမ္ဘာ့ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလည်ကြဖို့ လိုပါတယ်။

တကယ်တမ်း လောကမှာ အရေးအကြီးဆုံးက ဖြူစင်တဲ့ ရိုးသားမှုသာ ဖြစ်ကြောင်း သဘောပေါက် နားလည်သူ ရှားပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာ ရှာဖွေကြည့်ရင် ရုပ်လှသူနဲ့ မလှသူကို အလွယ်တကူ ခွဲခြားလို့ရနိုင်ပေမဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူကိုတော့ ရုတ်တရက် ခွဲခြားတွေ့ရှိဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် တကယ် အလှစစ်နဲ့ လှတဲ့သူကို သေချာရှာတတ်ဖို့ လိုပါတယ်။ အပေါ်ယံ ရုပ်ရည်ကိုသာ ကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်အလှစစ်ကို တွေ့ဖို့ဝေးနေဦးမှာပါ။ ကိုယ့်ဘေးမှာ ရှိနေပါလျှက်နဲ့ ရုပ်မလှလို့ ဂရုမစိုက်မိတဲ့ ဖြူစင်ရိုးသားတဲ့ နှလုံးသားအလှပိုင်ရှင်လေးများကို လက်လွှတ် မသွားခင်၊ နောက်မကျခင်မှာ သေချာရှာဖွေကြပါလို့ အကြံပြု လိုက်ပါရစေနော်။ ရုပ်အလှ ပြည့်စုံသူများလည်း၊ စိတ်နှလုံးအလှပါ ထပ်ဆောင်းလို့ အလှဆုံးသောသူများ ဖြစ်နိုင်ကြပါစေ။

အမှန်တရားအစစ်ကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

(ပြည်တွင်းတစ်နေရာရှိ ဆရာတော်များ၊ သံဃာတော်များရဲ့ ဆန္ဒအရ ရေးသားခြင်း ဖြစ်ပါတယ်။ တိုက်ခိုက်လိုသော ဆန္ဒအရ ရေးသားခြင်း မဟုတ်ပါဘူး ဆိုတာကို ဝန်ခံရင်း တပည့်တော်အနေနဲ့ အရင်တောင်းပန်ပါတယ် ဘုရား)။

တော်လှန်ရေးသစ္စာဖြင့် စာရေးသူ - အရှင် xxxxxxx (ဖျာပုံ)။

Wednesday, March 3, 2010

လူႛအခၾင့္အေရးေရႀႛေန ကိုဖိုးဴဖႃ အယူခံကိစၤအႎိုင္ရ
2010-03-03
ထောင်ဒဏ်လေိးံစြ် ခဵမႀတ္ခံထားရတဲ့ လူႛအခၾင့္အေရးေရႀႛေန ကိုဖိုးဴဖႃရဲႛ အမႁအယူခံကို နေူပည်တော် ဗဟိုတရားရုံးခဵပ်ြမြာ မတ်လ ၁ ရက်နေႛက နောက်ဆုံး စီရင္ခဵက္ခဵရမႀာ ထောင်ဒဏ် ၃ိံစြ် လ္တွော့ပေးလိုက်တဲ့အတကြ် ကိုဖိုးဖဟြာ မုကာခင်မြာ လတြ်ေူမာက်လာတော့မယ်လိုႛ အာအက်ဖ်အေက သတင်းရရြိပၝတယ်။
မေနႛက စီရင္ခဵက္ ခဵမႀတ္လိုက္တဲ့အေဳကာင္းကို ကိုဖိုးဴဖႃရဲႛ ေရႀႛေန ဦးဴမင့္သၾင္က အခုလုိ ေဴပာဴပပၝတယ္။

ရြေႛနေဦူးမင့်သငြ်။ ။“ထောင်ဒဏ် ၄ိံစ်ြကနေ ၃ိံစြ် လေဵာ့သြားပၝတယ်။ ခဵႂပ္ရက္ ၁ ႎႀစ္နဲႛ ဆိုရင္ေတာ့ ကိုဖိုးဴဖႃ လၾတ္ပၝ႓ပီ။ ၂ ရက် ၁ လ ၂၀၀၉ိံစ်ြကနေ စဖမ်း္ဘပီးတော့ သူက အမြ ရင်ဆိုင်ရတာဆိုတော့ ခဵပ်ြရက်လည်း ရပၝတယ်။ သူ အခု ထောင်ထဲမြာလည်း ၁ိံစ်ြကေဵာ် န္ဘေပီးသြားပၝ္ဘပီ။ လတ်ြဝရမ်း ရောက်တာနဲႛ လၾတ္ပၝ႓ပီခင္ဗဵ။ မေနႛကမႀ အမိန္ႛခဵတာဆိုေတာ့ ဒီေနႛက ရုံးပိတ်ရက်လေ။ မနက်ူဖန်မြ မကြေးတိုင်း တရားရုံး၊ မကြေး္ဘမြိႛနယ်ရုံးကနေ သရက်ထောင်ကို ပိုႛ္ဘပီးတော့ လတ်ြဝရမ်း ပိုႛမယ္ထင္ပၝတယ္ခင္ဗဵ။ ကဵေနာ့္အဴမင္ကေတာ့ ဥပေဒအရ ကိုဖိုးဴဖႃကို အစကတည္းက ေထာင္မခဵသင့္ဘူး ခင္ဗဵ။ စပ်ြစြဲထားတဲ့ ဥပဒေတေက္ဘြငိစနြ်းတာ မရြိတဲ့အတကြ် ကိုဖိုးဖကြို လတ်ြကို လတ်ြပေးရမြာခင်ဗဵ။ ဥပဒေအရ လတ်ြပေးရမြာူဖစ်တဲ့အတကြ် လတ်ြပေးတယ်လိုႛပဲ ကဵနော်ူမင်ပၝတယ်”

ကိုဖိုးဖရြဲႛ အယူခံကို မူလက ပယ်ခဵထားခဲ့ပေမယ့် အိုင်အယ်လ်အို င်္ီနြ်ုကားရေးမြး တာပီကာရီယိုလာရဲႛ ဇန္နဝၝရီ တတိယပတ္ကူမန်မာူပည်ခရီးစဉ် အတငြ်းမြာမြ နေူပည်တော် ဗဟိုတရားရံုးခဵႂပ္ကေန အယူခံ လက္ခံ ဳကားနာခဲ့တာပၝ။ ကိုဖိုးဖဟြာ ၂၀၀၉ ခိုံစြ် ဇန်နဝၝရီလ ၁၅ ရက်နေႛမြာ အောင်လံ္ဘမြိႛနယ်က လယ်သမားတေရြဲႛ လယ်ေူမသိမ်းတဲ့ ကိင်္စတေကြို အမလြိုက်ရင်း မကြေးတရားရုံးကနေ ရန်ကုန်ကိုအူပန် လမ်းမြာ အဖမ်းခံရ္ဘပီး အသင်းအဖြဲႛပုဒ်မနဲႛ သရက်ထောင်မြာ ထောင်ဒဏ် ၄ိံစြ် ခဵမႀတ္ခံထားရတာ ဴဖစ္ပၝတယ္၊၊