Friday, September 11, 2009

ဓာတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း ငါးထောင်နီးပါး မြန်မာဗိုလ်ချုပ်များ ခိုးဖွက်ထား

ချင်းမိုင်။ ။ စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၀၁ ကို စာရင်းဖျောက်ပြီး စင်္ကာပူရှိ ဘဏ်နှစ်ခုတွင် လျှို့ဝှက်သိမ်းဆည်းထားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် Earth Rights International အဖွဲ့က ထုတ်ပြန်သော စာမျက်နှာ ၁၁၀ ပါ Total Impact: The Human Rights, Environmental, and Financial Impacts of Total and Chevron’s Yadana Gas Project in Military-Ruled Burma (Myanmar) အစီရင်ခံစာက မြန်မာစစ်အစိုးရသည် ဓာတ်ငွေ့ရောင်းချရငွေများကို စာရင်းလျော့ပြပြီး စင်္ကာပူနိုင်ငံ Overseas Chinese Banking Corporation (OCBC) ဘဏ်နှင့် DBS Group တို့တွင် အပ်နှံထားသည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံ (ကျပ်ငွေ သန်းပေါင်း ၄.၅၆ သန်းခန့်) ရရှိပြီးဖြစ်သော်လည်း စစ်အစိုးရက နိုင်ငံတော်ဘဏ္ဍာ ဝင်ငွေစာရင်းပြသရာတွင် ဒေါ်လာ ၂၉ သန်းသာ ပြထားသည် အစီရင်ခံစာတွင် ပါရှိသည်။

“ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေက ခိုင်လုံတိကျမှု မရှိဘဲနဲ့ ကျနော်တို့ သတင်းတွေ တင်ရဲမှာ မဟုတ်ပါဘူး” ဟု ERI မှ ပြာရေးဆိုခွင့်ရှိသူ ဦးနိုင်ထူးက မဇ္စျိမကို ပြောသည်။

"ဒီဂက်စ် (သဘာဝဓာတ်ငွေ့) က ရတဲ့ငွေတွေကို မြန်မာပြည်ရဲ့ ဝင်ငွေထဲမှာ မဖော်ပြခဲ့ဘူး။ အဲဒါကို သူတို့ရဲ့ နှစ်စဉ်အစီရင်ခံစာထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီဟာကို ပြန်ပြီးစစ်ဆေးလိုက်တဲ့ အခါကျတော့ ဒီပိုက်ဆံတွေက စကာင်္ပူက ဘဏ်နှစ်ခုထဲ ရောက်နေတယ်။”

ERI အနေဖြင့် ၂ နှစ်ကြာ သုတေသနလုပ်ထားခဲ့ပြီး အစီရင်ခံစာကို ရေးသားထားခြင်းဖြစ်ကာ "ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တခု” ကို ကိုးကားပြီး ဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ Total ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံ Chevron တို့က ဦးဆောင်ကာ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတို့ ပါဝင်သည်။

ပြဿနာများဖြင့် ရှုပ်ထွေးအငြင်းပွားစရာဖြစ်နေခဲ့သည့် ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးလည်း ဖြစ်ခဲ့သည်။

ပိုက်လိုင်းဖောက်လုပ်ရာ လမ်းတလျှောက်ဒေသခံများကို စစ်တပ်က အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ လယ်မြေခြံမြေများ သိမ်းဆည်းခြင်းနှင့် ရွှေ့ပြောင်းခြင်းများ ရှိနေခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့် လှုံ့ဆော်သူများက ပြောသည်။

မြန်မာ့စစ်တပ်က ပိုက်လိုင်းလုံခြုံရေး ယူထားပေးပြီး အာဏာပိုင်များက လုပ်အားပေးဆင့်ခေါ်ခြင်းများ ဆက်လက် ရှိနေသေးသည်ဟု လှုံ့ဆော်သူများက ပြောသည်။ ပြီးခဲ့သည့်လက Total က လုပ်အားပေး စေခိုင်းမှုများ မရှိတော့ဟု ငြင်းဆိုထားသည်။

တနင်္သာရီတိုင်း မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ကီလိုမီတာ ၄၁၂ ကီလို ရှည်လျားသော ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်အတွင်းသို့ သွယ်တန်းရောင်းချထားသည်။

အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေကို အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၆ ကျပ်နှင့် ညီသည်ဆိုသော အမှန်တကယ် အလုပ်မဖြစ်တော့သော တရားဝင် နိုင်ငံခြားငွေလဲနှုန်းကို အသုံးပြုကာ နိုင်ငံတော်ဝင်ငွေတွင် ပြသထားသည်ဟု ဆိုသည်။ ယခုလက်ရှိ ပြင်ပငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၀၀၀ ကျပ် ခန့်ဖြစ်သည်။

၆ ကျပ်နှုန်းဖြင့် တွက်ချက်ကာ စာရင်းသွင်းလိုက်သဖြင့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာငွေစာရင်းတွင် သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေသည် ၁ ရာခိုင်နှုန်းအောက် ရောက်သွားတော့သည်။ ပြင်ပပေါက်ဈေးနှင့်သာတွက်လျှင် ၅၇ ရာခိုင်နှုန်းပင် ရှိသည်ဟု ပါရှိသည်။

စစ်အစိုးရက သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှရသော ဝင်ငွေကို ၄.၈၃ ဘီလီယံဒေါ်လာဟု ပြသရမည့်အစား ဒေါ်လာ ၂၉ သန်းဟုသာ စာရင်းသွင်းထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

"ဝင်ငွေများ၏ အကျိုးဆက်မှာ Total နှင့် Chevron တို့မှ နအဖစစ်အစိုးကို ခေါင်းမာလာစေရန် အားပေးအားမြှောက် ပြုလုပ်ရာတွင် အဓိက ပါဝင်သည်သာမက နအဖ စစ်အစိုးရအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းတို့၏ ဖိအားပေးမှုများကို ထိရောက်မှု မရှိလာသည့်အပေါ် အဓိက အကြောင်းရင်းတခု ဖြစ်သည်” ဟု ERI ကြေညာချက်တွင် ပါရှိသည်။

“အခုသူတို့မှာက ဒီပိုက်ဆံတွေ လက်ထဲမှာရှိနေတော့ သူတို့ ဘာလုပ်လုပ်၊ လုပ်လို့ရတယ်လေ။ အဲဒီတော့ ဒီပိုက်ဆံတွေကို စင်္ကာပူအစိုးရတို့၊ သက်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းတွေက အဲဒီပိုက်ဆံတွေကို ရပ်တန့်ထားနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတခု ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်ထူးက ပြောသည်။

ဖိုးဇော်

Thursday, September 10, 2009

စစ်အုပ်စု တူးနေသည့် မိုက်တွင်းများ

၁၉၈၃ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ဂူဗိမာန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ (၂၁) ဦး သေဆုံးပြီး (၄၆) ဦး ဒဏ်ရာရရှိခဲ့သည်။ ဗုံးဖောက်ခွဲသူများသည် ထိုစဉ်က မဆလအစိုးရ၏ ဧည့်သည်တော်အဖြစ် ရောက်ရှိနေသော တောင်ကိုရီးယား သမ္မတ ချွန်ဒူးဝှမ် (Chun Doo Hwan) အား အဓိကပစ်မှတ်ထား လုပ်ကြံရန် ကြံစည်ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သမ္မတ ချွန်ဒူးဝှမ်ကား သေကံမရောက် အသက်မပျောက်ဘဲ ဗုံးခွဲလုပ်ကြံမှုမှ သီသီကလေး လွတ်မြောက်သွားခဲ့သည်။ ယာဉ်ကြောပိတ်ဆို့နေမှုကြောင့် အာဇာနည်ကုန်းသို့ သတ်မှတ်ချိန်ထက် အနည်းငယ်နောက်ကျပြီးမှ ရောက်ရှိသွားသဖြင့် ဗုံးကွဲချိန်နှင့် မကြုံကြိုက်လိုက်ဘဲ ကပ်လွတ်သွားခဲ့ခြင်းဖြစ်သည်။ သူ၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ထိပ်တန်းဝန်ကြီး (၄) ဦးအပါအဝင် တောင်ကိုရီးယားအရာရှိ စုစုပေါင်း (၁၇) ဦး သေဆုံးသွားခဲ့သည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုမှာ မြောက်ကိုရီးယားအစိုးရမှ စေလွှတ်ခဲ့သော အထူးကွန်မန်ဒိုများဖြစ်ကြသည့် မြောက်ကိုရီးယား စစ်တပ်အရာရှိ ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး၏ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိသဖြင့် ထိုအချိန်မှစပြီး အာဏာရှင် ဦးနေ၀င်း၏ မဆလအစိုးရက မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်အဆက်အသွယ် လုံးဝဖြတ်တောက်ပစ်ခဲ့သည်။

ထိုသို့ သံတမန်အဆက်အသွယ် ဖြတ်တောက်ပြီး (၂၅) နှစ်အကြာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်သို့ ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် အာရှ-ဥရောပ (အာဆမ်) အစည်းအဝေးကို တက်ရောက်ပြီး နောက် ပြုံယမ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း မသွားရောက်မီ ၂ဝဝ၇ ဧပြီလတွင် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်ရန်အီးလ် မြန်မာနိုင်ငံသို့ လာရောက်၍ နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး ပြန်လည်ပြုလုပ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ဗုံးခွဲ၍ ကျူးလွန်စော်ကားထားမှုအပေါ် မြောက်ကိုရီးယားအစိုးရက တရားဝင် တောင်းပန်မှုမပြုမီ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားတွင် မျက်နှာငယ် အထီးကျန်နေသည့် မြန်မာစစ်အစိုးရက သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြရန် သံသမန်အဆက်အသွယ်များ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မြန်မာစစ်အစိုးရဘက်မှ အောက်ကျို့ကာ မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ် ပြန်လည်ပြုလုပ်ခြင်းအပေါ် မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ကိုယ့်နိုင်ငံကိုလာရောက်ပြီး ဒီလောက်စော်ကားထားတဲ့ နိုင်ငံအစိုးရကို အသိအမှတ်ပြုပြီး သံတမန်ရေး ပြန်ဆက်ဆံတာဟာ တော်ရုံကိစ္စတော့ မဟုတ်လောက်ဘူး။ လက်နက်ကိစ္စ၊ နျူကလီးယားကိစ္စအတွက် အကူအညီရနိုင်ဖို့ သွားတယ်လို့ ဒီလိုပဲယူဆတယ်” ဟု ထိုစဉ်က မှတ်ချက်ပြုပြောဆိုခဲ့သည်။

မြောက်ကိုရီးယား-မြန်မာဆက်ဆံရေး အလျင်အမြန် တိုးတက်ပြောင်းလဲလာမှုနှင့် ပတ်သက်၍ အမေရိကန်အခြေစိုက် ရူပဗေဒပညာရှင် ဒေါက်တာကျော်တင့်က သူ၏အမြင်ကို ပြောဆိုရာတွင်လည်း မြန်မာစစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် လက်ဝယ်ပိုင်ဆိုင်ရန်အတွက် လွန်ခဲ့သည့် (၁၀) နှစ်ကျော်ကတည်းက ကြိုးစားနေခဲ့ခြင်းဖြစ်ကြောင်း၊ မိမိဘာသာကြိုးစားလျှင် အချိန်ကြာမြင့်နိုင်သည့်အတွက် နျူကလီးယားဗုံး အမြန်ဆုံးပြုလုပ်နိုင်သည့် သန့်စင်ပြီးသား ယူရေနီယံကို မှောင်ခိုကနေ၀ယ်ယူရန် ဆုံးဖြတ်လိုက်ပုံရကြောင်း၊ ထို့အတွက် မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ် ပြန်လည်ပြုလုပ်ခဲ့သည်ဟု ထင်မြင်ကြောင်း လေလှိုင်းထဲမှ အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။

“မြန်မာအစိုးရက မှောင်ခိုက၀ယ်ဖို့ စဉ်းစားလိုက်ပုံရတယ်။ မှောင်ခိုရောင်းနိုင်တဲ့နိုင်ငံ အနောက်အုပ်စုမဟုတ်တဲ့နိုင်ငံတွေ ကျနော်တို့ ပြန်ကြည့်တဲ့အခါကျတော့ ဥပမာဆိုပါစို့ တရုတ်၊ ရုရှား၊ ပါကစ္စတန်ရှိမယ်။ နောက်တခုက အခုမြောက်ကိုရီးယား ရှိမယ်။ တရုတ်ကလည်း မြန်မာအစိုးရကို ဒီပညာပေးမှာ မဟုတ်ဘူး။ ရုရှားဆိုတာကလည်း ဟင်းစားတော့ပေးမယ် ပိုက်ချက်တော့ မပြနိုင်ဘူးဆိုတာမျိုးဘဲ ဖြစ်မှာပဲ။ ပါကစ္စတန်ကလည်း အမေရိကန်နဲ့ အဆင်ပြေနေတော့ ပေးမှာမဟုတ်ဘူး။ အဲတော့ နျူကလီးယားလုပ်လို့ရတဲ့ သန့်စင်ပြီးသား ယူရေနီယံကို တိုက်ရိုက်ဝယ်ယူဖို့အတွက် မြောက်ကိုရီးယားကပဲ ရနိုင်မယ်။ အဲဒါကြောင့်မို့ပဲ မြောက်ကိုရီးယားနဲ့ အခြေအနေအဆိုးကြီးကြားကပဲ သံတမန်ပြန်ပြီးတော့ ဆက်သွယ်တာဖြစ်ဖို့များတယ်” ဟု ဒေါက်တာကျော်တင့်က ပြောဆိုခဲ့သည်။

ထို့နောက် ၂၀၀၈ ခု နိုဝင်ဘာလတွင် မြန်မာစစ်ခေါင်းဆောင် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အဆင့်မြင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမှတဆင့် မြောက်ကိုးရီးယားသို့ တိတ်တဆိတ် သွားရောက်လည်ပတ်ခဲ့သည်။ အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ မကြာသေးမီက မြန်မာအင်တာနက်စာမျက်နှာအချို့တွင် လျှို့ဝှက်အစီရင်ခံစာနှင့် ဓာတ်ပုံအထောက်အထားများ ပေါက်ကြားထွက်ပေါ်လာခဲ့သည်။

ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အဆင့်မြင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၂၂) ရက်မှ (၂၉) ရက်အထိ မြောက်ကိုရီးယား၌ လည်ပတ်စဉ်အတွင်း မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားစစ်တပ်တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မြောက်ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်များက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည်ပြသခဲ့ပြီး၊ တောင်ကြောများအတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့သည်။ ထို့အပြင် မြေပြင်မှ မြေပြင်ပစ် စကတ်ဒုံးကျည် (SCUD Missile) ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ဒုံးကျည်ထုတ်လုပ်ပုံ အဆင့်ဆင့်ကို အသေးစိတ်လေ့လာခဲ့သည်ဟုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှို့ဝှက်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန်အစိုးရအရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အဖွဲ့၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၌ တာတို၊ တာလတ်ပစ် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ပြီး ဒေသတွင်းနိုင်ငံများအပေါ် စစ်အရေးအရ အပေါ်စီးမှ ခြိမ်းခြောက် အနိုင်ယူလိုသည်အထိ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး သွားရောက်လေ့လာခဲ့ခြင်းဖြစ်မည်ဟု ယူဆရပေသည်။
မြောက်ကိုရီးယားနှင့် နောက်ထပ်ဆက်ဆံမှုတခုမှာ မြန်မာစစ်အစိုးသည် လွန်ခဲ့သည့် (၁၀) နှစ်ကျော်လောက်မှစ၍ မြောက်ကိုရီးယား၏ နည်းပညာအကူအညီဖြင့် နေပြည်တော်၊ မေမြို့နှင့် ရှမ်းပြည်တ၀ိုက်တွင် မြေအောက်ဥမင်လိုဏ်ခေါင်းများ တူးဖော်ဖောက်လုပ်နေခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့က အမေရိကန်ပြည်ထောင်စု၌ ထုတ်ဝေသည့် Yale Global မဂ္ဂဇင်းတွင် မြောက်ကိုရီးယားက မြန်မာစစ်အစိုးရအတွက် မြေအောက်ဥမင်လိုဏ်ခေါင်းများ တူးပေးနေသည်ဆိုသည့် ဆောင်းပါးတပုဒ်ကို ဆောင်းပါးရှင် ဘာတေးလ်လစ်တနာက ဓာတ်ပုံအထောက်အထားများနှင့်တကွ ရေးသားဖော်ပြခဲ့သည်။ ဆောင်းပါးတွင် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အတွင်း ရိုက်ကူးခဲ့သည့် မြောက်ကိုရီးယားပညာရှင်များ၊ မြေအောက်ဥမင်လိုဏ်ခေါင်းများ၊ နေပြည်တော်တွင် ဆောက်လုပ်နေသည့် ဓာတ်ပုံများအပါအ၀င် မြောက်ကိုရီးယားနှင့် မြန်မာလက်နက်အရောင်းအ၀ယ် ကိစ္စရပ်များကိုပါ အသေးစိတ် စုံးစမ်းတင်ပြထားသည်။

မြန်မာစစ်အစိုးရအနေဖြင့် မည်ကဲ့သို့သော ရည်ရွယ်ချက်နှင့် အဆိုပါ မြေအောက်ဥမင်လိုဏ်ခေါင်းများ တူးဖော်နေသည်လဲ ဟူသည့်အမေးကို ဖြေကြားရာတွင် ဆောင်းပါးရှင် ဘာတေးလ်လစ်တနာက “မြေအောက်လိုဏ်အားလုံးဟာ စစ်အစိုးရဲ့ ဗုံးခိုကျင်းမဟာဗျူဟာချည်းသက်သက် မဟုတ်ပါဘူး။ ဒီလိုဏ်တွေဟာ အစိုးရရုံးအဖွဲ့တချို့ကို မြေအောက်မှာထားဖို့ ရည်ရွယ်တာ တွေ့ရပါတယ်။ မြန်မာစစ်အစိုးရ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ ပြည်တွင်းသုံးအင်ထရာနက်တွေမှာပါ ဒီလိုဏ်တွေရဲ့ နေရာတွေကို မကြာခဏ ဖော်ပြတတ်ပါတယ်။ သူ့အဆက်အသွယ်တွေအရ ဒီလိုဏ်တွေဟာ မြေအောက်အစည်းအဝေး ခန်းမတွေဖြစ်ပြီး ထိပ်တန်းခေါင်းဆောင်တွေကို ပြည်ပလေကြောင်းရန်ကဖြစ်ဖြစ်၊ ပြည်တွင်းမတည်မငြိမ်မှုရန်ကဖြစ်ဖြစ် ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ယူဆကြပါတယ်” ဟု ပြောဆိုခဲ့သည်။

မကြာသေးမီက ထွက်ပေါ်လာသည့် မြန်မာ-မြောက်ကိုရီးယား လျှို့ဝှက်ဆက်ဆံရေး သတင်းများအရလည်း စစ်အုပ်စုသည် လေယာဉ်များနှင့် လက်နက်များကို ဖုံးကွယ်သိမ်းဆည်းရန် မြေအောက်ဥမင်များနှင့် ဂူများကို ဖောက်လုပ်ရုံမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေးစနစ်များကို ဖုံးကွယ်ထားရန်အထိပါ ရည်ရွယ်ဖောက်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာစစ်အစိုးရသည် ယခုအချိန်အထိ မြေအောက်ဥမင်လိုဏ်ခေါင်း တူးဖော်မှုအတွက် စုစုပေါင်း ဒေါ်လာ (၉) ဘီလီယံကျော် အံ့မခန်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အစိုးရ တူးဖော်ဖောက်လုပ်နေသည့် မြေအောက်ဥမင်လိုဏ်ခေါင်းများနှင့် ပတ်သက်၍ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က “မြောက်ကိုရီးယားနဲ့ လိုဏ်ဂူတွေ အများကြီးဖောက်နေတယ်။ ကျနော်တို့သိသ လောက် နျူကလီးယားစက်ရုံ (၂) ရုံ မကွေးတိုင်း မြိုင်ဘက်မှာ စက်ရုံတရုံ၊ မေမြို့အလွန် နောင်ချိုကြား ရွှေတောင်ကြော တွေထဲမှာ စက်ရုံတရုံဆောက်ဖို့ ၂၀၀၈ ခုနှစ် ဗိုလ်ချုပ်ကြီး ရွှေမန်း နိုဝင်ဘာခရီးစဉ်မှာ MOU ထိုးခဲ့တဲ့ အနေအထားမျိုးတွေ ရှိပါတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန် (၁၇) ရက်နေ့ကလည်း မြောက်ကိုရီးယား နမ်ပိုဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် ကန်နမ် (၁) သင်္ဘောသည် ဒုံးလက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်ကာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းနေသည်ဟု တောင်ကိုရီးယားထောက်လှမ်းရေး အပါအ၀င် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ယူဆသည့်အတွက် အမေရိကန် ရေတပ်ဖျက်သင်္ဘော ယူအက်စ်အက်စ် ဂျွန်အက်စ် မက်ကိန်းက နောက်ယောင်ခံလိုက်ခဲ့သည်။

စစ်အစိုးရက ထိုကန်နမ် (၁) သင်္ဘောနှင့် ပတ်သက်၍ သတင်းတစုံတရာ မရရှိကြောင်း ငြင်းဆိုခဲ့ပြီး ဆန်တန်ချိန် ထောင်ပေါင်းများစွာ သယ်ဆောင်မည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစီးသာ ဇွန်လ (၂၇) ရက်နေ့တွင် မြန်မာဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဟု စစ်အစိုးရ သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

သို့သော် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည်ဟု သံသယရှိသည့် မြောက်ကိုရီးယားသင်္ဘော ကန်နမ် (၁) သည် ဇွန်လကုန်ပိုင်းတွင် မြောက်ကိုရီးယားဘက်သို့ ပြန်လှည့်သွားပုံရကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြောဆိုခဲ့သည်။ ကန်နမ် (၁) သင်္ဘော နောက်ကြောင်းပြန်လှည့်သည် ဆိုသည့်အချက်မှန်ကန်ပါက မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တားမြစ်ချက်များ သက်ရောက်မှုရှိသည်ကို ပြသခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ပြောဆိုသည်။

“တကယ်လို့ ဒီသင်္ဘောဟာ သူ့လမ်းအတိုင်း ပြန်လှည့်သွားပြီဆိုရင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ က ထိရောက်တယ်လို့ ဆိုရမှာပါ” ဟု ကိုရီးယား ကာကွယ်ရေးဆိုင်ရာလေ့လာရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ကင်တေ၀ူးက ကိုရီးယားသံတော်ဆင့် သတင်းစာသို့ ပြောဆိုသည်။

မြောက်ကိုရီးယားသည် မေလ (၂၅) ရက်နေ့က နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား၏ ရင်းနှီးသော မဟာမိတ်များဖြစ်သည့် ရုရှားနှင့် တရုတ်တို့ကလည်း ထောက်ခံခဲ့ကြသည်။ ဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့်သင်္ဘော၊ လေယာဉ်များကိုမဆို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၀င်ရောက်ရှာဖွေ စစ်ဆေးနိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ လုံခြုံရေးကောင်စီမှ ယင်းသို့ ပြဋ္ဌာန်းချက်အသစ် ချမှတ်လိုက်ပြီးသည့်နောက် ကန်နမ် (၁) မြောက်ကိုရီးယားသင်္ဘောသည် နိုင်ငံတကာ၏ စောင့်ကြည့်စိစစ်ခြင်းခံရသည့် ပထမဆုံးသင်္ဘောဖြစ်သည်။

ထို့အပြင် ဇွန်လ (၃၀) ရက်နေ့ကလည်း တာဝေးပစ် ဒုံးကျည် ဆက်စပ်ပစ္စည်းတမျိုး မြန်မာပြည်သို့ တရားမဝင်တင်ပို့ရန် ကြိုးပမ်းသူဟု ယူဆရသည့် လုပ်ငန်းရှင် (၃) ဦး ကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဂျပန်သတင်းများတွင် ဖော်ပြခဲ့ပြန်သည်။ အဆိုပါပစ္စည်းမှာ တာဝေးပစ်ဒုံးကျည် ပြုလုပ်ရာတွင် အသုံးပြုသည့် သံလိုက်သတ္တိတိုင်းတာသော ကိရိယာတမျိုးဖြစ်ကြောင်း၊ နိုင်ငံခြားငွေကြေးဖလှယ်ရေးနှင့် ကုန်သွယ်မှုဥပဒေကို ချိုးဖောက်သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ဂျပန်ရဲတပ်ဖွဲ့က ပြောဆိုသည်။

ဖမ်းဆီးခံရသူများမှာ တိုကျိုအခြေစိုက် လုပ်ငန်းရှင်များဖြစ်ကြသည့် တိုကိုဘိုးကီကုမ္ပဏီ ဥက္ကဋ္ဌ မြောက်ကိုရီးယားနိုင်ငံသား လီကျုံးဟို၊ ကုန်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတခု၏ ဥက္ကဋ္ဌ မီယာကီကက်ဆူကီနှင့် ထုတ်ကုန် အေဂျင်စီတခု၏ ဥက္ကဋ္ဌ ယာဆူဟီကိုမူတို တို့ဖြစ်သည်။ ထိန်းသိမ်းခံထားရသူ (၃) ဦးသည် ယခုနှစ် ဇန်နဝါရီလက ဂျပန်ယန်း (၇) သန်းနီးပါးခန့် တန်သည့် သံလိုက်သတ္တိ တိုင်းတာသည့် ကိရိယာများကို မြန်မာပြည်သို့ တင်ပို့ခဲ့ကြောင်း ရဲက ပြောဆိုသည်။ ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံ စီပွားကုန်သွယ်နှင့် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူခြင်းမရှိဟု ဆိုသည်။

ဖျက်အားပြင်း လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းမပြုနိုင်ရန် ဂျပန်နိုင်ငံက ဥပဒေအရ တားမြစ်ထားသည်။ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလဝန်းကျင်တွင် ယင်းကုမ္ပဏီက အလားတူပစ္စည်းမျိုးကို မြန်မာနိုင်ငံ အမှတ် (၂) စက်မှု ဝန်ကြီးဌာနသို့ ပေးပို့ရန် ကြိုးပမ်းခဲ့ဖူးသည်ဟု သိရသည်။ နှစ်ကြိမ်စလုံးတွင် ပြည်ပတင်ပို့ခွင့်လျှောက်လွှာ ပါဝင်ခြင်းမရှိ သည်ကို ဂျပန်အာဏာပိုင်တို့က သတိထားမိခဲ့သဖြင့် သင်္ဘောပေါ်သို့ မတင်မီ အစီအစဉ်များ ပျက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ၏အမည်မှာ New East International Trading Ltd ဖြစ်သည်။ ထိုကုမ္ပဏီကို မြောက်ကိုရီးယားအစိုးရပါတီဖြစ်သော မြောက်ကိုရီးယား အလုပ်သမားပါတီ၊ ဒုတိယ စီးပွားရေးရာကော်မတီက တိုက်ရိုက်ထိန်းချုပ်သည်ဟု ယုံကြည်ရကြောင်း ယိုမီယူရီရှင်ဘွန်း သတင်းတွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားစစ်တပ်အတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူရန် ယင်းကော်မတီက တာဝန်ယူထားသည်ဟု ဆိုသည်။

ကန်နမ် (၁) သင်္ဘောထွက်ခွာလာသည့်ကိစ္စနှင့် ဂျပန်၌ လုပ်ငန်းရှင် (၃) ဦး ဖမ်းဆီးခံရသည့်ကိစ္စတို့ကို ဆက်စပ်ကြည့်မည် ဆိုလျှင် ၂၀၀၈ နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်စဉ်က မှာယူခဲ့သည့် စစ်လက်နက်ပစ္စည်းများကို မြန်မာပြည်သို့ ပို့ဆောင်ရန် ကြိုးစားခြင်း၏ တစိတ်တဒေသ ဖြစ်ပုံရသည်ဟုလည်း ယူဆစရာအကြောင်းရှိပေသည်။

မည်သို့ဆိုစေ အထက်၌တင်ပြခဲ့သည့် ဖြစ်စဉ်များအားလုံးသည် ၂၀၀၇ ဧပြီလတွင် မြန်မာ-မြောက်ကိုရီးယား သံသမန်အဆက် အသွယ် ပြန်လည်ပြုလုပ်ပြီးနောက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များပင်ဖြစ်သည်။ ဤဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ပစ်ပယ်ထားခြင်းခံနေရသည့် မြန်မာစစ်အုပ်စုသည် ဘ၀တူ မြောက်ကိုရီးယား အစိုးရနှင့် ရင်းနှီးစွာ မဟာမိတ်ဖွဲ့ပြီး အစွမ်းကုန် မိုက်တွင်းနက်ရန် ပြင်ဆင်နေသည်ကို တွေ့ရမည်ဖြစ်ပေသည်။

နအဖစစ်အုပ်စုသည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများကို သူတို့အာဏာတည်မြဲရေးနှင့် ဒေသတွင်းနိုင်ငံများအား စစ်အရေးအရ ခြိမ်းခြောက်ပြီး အသာစီးယူနိုင်ရေးအတွက် ရည်ရွယ်သည့် နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ရေး မိုက်တွင်းကြီးတခု တူးဖော်နေသလို ဒုက္ခပင်လယ်ဝေနေသည့် ပြည်သူလူထုအပေါ် ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဟူသည့် စိတ်ဓာတ်နှင့် မိုက်မိုက်မဲမဲ လျစ်လျူရှု မျက်ကွယ်ပြုသည့် မိုက်တွင်းကြီးတခုကိုလည်း တပြိုင်နက်တည်း တူးဖော်နေသည်ကို တွေ့ရပေသည်။

ထိုသို့ နအဖစစ်အုပ်စု၏ မိုက်တွင်းများ ဆက်လက်တူးဖော်နေမှုကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှု များ ထိရောက်မှုရှိရန် အထူးလိုအပ်လှပေသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း၌ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် သည့် ပြည်သူ့အစိုးရတရပ် အမြန်ဆုံးပေါ်ထွန်းလာရေးအတွက် မြန်မာပြည်သူများကိုယ်တိုင် အားထုတ်လုပ်ဆောင်ရမည်ဖြစ် သလို ဒေသတွင်းနိုင်ငံများမှလည်း ၀ိုင်းဝန်းအကူအညီပေးရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက စစ်အုပ်စု တူးနေသည့် မိုက်တွင်းများကြောင့် အနာဂတ်ကာလတွင် မြန်မာပြည်သူများအားလုံး မတွေးဝံ့စရာ အခြေအနေ ဆိုးများနှင့် ကြုံတွေ့ကြရမည် ဖြစ်သလို ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်ထိပါးမည့် အန္တရာယ်ဆိုးနှင့် ရင်ဆိုင်ကြုံတွေ့ကြရနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

မျိုးဇာနည်
၃ ဇူလိုင် ၂၀၀၉

Wednesday, September 9, 2009

Monday, September 7, 2009

ဗိုလ်ချုပ်ကြီးသူရရွှေမန်းသို့ အိတ်ဖွင့်ပေးစာ..

ဗိုလ်ချုပ်ကြီးသူရရွှေမန်းသို့ အိတ်ဖွင့်ပေးစာ..

အကိုကြီးခင်ဗျာ..
ကျနော် အောင်လင်းထွဋ်ပါ၊ အကိုကြီး တပ်မ ၆၆ နည်းဗျူဟာမှုးတာဝန်ထမ်းဆောင်စဉ် ကရင်ပြည်နယ်ကို စစ်ဆင်ရေးမသွားခင် တပ်မတော်ထောက်လှမ်းရေးညွန်ကြားရေးမှုးရုံး တိုက်ပွဲထောက်လှမ်းရေးဌာနမှာ လာရောက်သြ၀ါဒခံယူစဉ် စစ်ဦးစီးမှုးဒုတိယတန်း ဗိုလ်မှုးအောင်လင်းထွဋ်ရဲ့ Ray Ban ကိုသတိရလိမ့်မယ်လို့ထင်ပါတယ်။ နောင် အကိုကြီးတို့ရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အပတ်စဉ် (၁) သင်တန်းမှာ ကျနော် ထောက်လှမ်းရေးဘာသာရပ် lecture လာပို့တာကိုလည်း အမှတ်ရမိလိမ့်မယ်လို့ထင်ပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့်အရေးယူခံရပြီးနောက် အကိုကြီးပြောခဲ့တဲ့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူးဆိုတဲ့ စကားလုံးဟာ ကျနော်တို့ရင်ထဲမှာရော၊ မြန်မာပြည်သူလူထုနဲ့ တပ်မတော်သားတို့ရဲ့ရင်ထဲမှာရော အခုအချိန်ထိ စွဲကျန်နေခဲ့သလို …အားလုံးကလဲ အကိုကြီးကို မြန်မာနိုင်ငံတော်ကြီးကို အာဏာရှင်စနစ်ထဲက ကယ်တင်မဲ့ ကယ်တင်ရှင်ကြီးဖြစ်လာလိမ့်မယ်လို့ မျော်လင့်မိခဲ့ပါတယ်။ ကျနော်သိရသလောက် တပ်မတော်အရာရှိကြီးများကလည်း အကိုကြီးသာဦးဆောင်မယ်ဆိုရင် ထောက်ခံဖို့အသင့်လို့ပဲလို့သိရပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ရဲ့ခေါင်းဆောင်မှုတွေကိုစိတ်ပျက်နေကြပါတယ်ဆိုတာ အားလုံးကပြောနေကြပါတယ်။ အကိုကြီးဟာ ကျနော်တို့ထက် နိုင်ငံအခြေအနေကို အသိဆုံးဖြစ်သလို ဗိုလ်ချုပ်သန်းရွှေ အကြောင်းကိုလည်း အသိဆုံးပါ။ တပ်မတော်သားများအပါအ၀င် ပြည်သူလူထုနဲ့ နိုင်ငံတကာကသိအောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ၍ နိုင်ငံကောင်းရာကောင်းကြောင်းလုပ်မယ်ဆိုရင် အားလုံးက သာဓုခေါ်ကြပါလိမ့်မယ်။ ကျနော်တို့မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာရော ပြည်ပမှာရော ဒုက္ခရောက်နေကြပါတယ်။ ရွှေမြန်မာတွေ နိုင်ငံတကာမှာ ကျွန်ဖြစ်နေသလို ပြည်တွင်းကမြန်မာတွေလဲ အာဏာပိုင်တွေနှိပ်စက်ချင်တိုင်းနှိပ်စက်ခံနေရတဲ့ စစ်ကျွန်ဖြစ်နေကြပါတယ်။ အကိုကြီးအနေနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ဘာတွေဖြစ်ပြီး ဘာတွေလုပ်နေတယ်၊ ဘယ်လိုစဉ်းစားနေတယ်ဆိုတာ အကိုကြီးအသိဆုံးပါ။ ဒီပဲယင်းအရေးအခင်းရဲ့ တရားခံဟာ
ဗိုလ်ချုပ်ကြီးသန်းရွှေဆိုတာ အကိုကြီးသိပါတယ်။ ဒီပဲယင်းအရေးအခင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖျောင်းဖျခိုင်းတာလဲ ဗိုလ်ချုပ်ကြီးသန်းရွှေပါပဲ။ အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီးတင်လှိုင် ဒုတိယတပ်မတော်ထောက်လှမ်းရေးမှုးချုပ် ဗိုလ်ချုပ်ကျော်ဝင်း တန်ပြန်ထောက်လှမ်းရေးဌာနကြီးမှုး ဗိုလ်မှုးချုပ်သန်းထွန်းတို့ကို အဖွဲ့ ဖွဲ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဆွေးနွေးခိုင်းတာလဲ ဗိုလ်ချုပ်သန်းရွှေပါပဲ။ အဲဒီဆွေးနွေးလို့ကရလာတဲ့ ရလဒ်ကို ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင်သဘောတူပြီးမှ ဖျက်ပစ်တာလဲ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အကိုကြီးသိပြီးဖြစ်ပါလိမ့်မယ် ၂၀၀၄ ခုနှစ်ကဘာတွေ သဘောတူခဲ့တယ်ဆိုတာ သိအောင်ထပ်ပြီးပြောပြရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကိုလွှတ်ပေးမယ် NLD အမျိုးသာညီလာခံပြန်တက်မယ် အမျိုးသားညီလာခံရဲ့ အခြေခံမှုတွေထဲကအချို့အချက်အလက်တွေပြန်ဆွေးနွေးမယ် ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးမယ်ဆိုတဲ့အဓိကအချက်တွေပါပါတယ်။ ဒီသဘောတူညီချက်တွေကို ပထမ ဗိုလ်ချုပ်သန်းရွှေက သဘောတူတယ်ဆိုလို့ ကျနော်တို့ အဖွဲ့တွေ ၉၅% တော့သေချာတယ်ဆိုပြီး ၀မ်းသာမိခဲ့ကြပါတယ်။ အမျိုးသားညီလာခံစဖို့ နီးပြီဆိုမှ ဗိုလ်ချုပ်သန်းရွှေ စိတ်ပြောင်းပြီး စေ့စပ်ညှိနိုင်းရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကို ပြန်လွှတ်မပေးနိုင်သေးဘူးလို့ပြောခိုင်းတယ်။ ဒီစေ့စပ်ညှိနိုင်းရေးအဖွဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုပြန်လယ်သတင်းပို့တော့ ဒေါ်အောင်ဆန်းစုကြည်က ရှင်တို့ယောက်ျားတွေလုပ်နေပြီး ကတိမတည်တဲ့လူတွေလို့မှတ်ချက်ပြုခဲ့တယ်ဆိုတာ အကိုကြီးသိပါလိမ့်မယ်။ ကျနော်ပြောချင်တာက အမျိုးသ္မီးတစ်ယောက်ကို ဒီပဲယင်းမှာ အပြတ်ရှင်းဖို့အမိန့်ပေးခဲ့တယ်၊ လွတ်လာပြီးတော့လဲ ဟိုလိုလိုဒီလိုလိုနဲ့လိမ်ညာပြီးလုံခြုံရေးအရ ထိန်းရပါတယ်ဆိုပြီး ကမ္ဘာကို ဗြောင်လိမ်ခိုင်းတယ် နိုင်ငံတကာရဲ့လေသံရော့သွားမှ ပုဒ်မ ၁၀/ခ ဆိုပြီး လူမသိ သူမသိ ချုပ်တယ်၊ ၅နှစ်ပြည့်လို့ လွတ်ရက်စေ့တော့လဲ ကလိမ်ကကျစ်လုပ်ပြီး ၆နှစ်လို့ပြောတယ် ၆နှစ်ပြည့်လို လွတ်ချိန်တန်တော့ USA က်Mr. Yattaw နဲ့ အကွက်ဆင်ပြီးဖမ်းတယ် ဒါတွေကို ပြန်လေ့လာရင် အကိုကြီးပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါသေးရဲ့လား။ ၂၀၀၉ ခု ဂျွန်လအတွင်းမှာ တရားသူကြီးချုပ် ဦးအောင်တိုး နေပြည်တော်က ဆေးရုံမှာ အရေးပေါ် ဆေးရုံတင်လိုက်ရတာ အဖိုးကြီးရဲ့ Pressure လို့ မခံနိုင်လို့ ဘူးသီးလုပ်ခံရလို့ဖြစ်တယ်လို့သိရတယ်။ တရားသူကြီချုပ်ဆိုတာ ဥပဒေကို ထိန်းရမဲ့ အမြင့်ဆုံးအာဏာပိုင်ပါ။ တရားသူကြီးချုပ်က ထိန်းချင်ပေမဲ့ ဥပဒေထက်က ဗိုလ်ချုပ်မှုးကြီးကထင်ရာစိုင်းပြီး လုပ်ချင်ရာလုပ်နေတာ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါရဲ့လား။ အကိုကြီးခင်ဗျား.. အကိုကြီးကိုယ်တိုင်ပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ မှန်ကန်မြင့်မြတ်တဲ့စကားကို တည်စေချင်ရင် အကိုကြီးကိုယ်တိုင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖယ်ရှားဖို့ပါပဲ။ အဲဒီနောက်မှာ ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အောက်ပါအချက်သုံးချက်ကိုဆောင်ရွက်ပေးဖို့ပါ။
၁ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများပြန်လွတ်ပေးရေး
၂ ။ နိုင်ငံကောင်းရာကောင်းကြောင်းတွေ့ဆုံဆွေးနွေးရေး
၃ ။ အများသဘောတူတဲ့ဖွဲ့စည်းပုံနဲ့အတူ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြုလုပ်ပေးရေးတို့ဖြစ်ပါတယ်။
အကိုကြီး ခင်ဗျာ. ယနေ့မြန်မာနိုင်ငံကို အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့လက်တွင်းကကယ်တင်ဖို့ အကိုကြီးဟာအဓိကဖြစ်ပါတယ်။ ( Psychic reflection ) ဆိုက်ကစ် ရီဖလေးရှင်းဖြစ်နေတဲ့ စိတ္တဇဝေဒနာသည်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှုးကြီးကို အနားပေးဖို့အချိန်တန်နေပါပြီးခင်ဗျာ. နတ်လူသာဓုခေါ်ဖို့ ကျနော်တို့စောင့်နေကြပါတယ်။
အောင်လင်းထွဋ်ပါခင်ဗျာ

Saturday, July 25, 2009

ဖြစ်ပါရစေ။

အဖေ ဖြစ်ဖြစ် … အမေဖြစ်ဖြစ်
တစ်ယောက်တော့ ရှိချင်တယ်။
မကြာခဏ အမှားအယွင်း
လုပ်မိတတ်တဲ့ ကျွန်တော့်ကို ဆုံးမဖို့ …… ။

အဖေဖြစ်ဖြစ်…. အမေဖြစ်ဖြစ်
တစ်ယောက်တော့ ရှိချင်တယ်။
ရုပ်ရှင်တွေထဲကလို ပိုက်ဆံအထပ်လိုက်ကြီးကို
မုန့်ဖိုးအဖြစ် တောင်းယူသုံးနိုင်ဖို့ ……။

ခုတော့ ပန်းကန်လေးတစ်ချပ် …. ကျကွဲတာနဲ့
ကျောကော့အောင် ရိုက်ခံရတဲ့ကျွန်တော် …..
မိဘအရင်းရဲ့ ဆုံးမတာကိုဘဲ ခံချင်တယ် …..။

ခုတော့ ကျွန်တော် …..
ကျောတစ်ခင်းစာရရုံနဲ့
ထမင်း မ၀ရေစာ စားရရုံနဲ့
ဘ၀ကို ပြည့်စုံတယ်လို့ မထင်ဘူး
ချားရဟတ်လေးတော့ စီးချင်တယ် ……။

အဖေဖြစ်ဖြစ် ….. အမေဖြစ်ဖြစ် ….
ရမယ်ဆို လိုချင်မိတယ်။
မကြာခဏ မျက်ရည်လွယ်တတ်တဲ့ ကျွန်တော် ….
အားရပါးရ ငိုကြွေးတာကို
မြင်ရအောင်လို့ ……..။

(ရေးသားသူ ကဗျာရှင် - မင်းသစ်တည်) ။

ကလေးသူငယ်များ မတရား အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးကြပါစေ ……… ။

Sunday, July 19, 2009

Tuesday, June 30, 2009

3 held over export bid of DPRK missile know-how to Myanmar

3 held over export bid of DPRK missile know-how to Myanmar
The Yomiuri Shimbun
YOKOHAMA--Kanagawa prefectural police arrested three people Monday over an attempt to illegally export to Myanmar a magnetic measuring device believed necessary for developing long-range ballistic missile systems on instructions from North Korea, the police said.
Arrested on suspicion of violating the Foreign Exchange and Foreign Trade Law were Lee Kyoung Ho, 41, of Itabashi Ward, Tokyo, president of trading firm Toko Boeki; Miaki Katsuki, 75, of Setagaya Ward, president of a manufacturing firm; and Yasuhiko Muto, 57, of Nerima Ward, president of an export agency.
The police initially thought the company was trying to export the device to North Korea itself via Myanmar, but they then found out the content of the order from a North Korea-aligned Hong Kong-based firm.
As the police now suspect the firm has exported other missile development-related equipment to Myanmar, they believe North Korea was attempting to promote the transfer of missile technologies, such as its Taepodong system, to Myanmar.
According to the police, the three conspired to export the magnetic measuring device to Myanmar via Malaysia around January 2009 at a price of about 7 million yen without seeking approval from the Economy, Trade and Industry Ministry.
Export of the device is restricted under the so-called Catch-all Control that prohibits exports of products that could be used for weapons of mass destruction.
Previously, around September 2008, the company had also tried to export the same instrument to Myanmar's Second Industry Ministry. Both attempts to export the device were aborted immediately before shipment when METI notified the company that it had failed to submit an export application.
According to investigation sources, the prefectural police have analyzed material they seized during a search of Toko Boeki in February this year.
The illegal export attempts to Myanmar were based on an order by the Beijing office of New East International Trading Ltd. based in Hong Kong around spring 2008. The firm is believed to be under the direct control of the Second Economic Committee of Pyongyang's Workers' Party of Korea. The committee is responsible for the party's military procurement.
The company's Pyongyang office has been included in a METI-announced blacklist of companies believed to have been involved in the development of weapons of mass destruction.
Diplomatic ties between Myanmar and North Korea were severed after a 1983 terrorist attack by North Korean agents in Yangon, but the two countries resumed ties in 2007. In 2004 a high-ranking U.S. government official revealed that North Korea had proposed the sale of missiles to Myanmar.
(Jun. 30, 2009)

Thursday, June 25, 2009

မြန်မာပြည်သူလူထုအပေါင်းသို့

မြန်မာပြည်သူလူထုအပေါင်းနဲ့ စာဖတ်ပရိတ်သတ်များခင်ဗျား. မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုတွေဟာ မြန်မာ့နိုင်ငံ၏ နိုင်ငံရေးနှင့်အုပ်ချုပ်မှုစနစ်အပေါ်မှာ လုံးဝဆက်စပ်မှီရှိနေတယ်ဆိုတာ မြန်မာ့သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်လျှင် သဘောပေါက်နိုင်ပါတယ်ခင်ဗျား.။ သို့ပါသောကြောင့် ယ္ခု ကျနော်အနေနဲ့ မြန်မာနိုင်ငံ၏ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် ဟု ခွဲခြားဝေဖန်တင်ပြချင်ပါတယ်.။ အတိတ်ဆိုသည်မှာ ပဒေသရာဇ် ၊ ကုန်းဘောင်ခေတ်မှ မဟုတ်ပါပဲ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက် 1962 ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မဆလ တစ်ပါတီ စနစ်မှ စကြပါစို့.။ မဆလ တစ်ပါတီစနစ်ကို ဦးဆောင်ခဲ့သော ဦးနေ၀င်းဟာမိမိသြဇာအာဏာကြီးမားပြီး အိမ်နီးခြင်းနိုင်ငံများအထိ လွမ်းမိုးချယ်လှယ်နိုင်ရန်ရည်ရွယ်ချက်တွေဖြင့် အစဉ်တစိုက်လုံးပမ်းခဲ့သည်ကို သမိုင်းအထောက်အထားများအရသိရှိရပါသည်.။ မှားယွင်းသောရည်ရွယ်ချက်တွေဖြင့် နိုင်ငံခြားသားပိုင်လုပ်ငန်းများကို ပြည်သူပိုင်ဖျက်သိမ်းဆောင်ရွက်စေခြင်းဖြင့် စီးပွါးရေးဟာ တဖြည်းဖြည်းကျဆင်းလာခဲ့ရခြင်း၊ နိုင်ငံခြားရေးဝါဒကိုမုန်းတီး၍ တံခါးပိတ်ဝါဒကိုကျင့်သုံးခဲ့သဖြင့် လူမှုရေးနှင့် ပညာရေးတွေဟာ နောက်ကျကျန်ခဲ့ရခြင်း စစ်တပ်ကိုသာအဓိကထား အင်အားဖြည့်တင်း၍ မိမိအာဏာခိုင်ခံ့တည်မြဲအောင်ပြုလုပ်ကာ မိမိအား ကန့်ကွက်ဝေဖန်ရှင်းလင်းပြောဆိုသူများကို သတ်ဖြတ်နှိပ်ကွက် အမျိုးမျိုးရှင်းလင်းထုတ်ပစ်ကာ မိမိအားထောက်ခံသူများကိုသာ နေရာပေး စုစည်းလာခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်အရေးသည် လမ်းမှားထဲမှာရွေ့လျှားလာခဲ့ရသည်။ ဤကာလအတွင်း ရဲရင့်သောပညာတတ် ကျောင်းသားများနှင့်နိုင်ငံရေးသမားများ များစွာသတ်ဖြတ်ခြေမှုန်းခြင်းခံခဲ့ရသည့် အဖြစ်အပျက်များသည် မြန်မာနိုင်ငံ၏ ကောင်းသော အနာဂတ်လမ်းမှ လွဲစေသောအဓိကအချက်များလဲဖြစ်သည်။ ထို့အပြင် နိုင်ငံရေးသမားများအား နိုင်ငံ၏အုပ်ချုပ်ရေးလုပ်ငန်းကို မလုပ်ကိုင်စေပဲ စစ်တပ်က မသိနားမလည်စွာဖြင့် ၀င်ရောက်စွပ်ဖက်ချယ်လှယ်ခဲ့သောကြောင့် ဤသို့ဖြစ်ရခြင်းဖြစ်၏။ ဤသို့ဖြင့် 1988 ခုနှစ်တွင် ကျောင်းသားပြည်သူများ အသက်ပေါင်းမြောက်များစွာပေးဆပ်၍ ခေတ်တစ်ခုပြောင်းလဲရန်ကြိုးစားခဲ့ကြသော်လည်း မသမာသူ စစ်အုပ်စုတစု၏ အာဏာမက်မောမှုတွေကြောင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ကံကြမ္မာအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ရသည်မှာ လက်ရှိမြင်တွေ့နေရသည့်ပစ္စုပ္ပန်အခြေအနေပင်ဖြစ်သည်။ အာဏာမက်မောရှုးသွတ်သူ ဗိုလ်ချုပ်သန်းရွှေ သည် ခေတ်ကာလ အခြေအနေကို အခွင့်ကောင်းယူအသုံးချ၍ မိမိ၏ဆရာသမားနှင့် လုပ်ဖေါ်ကိုင်ဖက်များကိုပါ တက်နင်းစတေးပြီး အာဏာ ရာဇာပလ္လင်ကို ဘုရင်အမှတ်ဖြင့်ထင်ယူအုပ်ချုပ်ပြန်လေ၏။ ဗိုလ်ချုပ်သန်းရွှေ သည် ထုံထိုင်းအနသော ပုံအသွင်ဆောင်သော်လည်း သူ၏ အကြံအစီများသည် အလွန်တရာမှ ရက်စက်ကြောက်မက်ဖွယ်ကောင်းလှသည်ကို ယ္ခုလက်ရှိပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အစည်းများ မည်သူမျှ သတိပြုမိဟန်မရှိခြေ။ ဗိုလ်ချုပ်သန်းရွှေသည် ယ္ခင်သူ၏ အကြံအစည်များအတိုင်း ခေါင်းဆောင်ရာထူးကို ရရှိရန် တစိုက်မတ်မတ်ကြိုးပမ်းခဲ့ရမှ 1992 ခုနှစ်တွင် သူ၏ ကောက်ကျစ်သောအကြံအစည်များဖြင့် ဗိုလ်ချုပ်စောမောင်ကို ဖြုတ်ချ နေရာရယူခဲ့ရာမှစ၍ သူအားထောက်ခံသူများကို စုစည်းလာခဲ့သည်။ သူ့အတွက် အန္တရာယ်ဟူု ယူဆသူအားလုံးကို ဖယ်ထုတ်၍ နိုင်ငံတကာမှ စစ်အစိုး၏လူ့အခွင့်အရေးများချိုးဖေါက်မှု၊ ဥပဒေမဲ့တရားရေးစီရင်မှုများဖြင့် နိုင်ငံရေးသမားများအား ညှင်းပန်းနှိပ်စက်ထောင်ချနေခြင်းများကို ရပ်တန့်စေရန်အပြင် မြန်မာပြည်သူများအားလုံးကတောင်းဆိုနေသော ဒီမိုကရေစီအုပ်ချုပ်ရေး ပေါ်ပေါက်လာစေရန် စသောစသော အချက်များအတွက် ဖိအားပေးတောင်းဆိုနေမှုများကို အတင်းအလျှော့ပေးလုပ်ဆောင်ရင်း တဖက်မှ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်း လွှတ်ပေးခြင်းများဖြင့် ကစားလျှက် အချိန်ယူကာ သူ၏အုပ်ချုပ်မှု ယန္တရားချောချောမောမော လည်ပတ်နိုင်ရန်အတွက် သူရဲ့သြဇာခံ စစ်အရာရှိများကို အရပ်ဖက်အသွင်ပြောင်းစေကာ အုပ်ချုပ်ရေးဌာနအသီးသီး၌ တဖြည်းဖြည်းဝင်ရောက်နေရာချယူ ခိုင်းစေလာနေသောအချက်များကို မေ့လျော့နေကြပေသည်။ ဤကဲသို့ သတိမပြုမိစေရန်အတွက်လည်း လူအများအာရုံစိုက်စေသော ပြဿနာအမျိုးမျိုးဖြင့် မရိုးရအောင် အမြဲအာရုံလမ်းကြောင်းလွှဲလျှက်ရှိသည်ကို ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များသတိမှုကြစေလိုသည်။ ဗိုလ်ချုပ်သန်းရွှေ၏ ရက်စက်ယုတ်မာသော အကြံအစည်များ မကြာမှီ လူအများသိမြင်လာကြပါလိမ့်မည်။ ဗိုလ်ချုပ်သန်းရွှေသည် သူ၏ မတရားရယူထားသော အာဏာ တည်တံ့ရေး၊ သူအမိန့်ပေးလုပ်ဆောင်ခဲ့သော ဥပမာ-အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နှိပ်ကွက်ခြင်းအပြစ်များမှပပျောက်နိုင်ရေးတို့အတွက် မိမိ၏ အသွင်ပြောင်းပါတီ တရားဝင်အာဏာရရှိရေးအတွက် ကြိုးပမ်းလာသော ခြေလှမ်းများကို ပြည်သူအများမြင်ကြပါ၏လော။ ဗိုလ်ချုပ်သန်းရွှေသည် မိမိအလိုကျရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေကိုလည်း မတရားသောနည်းလမ်းဖြင့် လူထုထောက်ခံမှုကိုလိမ်လည်ယူကာအတည်ပြုကြိုးစားနေစဉ်အတွင်း မကြာမီကပင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ယုတ်မာစွာအကွက်ဆင်ဖမ်းဆီးမှုပြုလုပ်နေသည်။ ဤအချက်သည် နိုင်ငံတကာကို သွေးတိုးစမ်းနေခြင်းမဖြစ်နိုင်ပါ။ ရည်ရွယ်ချက်ရှိရှိ အကွက်စိတ်စိတ်ဖြင့် ယုတ်မာစွာ ကြံစည်နေသော ဗိုလ်သန်းရွှေ ၏ လာမည့်2010 ခုနှစ်တွင်ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်နိုင်မှုမရှိစေရန်အတွက် ရွှေ့သော ကျားတကွက်ပင်ဖြစ်သည်ဟု ကျနော်မြင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် NLD ပါတီ ရွေးကောက်ပွဲတွင်ဝင်ရောက်မပါဝင်နိုင်ခဲ့လျှင် ဗိုလ်ချုပ်သန်းရွှေ၏ အသွင်ပြောင်းအဖွဲ့ဖြစ်သော ကြံဖွံ့အုပ်စုသည် ပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်ရောက်ကာ မတရားသောနည်းလမ်းများဖြင့်ပင် နိုင်ငံတော်အာဏာကို တရားဝင်အဖြစ်အနိုင်ယူကာအုပ်ချုပ်ဖို့အတွက်ပင်ဖြစ်ပေသည်။ လက်နက်ကိုင် အဖွဲ့အစည်းများမှအစ နိုင်ငံရေးအတိုက်အခံအဖွဲ့များကိုပါ တစတစချေမှုန်းသွားမည်ကို မကြာခင် ထင်ထင်ရှားရှားတွေ့မြင်နိုင်မှာဖြစ်သည်ဟု ကျနော်ယုံကြည်သည်။ သို့သော် ထိုအချိန်၌ ကျနော်တို့ပြည်သူများနှင့် လက်ရှိပြည်တွင်းပြည်ပရှိ နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့် အလွန်တရာပင် အချိန်နှောင်းနေမည်ဖြစ်ပါ၍ ယ္ခုအချိန်မှစ၍ဤ္မအဖြစ်ဆိုးများမှကာကွယ်ရန် ကြိုတင်ပြင်ဆင်ဖို့ကျနော်နှိုးဆော်ပါသည်။ ဗိုလ်ချုပ်သန်းရွှေသည် အတိုက်အခံပါတီများကို ဖျက်သိမ်း၍ မြန်မာပြည်သူအားလုံးအား သူ၏ တသွေးတသံအမိန့်ကို နာခံစေပြီး နျူးကလီးယားလက်နက်များဖြင့် ကမ္ဘာကိုခြိမ်းခြောက်နိုင်မည်ဟုထင်နေသော ဘုရင်အဖြစ်ဖြင့်စိတ်ကူးယဉ်ရှုးသွတ်နေခြင်းကြောင့် ကျနော်တို့မြန်မာနိုင်ငံသည် အီရတ်နိုင်ငံအလား စစ်မြေပြင်အသွင်ဆောင်သွားမည်ဖြစ်ပါသောကြောင့် ယ္ခုအချိန်မှစ၍ ပိုမိုပြီးလက်တွဲညီညီဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို အချိန်မှီတိုက်ထုတ်ခြေမှုန်းနိုင်ရန်အတွက် ကြိုးစားကြပါရန်ကျနော်အနေဖြင့်ဖိတ်ခေါ်ပါသည်။ စစ်အာဏာရှင်စနစ်တည်ရှိနေသရွေ့ ကျနော်တို့မြန်မာပြည်သူများသည် စစ်တပ်အောက်၌ပိုမိုဖိနှိပ်ချုပ်ချယ်ခံရမည့်အပြင် နိမ့်ကျသောစီးပွါးရေးလူမှုရေးများနှင့် ဆင်းရဲနွမ်းပါးသောလူအခွင့်အရေးများဖြင့်သာ အသက်ရှင်နေထိုင်သွားရမည်မှာ မြန်မာနိုင်ငံ၏အနာဂတ်ဖြစ်ပါသောကြောင့် ဗိုလ်ချုပ်သန်းရွှေဦးဆောင်နေသော စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးခြေမှုန်းပစ်ရန် ထပ်မံတိုက်တွန်းပါသည်။
ကျနော်တို့တတွေသည် ပြည်ပမှ မည်သည့်နိုင်ငံကိုမှ မျှော်လင့်အားကိုးနေရွေ့မဖြစ်နိုင်ပါ။ ပြည်ပနိုင်ငံများသည် သူတို့နိုင်ငံ၏ အစိုးရပေါ်လစီများပေါ်တွင်အခြေခံကာ မိမိနိုင်ငံအကျိုးကိုသာရှေ့ရှု၍ နအဖစစ်အစိုးရနှင့် တိုက်ရိုက်သော်၎င်း သွယ်ဝှက်၍သော်၎င်း ဆက်ဆံသွားကြမည်ဖြစ်ပြီး ကျနော်တို့မြန်မာပြည်သူများအတွက် မျက်နှာပန်းလှရုံမျှသာ ထောက်ပံ့ကူညီပေးသွားကြမည်ဖြစ်ပါ၍ ယ္ခုအချိန်မှစကာ ကိုယ့်အားကိုယ်ကိုးပြီး ငြိမ်းချမ်းစွာ တော်လှန်ကြရမည်ဖြစ်ပါသည်။ စစ်ဘီလူး ဗိုလ်ချုပ်သန်းရွှေအုပ်စုကို ဆန့်ကျင်တော်လှန်ရာမှာ အသက်ပေါင်းများစွာသာ စတေးရမည်ဖြစ်သောကြောင့် ယ္ခင် ကျနော်ဖြန့်ဝေခဲ့ဖူးသည့် မြေအောက်တော်လှန်ရေး နည်းလမ်းများအတိုင်း စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကြီးကို ရပ်တန့်ပြိုကွဲစေသောနည်းလမ်းများဖြင့် ဆန့်ကျင်တော်လှန်သွားကြပါစို့-လို့ တိုက်တွန်းနှိုးဆော်ရင်း ကျနော်တို့ဖြင့် လက်တွဲရန် မြန်မာပြည်သူလူထုကြီးကိုလည်း ဖိတ်ခေါ်ပါသည်။

ဂဠုန်မင်း

Friday, June 19, 2009

ဲမြန်မာစစ်အစိုးရနှင့် နျူကလီးယား

လွန်ခဲ့သောနှစ်အနည်းငယ်က အရှေ့တောင်အာရှ၏သံတမန်အဖွဲ့အစည်းများသည် ကမ္ဘာအလျို့ဝှက်ဆုံးနဲ့ အထီးကျန်ဆုံးဖြစ်နေသော မြန်မာနိုင်ငံအတွင်းမှ ယိုစိမ့်လာသော အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေရဲ့အခြေအမြစ်တွေကို ဖေါ်ထုတ်နိုင်ဖို့်ကြိုးစားခဲ့ကြပါသည်။ ရုရှားနိုင်ငံ၏အကူအညီဖြင့် မြန်မာအစိုးရ၏ နျူးကလီးယားထုတ်လုပ်နိုင်ရေးအစီအစဉ်နှင့် မြောက်ကိုရီးယားနိုင်ငံနှင့်ထူးခြားသောဆက်ဆံရေးတို့ကြောင့် မြန်မာစစ်အစိုးရ၏ရည်ရွယ်ချက်များမှာ ဒေသတွင်း၌စိုးရိမ်ပူပန်မှုများကြီးထွားလာခဲ့ရပါသည်။
ထိုင်းနိုင်ငံအခြေစိုက်မြန်မာ့ပြည်နှင်ခံများ၏အဆိုအရ မြန်မာနိုင်ငံနျူးကလီးယားထုတ်လုပ်နိုင်စွမ်းအစီအစဉ်ကို ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံတို့ကကူညီလျှက်ရှိပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း၌အလားတူ အီရပ်ပြည်နှင်ဒါဏ်ခံများထံမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များမှာလဲ မဟုတ်မမှန်ကြောင်းထွက်ပေါ်လာသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများမှာ ဇဝေဇ၀ါဖြစ်နေခဲ့သည်။ ဥပမာအားဖြင့် Griffith တက္ကသိုလ် အတွက်သုတေသနစာလွှာတွင် သြစတြေလျှနိုင်ငံသား ကျွမ်းကျင်ပါရဂူ Andrew Selth ကအဆိုပါသတင်းအချက်ကိုပယ်ချခဲ့ပါသည်။
သို့သော်ငြားလည်း တိကျသောအချက်အလက်များသည် သံသယဖြစ်ဖွယ်မရှိပါ။ မြန်မာနိုင်ငံ၏ ပထမဆုံး နျူးကလီးယားသုတေသနအစီအစဉ်သည် 1956 ခုနှစ်ကတည်းကစတင်ခဲ့ပြီး ထိုအချိန်ဒီမိုကရက်တစ်အစိုးရအဖွဲ့သည် မြို့တော်ရန်ကုန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အနုမြူစွမ်းအင်ဗဟိုဌာန (UBAEC) ကို တည်ထောင်ခဲ့ပါသည်။ 1962 ခုနှစ် စစ်အာဏာသိမ်းပိုက်သည့်အချိန်မှစ၍ ဗိုလ်ချူပ်နေ၀င်းဦးဆောင်သောအာဏာပိုင်အဖွဲ့သည် (UBAEC)၏ ဥက္ကဌဖြစ်သူ ဦးလှညွန့်ကို မယုံကြည်သည်ကတကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးဌာနအတွက်အကျိုးအမြတ် ဆက်နွယ်မှုမရှိခဲ့သည်တို့ကြောင့် အဆိုပါအဖွဲ့အစည်းကို ရပ်ဆိုင်းခဲ့ပါသည်။
2001 ဖေဖေါ်ဝါရီလတွင် လက်ရှိစစ်အစိုးရ နအဖသည် နျူးကလီးယားသုတေသနအစီအစဉ်ကို ပြန်လည်စတင်ရန်ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်တပြိုင်နက်တည်း၊ ရုရှားနိုင်ငံအနုမြူစွမ်းအင်ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ၁၀မီဂါဝပ်ရှိနျူးကလီးယားသုတေသနဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ရန်အစီအစဉ်ကိုကြေငြာခဲ့ပါသည်။
2001ခုနှစ် ဂျူလိုင်လတွင် မြန်မာနိုင်ငံသည် အနုမြူစွမ်းအင်ဌာနကိုတည်ထောင်လိုက်ခြင်းသည် စစ်တက္ကသိုလ်ဆင်း အမေရိကန်သံအမတ်ဟောင်းဖြစ်ခဲ့ဖူးသူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၀န်ကြီးဦးသောင်း၏ အကြံအစည်ဖြစ်နိုင်သည်ဟုယူဆရပါသည်။
2002 ခုနှစ်ဇန္န၀ါရီလ 21 ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌စစ်ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်ချူပ်ကျော်ဝင်းထုတ်ပြန်ခဲ့သောကြေငြာချက်တွင် “မြန်မာ့နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရန်ဆုံးဖြတ်ချက်သည် နိုင်ငံအတွက်လိုအပ်နေသော ခေတ်မှီနည်းပညာများ ရရှိလာရေးကိုရှေ့ရှုပြီး၊ ရရှိသောရေဒီယိုဓါတ်ရောင်ခြည်ကုသမှုအခွင့်အလမ်းကို ငြိမ်းချမ်းစွာအသုံးပြုရေး၊ ပညာရှင်များကို လေ့ကျင့်သင်ကြားပြီး
နျူကလီးယားပါဝါမှ လျှပ်စစ်ဓါတ်အားထုတ်လုပ် အသုံးပြုရေးအတွက် စသောငြိမ်းချမ်းသောရည်ရွယ်ချက်တွေပေါ်တွင် အခြေခံကြောင်း” ပါရှိပါသည်။
တိုင်းပြည်၌လျှပ်စစ်ထုတ်လုပ်ဖြန့်ဝေမှုဆိုးဆိုးဝါးဝါးလိုအပ်နေချိန်တွင် ဆေးကုသမှုအတွက် အဓိကရည်ရွယ်ချက်ဖြင့် နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့လိုအပ်သည်ဆိုခြင်းသည် မရေရာသောအချက်ဖြစ်ပါသည်။ ဦးနှောက်၊အရိုး၊အော်ဂမ်များ၊အဆုပ်နှင့် သွေးစီးဆင်းမှု များကိုကုသသော အဆင့်တန်းမြင့်နည်းပညာဖြစ်သော ဓါတ်ရောင်ခြည်ကုသမှုအတွက်ဆိုခြင်းမှာ မြန်မာ့အခြေခံကျမ်းမာရေးလုပ်ငန်းအတွက် စိတ်ကူးယဉ်ပြရပ်တခုသာဖြစ်ပါသည်။
သို့သော်လည်း မြန်မာစစ်ခေါင်းဆောင်ကြီးများအလိုရှိနေသော ရုရှားလုပ် နျူကလီးယားဓါတ်ပေါင်းဖိုဆိုသည်မှာ 1965 ခုနှစ်က မြောက်ကိုရီယားနိုင်ငံ ရောင်ဘွုင်းတွင် ရုရှားနိုင်ငံကတည်ဆောက်ပေးခဲ့သော နျူကလီးယားဓါတ်ပေါင်းဖိုမှ နောက်ပိုင်းတွင် မြောက်ကိုရီယားနိုင်ငံအာဏာပိုင်တွေက နျူကလီးယားလက်နက်တွေအတွက် ပလူတိုနမ်များသန့်စင်ထုတ်လုပ်လျှက်ရှိနေသော 5 မီဂါဝပ်ရှိ နျူကလီးယားဓါတ်ပေါင်းဖိုမျိုးပင်ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြကြပါသည်။
မြန်မာစစ်ခေါင်းဆောင်ကြီးများသည် မြောက်ကိုရီးယားတွေအနေနဲ့ အမေရိကန်နိုင်ငံကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေရတယ်ဆိုတာကို သတိပြုမိပေမဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံရမည်ကို သိနေသော်လည်း အောက်အီးနိုင်စွမ်းမရှိပေ။
1983 ခုနှစ် ဗုံးဖေါက်ခွဲမှုဖြစ်ပေါ်ပြီးသံတမန်အဆက်သွယ်ဖြတ်တောက်ခဲ့ပြီးနောက် 2007 ခုနှစ်ဧပြီလတွင် မြောက်ကိုရီးယားတို့နှင့်သံတမန်ရေးရာပြန်လည်ဆက်သွယ်ခဲ့ပြီးမကြာခင် မြောက်ကိုရီးယား ကုန်တင်သင်္ဘော Kang Nam I သီလ၀ါဆိပ်ကမ်းတွင်ဆိုက်ကပ်လာခဲ့ချိန်မှစ၍ အစီရင်ခံစာတွေဟာ မရှင်းမလင်းဖြစ်လာခဲ့ရပါသည်။ မြန်မာအာဏာပိုင်တွေကတော့ မုန်တိုင်းခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ကြောင်းဆိုပါသည်။ သို့သော်လည်း ဂျပန်သတင်းဌာနအတွက်အလုပ်လုပ်ပေးနေသော မြန်မာသတင်းထောက်နှစ်ဦးအား သီလ၀ါဆိပ်ကမ်းသို့ စုံစမ်းရန်အသွားတွင် ခေတ္တမျှထိန်းသိမ်းထားခြင်းကြောင့် သာမန် အလည်အပတ်ကိစ္စထက် အခြားလျှို့ဝှက်ချက်များရှိနေကြောင်းညွှန်ပြနေပါသည်။
2007 ဂျူလိုင်လထုတ်ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ “အံ့မခန်းဖွယ်တိုက်ဆိုင်မှု” သတင်းဆောင်းပါးတွင် တန်ချိန် 2900 ရှိ မြောက်ကိုရီးယား ကုန်တင်သဘောင်္MV Bong Hoafan သည်မုန်တိုင်းခိုလှုံရန်အတွက်ဆိုက်ကပ်ကျောက်ချခဲ့ကြောင်းသိရပါသည်။ မြန်မာအာဏာပိုင်များက သဘောင်္ပေါ်တွင် သံသယရှိဖွယ်ရာ စစ်လက်နက်ပစ္စည်းတစုံတရာမတွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သော်လည်း ရန်ကုန်ရှိ ဂျာနယ်သတင်းထောက်များနဲ့ သံတမန်များမှာတော့ သံသယများကျန်ရှိနေဆဲဖြစ်ပါသည်။
တချိန်တည်းတွင် တောင်ကိုရီးယားယွန်ဟသတင်းဌာန၏အစီရင်ခံစာတွင် မြန်မာဆိပ်ကမ်း၌ မြောက်ကိုရီးယားကုန်တင်သဘောင်္ပေါ်မှ တာဝေးပစ်စစ်လက်နက်များ သယ်ချနေသည်ကို ယုံကြည်ဖွယ်တွေ့ရကြောင်း အမေရိကန်စောင့်ကြပ်ရေးအဖွဲ့က ဖေါ်ပြထားပါသည်။
နှစ်ပေါင်းများစွာ စေ့စပ်ညှိနိုင်းပွဲများပြုလုပ်ခဲ့ပြီးနောက် မေလ 2007 ခုနှစ်တွင် ရုရှားအနုမြူစွမ်းအင် အင်ဂျင်စီအဖွဲ့ ရိုစတုမ်က နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့လုပ်ငန်းကိုကြေငြာခဲ့ပြီး ပလူတိုနမ်မဟုတ်သော အင်အားပျော့ယူရေနီယမ်ကိုသာ ဓါတ်ပေါင်းဖိုတွင်အသုံးပြုမည်ဖြစ်ကြောင်း ၎င်းဌာနမှဆိုပါသည်။ အစပိုင်းသဘောတူစာချုပ်အရ 2001 ခုနှစ်ကတည်းက စစ်ဖက်အရာရှိအများစုပါဝင်သော မြန်မာလူမျိုး 350 ကျော်မှာ ရုရှားနိုင်ငံတွင် လေ့ကျင့်သင်ကြားနေပြီးဖြစ်ပြီး အဲဒီနောက်တွင်လည်း နောက်ထပ်တရာကျော်ခန့် ရုရှားတက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားနေပါသည်။
ရိုစတုမ်းဥက္ကဌ Sergey Kiriyenko နှင့် ဦးသောင်းတို့သည် 2007 ခုနှစ် မေလတွင် မော်စကိုမြို့၌ နှစ်ဖက်အပြီးသပ်လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ့နယ်မြေထဲတွင် နျူကလီးယားလေ့လာသင်ကြားရေးဗဟိုဌာနကို ပူးတွဲဖွင့်လှစ်ရန်ကိုလည်း သဘောတူညီခဲ့ကြကြောင်း ရိုစတုမ်းသတင်းဌာနမှထုတ်ပြန်ပါသည်။ ၎င်း သင်ကြားရေးဗဟိုဌာနတွင် 20%သာပါဝင်သောယူရေနီယမ်-235 မှထုတ်လုပ်နိုင်သော 10မီဂါဝပ်အားရှိ နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်နိုင်ရေး၊ စမ်းသပ်ခွဲဖြာရေးဓါတ်ခွဲခန်းတပ်ဆင်ရေး၊ ဆီလီကွန်ဒြပ်စင်အရည်ပျစ်ထုတ်လုပ်မှုနည်းစနစ်၊ ဆေးပညာအတွက် ရေဒီယိုဓါတ်ရောင်ခြည်ထုတ်လုပ်မှုဆိုင်ရာဓါတ်ခန်းခွဲခန်း၊ နျူကလီးယား စွန့်ပစ်ပစ္စည်းများ သိုလှောင်ရေးအတွက်လိုအပ်သော အထောက်အပံ့ပစ္စည်းများပါဝင်ပါသည်။ ၎င်းဌာနသည် အိုင်အေအီးအေ(နိုင်ငံတကာ နျူကလီးယားစွမ်းအင်ထိန်းချူပ်ရေးအဖွဲ့ ) ၏ ထိန်းချူပ်မှုအောက်တွင်ရှိမည်ဖြစ်ပါသည်။ သို့သော်ငြားလည်း ထိုကိစ္စနှင့်ပတ်သက်၍ အိုင်အေအီးအေ အဖွဲ့က 2007 ခုနှစ်မေလ 17 ရက်နေ့တွင် နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ရေး အစီအစဉ်ကို မြန်မာအာဏာပိုင်များမှ အစီရင်ခံစာပေးပို့ခြင်း တစုံတရာမရှိကြောင်း ထုတ်ပြန်ပါသည်။ နျူကလီးယားမပြန့်ပွားရေး သဘောတူစာချူပ်တွင် လက်မှတ်ရေးထိုးထားခြင်းကြောင့် နျူကလီးယားဆိုင်ရာလေ့လာစုံစမ်းမှုများပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ခွင့်ပြုလက်ခံရမည်ဖြစ်ပေသည်။
သဘောတူညီချက်ဆိုသည်မှာ 2003 ခုနှစ်နိုဝင်ဘာလတွင် နော်ဝေးနိုင်ငံရှိ ဒီမိုကရက်တစ်မြန်မာ့အသံမှ လွှတ်ထုတ်ခဲ့သော စစ်ဖက်အရာရှိ (80) ဦး နျူကလီးယားနှင့်အနုမြူစွမ်းအင်လေ့လာသင်ကြားခံယူရန် မြောက်ကိုရီးယားနိုင်ငံသို့ထွက်ခွာသွားသည်ဆိုသော သတင်းကို ဆိုလိုခြင်းမဟုတ်ပါ။ အထက်ပါသတင်းနှင့်ပတ်သက်၍အတည်မပြုနိုင်သေးသော်လည်း အကယ်၍မှန်ကန်သည်ဖြစ်သော် မြန်မာအာဏာပိုင်များအနေဖြင့် လက်ရှိဝယ်ယူရန်မတတ်နိုင်သေးသော်လည်း အလိုရှိနေသော မစ်ဇိုင်းဒုံးကျည်လက်နက်များပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများလေ့ကျင့်သင်ယူရန် သွားရောက်ကြခြင်းသာဖြစ်ဖို့ ပိုများကြောင်းဆိုပါသည်။ 2008 ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံမန္တလေးမြို့မှတဆင့်အီရန်နိုင်ငံသို့ပျံသန်းနိုင်ရန် မြောက်ကိုရီးယားလေယာဉ်ကို အိန္ဒိယတို့က သူတို့၏လေကြောင်းပိုင်နက်မှဖြတ်သန်းသွားလာခွင့်ကို ရုတ်သိမ်းလိုက်ချိန်မှစ၍ အာရုဏ်စူးစိုက်မှုနိုးကြားလာခဲ့ကြသည်။ အီလူးရှင်း-62 လေယာဉ်ဖြင့် အမျိုးအမည်မသိကုန်ပစ္စည်းများကို မည်သည့်နိုင်ငံသို့ တဆင့်သယ်ဆောင်နေသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။
မကြာသေးမီက တိုင်းပြည်မှထွက်ပြေးတိမ်းရှောင်လာသော သိပ္ပံပညာဆိုင်ရာ စစ်ဖက်အရာရှိ ၂ဦးက မြန်မာ၊ရုရှား၊မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံတို့၏ကူးလူးဆက်ဆံမှုများကိုထုတ်ဖေါ်ဖွင့်ဟခဲ့ပါသည်။ ၎င်းတို့အဆိုအရ ပခုက္ကူခရိုင်မြောက်ပိုင်း မြိုင်မြို့နယ်၌ ရုရှားနိုင်ငံ၏အကူအညီဖြင့် အေးချမ်းစွာသုတေသနပြုလုပ်ခြင်းဟုနအဖကဆိုနေသော ၁၀မီဂါဝပ်ရှိ နျူကလီးယားဓါတ်ပေါင်းဖိုကို တည်ဆောက်နေကြောင်းသိရပါသည်။ ထို့အပြင် ၎င်းပြည်ပြေးနှစ်ဦးတို့က မေမြို့ခေါ် ပြင်ဦးလွင်တောင်ပိုင်းတွင်လည်း အလားတူတွေ့ရှိနိုင်ကြောင်း ရုရှားလူမျိုး(၃)ဦးကလုပ်ငန်းများကိုကူညီစောင့်ကြတ်ပေးနေပြီး မြောက်ကိုရီးယားလူမျိုးများကတော့ လိုင်းခေါင်းဖေါက်တူးခြင်းနှင့် နျူကလီးယားဓါတ်ပေါင်းဖိုအတွက် ရေအေးစနစ်လုပ်ငန်းများတွင် ဆောင်ရွက်နေကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပါသည်။ ထို့အပြင် 2007ခုနှစ်တွင်း၌ အီရန်စစ်ဖက်ထောက်လှန်းရေးအရာရှိ "Mushavi," မှုရှဟိ ကိုယ်တိုင် မြန်မာနိုင်ငံသို့ အလယ်အပတ်ရောက်ရှိလာခဲ့ပြီး နျူကလီးယားဆိုင်ရာနည်းပညာနှင့် ကွန်ပြူတာသုံး ဒုံးကျည်ဆိုင်ရာနည်းစနစ်တွေကို ဝေငှဖလှယ်ကြကြောင်းထပ်ဆင့်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ယူရေနီယမ်ထုတ်လုပ်နိုင်သော သတ္ထုသိုက် (၅) နေရာရှိကြောင်းအားလုံးဟာ စစ်လက်နက်တွင်တပ်ဆင်အသုံးပြုရန်အတွက် အရည်အသွေးနိမ့်ကျကြောင်း စွမ်းအင်ဝန်ကြီးဌာနမှအတည်ပြုထားပါသည်။ သို့သော် တရားဝင်အတည်ပြုထားခြင်းမရှိသေးသော အခြား သတ္ထုသိုက် (၂) ခုမှာ ကချင်ပြည်နယ် မိုးညှင်းနှင့် မိုးကုတ်မြို့တို့တွင်ဖြစ်ကြောင်း ၎င်းနေရာတို့မှထွက်သော သတ္ထုရိုင်းများကို ထိုမြို့နှစ်မြို့ကြားရှိ သပိတ်ကျင်းသို့ သန့်စင်ရန် သယ်ဆောင်လျှက်ရှိကြောင်းကို ၎င်းပြည်ပြေးနှစ်ဦးမှထုတ်ဖေါ်ပြောဆိုပါခဲ့ပြန်ပါသည်။
အထက်ပါ သတင်းအချက်အလက်များသည် အတိအကျအတည်ပြုရန်ခက်ခဲသလို မဟုတ်မှန်ကြောင်းထောက်ပြရန်လည်း မဖြစ်နိုင်သောအခြေအနေဖြစ်ပါသည်။ သို့သော်လည်းမြန်မာနိုင်ငံအနေဖြင့် နျူကလီးယား ပိုင်ဆိုင်မှုကြိုးပမ်းနေခြင်းသည် အိမ်နီးခြင်းနိုင်ငံအားလုံးအတွက် စိုးရိမ်စရာဖြစ်သလို ပြည်တွင်းနိုင်ငံရေးအာဏာတည်ငြိမ်မှုအတွက်လည်းရင်လေးစရာပင်ဖြစ်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် နျူကလီးယားအစီအစဉ်ရှိသည်ဆိုသည်မှာ သေချာသောအရာဖြစ်သည်။ ဤကဲသို့ စစ်ခေါင်းဆောင်ကြီးများ၏ နျူကလီးယားအင်အားဖြင့် အာဏာကို ထိန်းချူပ်မည်ဆိုသော အချက်မှာ အလွန်တရာစိုးရိမ်ကြောက်မက်ဖွယ်ကောင်းကြောင်းတင်ပြအပ်ပါသည်။

ဂဠုန်မင်း
ပြည်တွင်းမှပေးပို့သောသတင်းအချက်များနှင့် ပြည်ပသတင်းစာဆောင်များကိုဘာသာပြန်ကိုးကားထားပါသည်။

Friday, June 12, 2009

For SPDC


ဂျာမဏီနိုင်ငံ ဘာလင်မြို့ ၊မြန်မာသံရုံးရှေ့တွင် ကျင်းပခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှမြန်မာပြည် သူ လူထုအပေါ်အကြောင်းအမျိုးမျိုးပြုကာ ရက်စက် ကြမ်းကြုတ်မှု အမျိုးမျိုး၊ပြည်သူလူထုအပေါ်ကျရောက်သော သဘာဝဘေး အန္တရာယ် အမျိုးအမျိုးတို့ ကို ဂရုဏာသက် ပြုစုစောင့်ရှောက် ရမည့်အစား လျစ်လျူရှုမှု အမျိုးမျိုး၊ပြည်သူလူထု တိုင်းရင်း သားလူမျိုးများ အပေါ် ဗိုလ်ကျစိုးမိုး၍အကြင်နာတရား ကင်းမဲ့စွာ လူမျိုးတုန်း သတ်ဖြတ်မှု အမျိုးမျိုး၊သားသမီးချင်း ကိုယ်ချင်း မစာနာစွာ ကျူးလွန်ဖောက်ပြန်သော မုဒိန်းမှုအမျိုးမျိုး၊ မိမိအာဏာကို တက်မက်ဖက်တွယ်မှု ကြီးစွာဖြင့် အမျိုးဘာသာ၊သာသနာ အပေါ်တွင် မောက်မာ စော်ကား မှုအမျိုးမျိုးတို့ကို ယုတ်မာရိုင်းစိုင်းကာ အကြိမ်ကြိမ်အခါခါ ကျူးလွန်ခဲ့မှု များအပေါ် တန်ပြန်သော အားဖြင့် စစ်အာဏာရူး ခေါင်း ဆောင်များအား ဥရောပရှိ မြန်မာအရေး လှုပ်ရှားသူများမှ မြန်မာ ပြည်သူ လူထု၏ သောကမျက်ရည်များကို တိုင်တည်၍ စိတ်ရောကိုယ်ပါ ၀ိုင်းဝန်းအားထုတ်၍ အောက်ပါ ကျိန်စာကို ကျိန်ဆို ခဲ့ကြပါသည်။၎င်းတို့၏ လိမ်ညာဖုံးကွယ်၍ မရနိုင် သော ကျုးလွန်ခဲ့မှုများအပေါ်သစ္စာတည်၍လည်း ဤကျိန်စာသည် အမှန်တကယ် ကျ ရောက်စူးရှ ပါစေသတည်း......။ ဤကျိန်စာအား စစ်အစိုးရအပေါ် နာကျဉ်းရွံရှာသူ မည်သူမဆို ကူးယူရွတ်ဆိုနိုင်ရန်အတွက် စာသားများနှင့် တကွ ကူးယူဖော်ပြ လိုက်ပါသည်။
ပေးပို့သူ...မြန်မာ့ရေးရာဌာန(ဂျာမဏီ)

Saturday, June 6, 2009

Friday, June 5, 2009

ဗမာ့နိုင်ငံရေးနှင့် ကျွန်ုပ်တို့ အမြင်


Saturday, June 6, 2009

ကျွန်ုပ်တို့တိုက်ပွဲနှင့် အကြမ်းဖက် မဖက် ပြဿနာ” ။
တပါတီအာဏာရှင်စနစ်ကို ဖယ်ရှားရေး၊ ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီဖြစ်ပေါ်လာရေးအတွက် မြန်မာပြည်သူများဆင်နွဲနေကြသော ဒီမိုကရေစီတိုက်ပွဲသည် မြန်မာ့လူနေမှုဘ၀အရ မှန်ကန်သည်။ တိုက်ပွဲအောင်နိုင်ရေးအတွက် အသက်ပေါင်းများစွာကို ပြည်သူတို့ စတေးခံခဲ့ပြီလည်းဖြစ်သည်။ မြန်မာပြည်သူများသည် မလျော့သောဇွဲဖြင့် ရှေ့ဆက် တိုက်ပွဲဝင်နေဆဲပင်။ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများနှင့် ကြွေးကြော်သံများသည် ကမ္ဘာသို့ြ့ပန့်နှံ့လျှက် နိုင်ငံတကာမှ ပြည်သူများလည်း မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို စောင့်ကြည့်လျှက် တိုက်ပွဲဘက်မှ ရပ်တည်မှုရှိကြသလို ဥပေက္ခာပြု နိုင်ငံများလည်း ရှိနေသည်။ မြန်မာတို့၏ ဒီမိုကရေစီတိုက်ပွဲ လိုရင်းပန်းတိုင်သို့ မချဉ်းကပ်နိုင်။ထို့ကြောင့် ကျွန်ုပ်တို့သည် ရှေ့ဆက်မည့်သို့ ဆောင်ရွက်ကြရမည်နည်း။ဒီမိုကရေစီဘက်တော်သားများသည် မိမိတို့ဆောင်ရွက်ကြရမည့်အရေးထက် နအဖ ၏ လုပ်ဟန်စံထားချက်များကို ပထမဆုံး သိထားကြမှ အရေးသာမည်။ ဒီမိုကရေစီ ရန်သူ၏ ပျော့ကွက် ဟာကွက်များကို ချုပ်ကိုင်မိရမည်။ ရန်သူ၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ယုံကြည်ချက်များကို ခွဲခြမ်းစိပ်ဖြာနိုင်ပြီးမှ ရန်သူအားကို ဖြိုခွင်းနှိင်မည်။ ယင်းကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ဖြစ်ပေါ်ခဲ့သည့်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် မဆလ ခေတ်က အစပျိုးခဲ့ပြီး န၀တ နအဖ အဆုံး စစ်အာဏာရှင်များဖြစ်နေကြသည်ကို တွေ့ရပေသည်။ သူတို့သည် အမည်ကွဲသော်လည်း စစ်အာဏာရှင်စနစ် အသက်ရှင် အဓွန့်ရှည်ရေး၊ မိမိတို့လက်ဝယ် အာဏာ ထိမ်းထားနိုင်ရေး၊ မိမိတို့အပေါ် ဆန့်ကျင်မှုမှန်သမျှကို အကြမ်းဖက် နှိပ်ကွပ် ဖြိုခွင်းရေးတို့ဖြစ်၍ ဤသည်မှာ တခုတည်းသော သူတို့၏ ယုံကြည်ချက်ဖြစ်သည်။သူတို့ကို ပြည်သူက လိုလားသည် မလိုလားသည်ကို ပဓာနမထား၊ မိမိတို့၏ ရည်မှန်းသည့် အတိုင်း အကောင်အထည်ဖေါ်မည့် လုပ်ငန်းဟူသမျှကို ပြည်သူ လူထုအား နာခံစေရေး၊ အဆိုပါ လုပ်ငန်းဟူ သမျှကို ပြည်သူ့ ဆန္ဒသဘောထား အတိုင်း ဆောင်ရွက်ချက် အဖြစ် ရောက်ရှိစေရေးကို ဦးတည် လုပ်ဆောင် နေသည်။ သူတို့လက်ဝယ် ရောက်ရှိနေသော စစ်အာဏာဖြင့် နိုင်ငံတော် အာဏာသုံးရပ်ကို ချုပ်ကိုင်၍ အနာဂတ် မြန်မာနိုင်ငံကို ထိမ်းထားနိုင်ရေးအား ရည်မှန်း ထားသည်။နအဖ စစ်ခေါင်းဆောင်များမှာ မဆလ ဥခွံတွင်းမှ မွေးထုတ်ပေးခဲ့သည့် သူများ ဖြစ်သည့် အတိုင်း စစ်အာဏာရှင်စနစ် တည်မြဲရေးနှင့် ဒီမိုကရေစီ ဆန့်ကျင်ရေး စစ်မြေပြင်သို့ ဆင်း၍ လက်တွေ့တာဝန်ယူဘူးသူများ ဖြစ်ကြသည်။ သူတို့သည် ရှုံးပွဲမတွေ့၊ အောင်ပွဲတွေ့နေသူများဖြစ်၍ သူတို့၏ ဆန့်ကျင်မှု မှန်သမျှကို အကြမ်းဖက် နှိပ်ကွပ် သတ်ဖြတ်ရန် လက်မရွံ့သူများ ဖြစ်ကြသည်။သူတို့သည် ပြည်တွင်းမှ ဆန့်ကျင်မှု မှန်သမျှကို အကြမ်းဖက်နှိပ်ကွပ်ပြီး ပြည်ပ ဆန့်ကျင်မှုကို အလေးမမူ ဂရုမစိုက်ကြပေ။ ပြည်တွင်း စီးပွားရေး ကျပ်တည်းမှုကို အခြေခံ၍ ပြည်သူချင်း စီးပွါးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးပြီး လာတ်ပေးလာဘ်ယူ စနစ်ဖြင့် မိမိအင်အားကို စုကာ တိုင်းပြည် အုပ်ချုပ်ရေးကို ရာသက်ပန် လက်မလွှတ်ရအောင် ဖန်တီးနေကြသည်။ဒီမိုကရေစီတိုက်ပွဲကို ဆင်နွဲနေသူ များအနေဖြင့်လည်း နအဖ ကို အဓိကရန်သူဟု သတ်မှတ်ပြီး ခြေမှုန်းသုတ်သင် နိုင်ရေးအတွက် မိမိတို့ဘက်က ရန်သူ နအဖ ကြောက်ကိန်းကျစေသော နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး နည်းဗျူဟာ တရပ်ကို ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖေါ်ထုတ်ပြသကြရန် လိုနေသည်။ ဤအင်အားသည် ပင်လျှင် နအဖ နှင့် ဒီမိုကရေစီတိုက်ပွဲအကြား ဖြစ်ရှိနေသော နိုင်ငံရေးပဋိပက္ခကို ရှင်းရာ၌ အရင်းခံ ဖြစ်နေလိမ့်မည်။ အကြောင်းသော်ကား နအဖ ၏တရားသေ ကိုင်စွဲထားသော မူဝါဒလမ်းစဉ်များကို လျော့ပေါ့ရန်နှင့် အကြမ်းမဖက်သောတိုက်ပွဲထဲသို့ နအဖ အနေဖြင့် ၀င်ရောက်လာပြီး တွေ့ဆုံဆွေးနွေးရေး ဦးတည်ချက်ကို ဖြစ်ပေါ်လာစေ နိုင်သောကြောင့် ဖြစ်သည်။သို့ဖြစ်၍ အကြမ်းဖက် - အကြမ်းမဖက်ဝါဒကို ဤတိုက်ပွဲအတွင်း စဉ်းစားဝေဖန်နေကြလျှင် မပြီး၊ လိုအပ်က လိုအပ်သလို ဆုံးဖြတ်ပြီး အကောင် အထည်ဖေါ် လုပ်ဆောင်ခြင်းသာ အရေးကြီးသည်။ ပြတ်သားသော ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ဘဲ တိုက်ပွဲကို ဖေါ်နေလျှင် ရန်သူ နအဖအား အခွင့်အခါကောင်း ပေးအပ်ထားသလို သူတို့ကစားရာသို့ လိုက်ပြီး လုပ်ဆောင်ရသော အခြေအနေသို့ ကျရောက်စေသည်။ယနေ့ ကျွန်ုပ်တို့ ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာက သိရှိပြီးဖြစ်သည်။ မိမိတို့ဘက်တော်သားများ၏ နေရာအနှံ့ နေရာယူပြီးဖြစ်သလို မီဒီယာ လောကတွင်လည်း မိမိတို့ကပင် အသာစီး ရရှိနေပြီး ပြည်တွင်း လှုပ်ရှားမှုများကလည်း ရပ်တန့်မှုမရှိ။ ရလျှင်ရသလို ဆန္ဒပြ လှုပ်ရှားတိုက်ပွဲဝင်နေကြသည်။ သို့သော် မည်သို့သော လိုအပ်ချက်များ ကျန်ရှိနေသနည်း။ ပြည်တွင်းပေါက်ကွဲမှုကြီး ဖြစ်ရန်သာ ကျန်ရှိ နေပါတော့သည်။ ဤပေါက်ကွဲမှုကို ပြည်တွင်း၌သာ စ၍ရလျှင် ငါတို့ ဒီမိုကရေစီတိုက်ပွဲ ပြီးဆုံးပြီ ဖြစ်သည်။ ပြည်တွင်း ပေါက်ကွဲမှု၏အဓိကသော့ချက်မှာ ပြည်ပဖြစ်သည်။ ဤပေါက်ကွဲမှုကို ပြည်ပ ပေါက်ကွဲမှုမှ မြစ်ဖျားခံ စီးဆင်းရမည်ဖြစ်ရာ ပြည်သူတရပ်လုံး စစ်ရေး နိုင်ငံရေးအရ အားထားလောက်သော ယုံကြည်လောက်သော အင်အားစု တရပ် ရှိရန်လိုသည်။ ထိုအင်အားစု အသင့် ရှိနေပြီဖြစ်လျှင် ဤရှိနေမှုသည်ပင်လျှင် ပြည်တွင်းပေါက်ကွဲမှု၏ သော့ချက်ဖြစ်လာ ပါလိမ့်မည်။မြန်မာပြည်သူများက ဘယ်မည်သော ဘက်ဘောင်ကို အားထားယုံကြည်လျှက် ပေါက်ကွဲမှုဖြစ်စေ အံ့နည်း။ တကယ်လို့ ပြည်တွင်းပေါက်ကွဲမှုဖြစ်သည်ဆိုအံ့။ ပေါက်ကွဲမှု၏အကျိုးသက်ရောက်မှုကို ဘယ်မည်သော လူပုဂ္ဂိုလ် အဖွဲ့အစည်းတရပ်က ဦးဆောင်မှု ဖန်တီးပေးပါအံ့နည်း။ယနေ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီတိုက်ပွဲတွင် မြန်မာပြည်သူများ အားထားယုံကြည်လောက်သည့် စံထားချက် ခံရသည့်အဖွဲ့အစည်း မရှိသည်ကို ပြည်တွင်းပေါက်ကွဲမှု မရှိသေးခြင်းက သက်သေဖြစ်သည်။ တဦးချင်း တဖွဲ့ချင်း အခက်အခဲခံ လှုပ်ရှားနေခြင်းမျိုးသာ ဖြစ်နေသည်။ သာဓကအားဖြင့် ပြည်တွင်းကို သုံးသပ်က သိရှိနားလည်နိုင်ပါသည်။ ရှစ်လေးလုံးအရေးအခင်း ကလည်း သက်သေထူနေ၏။ ပြည်တွင်းပြည်ပ ဒီမိုကရေစီဘက်တော်သား များလည်း ဟန်အမျိုးမျိုးနှင့် တိုက်ပွဲဝင်နေကြသည်။ နအဖ သည် ကျွန်ုပ်တို့၏ ကြိုးပမ်းချက်များကို စောင့်ကြည့်ကာ နည်းပရိယယ်များဖြင့်တဖုံ၊ အကြမ်းဖက်၍တမျိုး အသွင်အမျိုးမျိုးဖြင့် တုန့်ပြန်ခြေမှုန်းနေသည်။ကျွန်ုပ်တို့ ဒီမိုကရေစီတိုက်ပွဲ ဆင်နွဲရာတွင် နည်းလမ်း ၂မျိုးဖြင့် ဆင်နွဲတတ်ကြရမည်။ အကြမ်းဖက် မဖက် နည်းလမ်း ၂သွယ်ရှိနေရာ ယနေ့ ကျွန်ုပ်တို့ တိုက်ပွဲကို အကြမ်းမဖက်သော လုပ်ဟန်ဖြင့် တိုက်ပွဲဝင်လျှက်ရှိကြရာ မှန်သည်မှားသည်ကို တော်လှန်ရေးတိုက်ပွဲထဲကပင် အဖြေထွက်စေခဲ့ပြီ ဖြစ်သည်။ တရားသေ တဖက်စောင်းနင်း နည်းဗျူဟာကိုတော့ တိုက်ပွဲတွင် မကျင့်သုံးအပ်ပေ။ အကြမ်းမဖက်သော နည်းနှင့် တိုက်ပွဲဝင်ရမည့် နိုင်ငံမျိုးတွင် ဖက်ဆစ်စနစ်ကို စံမထားသော အစိုးရဖြစ်နေရမည်။ ဖက်ဆစ် စနစ်ကို လက်ကိုင် စံထားသောနိုင်ငံတွင် အကြမ်းဖက် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ကြရမည်မှာ သေချာမှန်ကန်သည်။ ဖြစ်ချင်သည် မဖြစ်ချင်သည်ထက် တိုက်ပွဲသဏ္ဍာန်ကို လိုက်၍ တိုက်ပွဲဗျူဟာကို ခင်းကျင်းတတ်ရမည်။ အကြမ်းဖက် ဖက်ဆစ်စနစ်ကို စံထားသော စစ်ဝါဒီများကို အကြမ်းဖက် တိုက်ပွဲဝင်ခြင်းဖြင့် ဒီမိုကရေစီစနစ် ဆန့်ကျင်နေကြသူများအား ခြေမှုန်း ဖျက်သိမ်းနိုင်စေမည် ဖြစ်သည်။ ကျားပါးစပ်မှ အမဲကောင်ကို အသာတကြည်မရနိုင်။ အကြမ်းဖက်ခြင်းမျိုးနှင့်သာ ရယူနိုင်သကဲ့သို့ ဖက်ဆစ်စနစ်ကို စံထားနေသော စစ်ဝါဒီ နအဖ ထံမှ ပြည်သူပိုင်အာဏာကို ရယူရေးတွင် အကြမ်းဖက်ခြင်းဖြင့်သာ ရယူနိုင်ခြင်းမျိုးဖြစ်သည်။အနောက်နိုင်ငံများမှ အကြမ်းမဖက်ရေးဝါဒသည် သူတို့နယ်မြေ သူတို့ဒေသ နိုင်ငံများအတွက် မှန်ကန်နေသော်လည်း လူနေမှုစနစ်ချင်း ခံယူချက်ချင်းမတူဘဲ ကွဲပြားခြားနားမှုရှိနေသော နိုင်ငံတချို့ အတွက်မူ ၎င်းဝါဒသည် ဖြစ်ရှိနေသော ပြဿနာကို ထိရောက်စွာမဖြေရှင်းနိုင်။ မြန်မာနိုင်ငံ ဒီမိုကရေစီတိုက်ပွဲသည် ရန်သူစစ်မြေတွင် ဘတပြန် ကျားတပြန် အချီအချ ဖြစ်နေရပုံက မြန်မာဒီမိုကရေစီတိုက်ပွဲအတွက် လိုအပ်ချက် ဟာကွက်တခုခု ရှိနေသည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။စစ်ဝါဒီ နအဖ သည် ဒီမိုကရေစီဘက်တော်သားများကို ရန်သူများဟု တရားသေ သတ်မှတ်ချက်ချပြီး ရန်သူကို ရန်သူကဲ့သို့ ခွဲခြားလျှက် ဆက်ဆံသည်။ တုန့်ပြန်သည်။ ခြေမှုန်းသည်။ ကျွန်ုပ်တို့ဘက်က ရန်သူ မိတ်ဆွေ ခွဲခြားသတ်မှတ်ချက် တရားသေမရှိဘဲ တိုက်ပွဲဝင်နေကြမည်ဆိုလျှင် မည်သည့်အခါမှ အောင်ပွဲဆီသို့ ရောက်နိုင်မည် မဟုတ်ပေ။ ရန်သူအတွက် အားသာချက်များကိုသာ ဖြစ်စေလိမ့်မည်။

(ပြည်တွင်းထဲမှ ပေးပို့သော ဆောင်းပါးတပုဒ်ကို တီးဖြတ်ထားပါသည်)။
ဂဠုန်မင်း

Tuesday, June 2, 2009











အမှန်တရားကို ဖုံးကွယ် လိမ်လည်ခြင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းထဲကို ၀င်ရောက်ခဲ့တဲ့ ဂျွန်ဝီလီယန်ယက်တောနဲ့  ဆက်နွယ်နေတဲ့ Latter Day Saints Church ဟာ ဓါတ်ပုံများမှာတွေ့ ရတဲ့ အတိုင်း နအဖကြံ့ ဖွတ်တံဆိပ်ကြီး ရှိနေတာတွေ့ ရပါတယ်။ ဒီ Church ရဲ့  လိပ်စာကတော့ အမှတ် ၁၄၆ (အေ)၊ ပြည်လမ်း၊ (၈) မိုင်ခွဲ၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန် ဖြစ်ပါတယ်။ အေ၀မ်း ရုပ်ရှင်ခြံအနီးက အောင်မြေဘုံနန်းကျောင်းရဲ့  မျက်နှာခြင်းဆိုင်မှာ ရှိပါတယ်။ဂျွန်ဝီလီယန်ယက်တောနဲ့  ဆက်စပ်နေတဲ့ Church ဟာ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံခရစ်ယာန်ကောင်စီနဲ့  ဆက်သွယ်ပြီး သာသနာပြုလုပ်ငန်းတွေကို လုပ်ဖို့  ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ၊ ၂၀၀၇ ခုနှစ်မှာ နအဖ ကြံ့ ဖွတ်နဲ့ ပေါင်းပြီး ဘာသာစကားသင်တန်းအခြေခံ သာသနာပြူလုပ်ငန်းတွေ လုပ်နေကြောင်း သိရှိရပါတယ်။ ဂျွန်ဝီလီယန်ယက်တောရဲ့  ဇနီးဖြစ်သူရယ်၊ သူနေတဲ့ မြို့ က ရဲအရာရယ်၊ နောက် ဂျွန်ဝီလီယန်ယက်တောကို သိသူများရဲ့ ပြောကြားချက်အရဆိုရင် ဂျွန်ဝီလီယန်ယက်တောဟာ ငွေကြေးပြေလည်မှု မရှိတဲ့အပြင် ချေးငွေအကြွေးများနဲ့  ရင်ဆိုင်နေရသူဖြစ်ကြောင်း၊ ခရီးဝေးထွက်ဖို့ စရိတ်စကကို ဘယ်ကနေရရှိလို့  သုံးစွဲနိုင်တယ်ဆိုတာ သံသယရှိမိကြောင်းကို ပြောဆိုခဲ့ပါတယ်။ယခု ဂျွန်ဝီလီယန်ယက်တောနဲ့  ဆက်စပ်နေတဲ့ Latter Day Saints Church ရယ်၊ အဆိုပါ Church က နအဖရဲ့  ကြံဖွတ်တံဆိပ်ရယ်ဟာ ဆက်စပ်မှုတွေ ရှိနေသလားဆိုတာ သံသယဖြစ်စရာ ဖြစ်နေပါပြီ။(သတင်းပေးပို့ လာသော Kmclawyers အား အထူးကျေးဇူးတင်ရှိပါတယ်)။

Saturday, May 30, 2009

ဒီပဲယင်း (၆) နှစ်မြောက်

စာဖတ်ပရိတ်သတ်များ ခင်ဗျား-
ယနေ့ ကျရောက်တဲ့ ဒီပဲယင်း (၆) နှစ်မြောက်မှာ စစ်အာဏာရှင် တစ်စုရဲ့  အဆုံးစွန်ထိ ယုတ်ညံ့ပုံကို သိရှိခဲ့ရတဲ့ တပ်မတော် အရာရှိ တစ်ဦးမှ ကျွန်တော် ကိုဖိုးတရုတ်ထံ ဆောင်းပါး တစ်ပုဒ် ရေးသား ပေးပို့လာပါတယ်။ ဆောင်းပါးရှင်ရဲ့  စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်ကို အထူး ကျေးဇူးတင် လေးစားပါကြောင်း ပြန်ကြားရင်း ယခုလို ပေးပို့လာတဲ့အတွက် စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း အောင်မြေအား လေးစားစွာ ပြန်ကြားအပ်ပါတယ် ခင်ဗျား။
မြတ်မိခင်
ဆောင်းပါးရှင် - အောင်မြေ (တပ်မတော် အရာရှိ တစ်ဦး)
၂၀၀၃ ခုနှစ်မေလ ၂၆ ရက်နေ့။ ကျွန်တော်တို့ တပ်ရင်းတစ်ခုလုံးအား မုံရွာမြို့တွင်း လုံခြုံရေးတာဝန်ယူရန် အနောက်မြောက်တိုင်း စစ်ဌာနချူပ်မှ ညွှန်ကြား လာခဲ့သည်။ လုံခြုံရေးယူရသော အကြောင်းရင်းကား NLD ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်းအတွင်း စည်းရုံး ရေးခရီးစဉ်အဖြစ် လာမည်ဆိုသောကြောင့် ကျွန်တော်တို့တပ်ရင်းအပါအ၀င် အခြား မုံရွာမြို့ပေါ်ရှိ တိုက်ခိုက်ရေး တပ်ရင်း မဟုတ်သည့် ထောက်ပို့တပ်၊ ပညာရေးတပ်၊ ဘီအီးတပ်နှင့် တိုက်/စည်းကျောင်း တို့ကဲ့သို့သော တပ်ဖွဲ့များမှလည်း မုံရွာမြို့ကို အပိုင်းလိုက် လုံခြုံရေးယူကြရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြု၍ လူထုအုံကြွမှုဖြစ်ပေါ်လာလျှင် ပစ်ခတ်နှိမ်နှင်းရန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် တရားဟောမည့် နေရာ အနီးတစ်ဝိုက်ရှိ တိုက်ခေါင်မိုးများပေါ်တွင်လည်း လက်ဖြောင့် တပ်သားများ နေရာ ယူထားကြသည်။
မေ ၃၀ ရက်နေ့။ ထိုနေ့ကို ကျွန်တော်ကောင်းစွာ မှတ်မိနေပါသည်။ ကျွန်တော်သည် ၈ လေးလုံး ပြည်သူ့အရေးတော်ပုံတွင် အရွယ်မရောက်သေးသော်လည်း ထိုအချိန်က အဖြစ်အပျက်များကို ကောင်းကောင်း မှတ်မိ နေပါသေးသည်။
အရင်က ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူးခဲ့၍ ယခုကျွန်တော် လုံခြုံရေးယူရသည့်ကိစ္စတွင် အလွန်ကျော်ကြားလှသည့် ကျွန်တော်တို့ ခေါင်းဆောင်ကြီးများ မုန်းတီးသည့် ကမ္ဘာကျော် အမျိုးသမီး တစ်ယောက်ကို နဖူးတွေ့၊ ဒူးတွေ့ မြင်တွေ့ရတော့မည် ဖြစ်သောကြောင့် ရင်ထဲတွင်တော့ အနည်းငယ် လှုပ်ရှားနေမိသည်။ အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ထိုအချိန်က ကျွန်တော်သည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် မမြင်မတွေ့ဘူးခင်ကပင် မနှစ်သက်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့များရဲ့  ဒါဘာ၊ စည်း/ကော် တို့တွင် ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ တပ်မတော်တစ်ခုလုံး၏ ရန်သူသဖွယ် ထင်မြင်လာအောင် မှိုင်းတိုက်ခံထားရခြင်းကြောင့် ဖြစ်ပါသည်။
ကျွန်တော်ကိုယ်တိုင်ကလည်း သူမနှင့်ပတ်သက်၍ နက်နက်နဲနဲ ခံစား တွေးတောခြင်းမျိုးလည်း မရှိခဲ့ပါပေ။
ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ မရောက်ခင် စစ်ကိုင်းတိုင်းအတွင်း ၀င်ရောက်လာစဉ်ကပင် သူမ၏ စည်းရုံးရေးခရီးစဉ်သည် ကြောက်ခမန်းလိလိ အောင်မြင်နေမှု၊ ပြည်သူလူထု၏ တရကြမ်း ထောက်ခံနေမှုတို့ကို ဆက်သွယ်ရေးစက်များကနေ သိနေ၊ ကြားနေရပါသည်။ ထိုသို့ သတင်းရလေ တိုင်းစစ်ဌာနချူပ်မှ ကျွန်တော်တို့အပေါ်တွင် လုံခြုံရေး ပေါ့လျော့မှု မရှိစေရန် ဖိအားပေးလေ ဖြစ်နေပါသည်။ ထိုအတောအတွင်း လုံခြုံရေးယူထားသော လက်ဖြောင့်တပ်သား အချို့လည်း ဖိအားပေးခံနေရပါသည်။ ဓါတ်ပုံ ရိုက်ယူသူတစ်ဦးအား လက်ဖြောင့်တပ်မှ တစ်ချက်တည်း ပစ်သတ်ခဲ့သေးသည်။ ထိုဖြစ်စဉ်ကို သိမြင်လိုက်သူ အတော်နည်းပါသည်။ ထိုသူမှာလည်း မုံရွာမြို့ပေါ်မှ ဟုတ်ဟန်မတူပေ။
မုံရွာမြို့ပေါ်တွင် ကျွန်တော်နှင့် ရင်းနှီးသည့် နိုင်ငံရေးသမား တော်တော်များများ ရှိပါသည်။ နောက်ပိုင်းတွင် သေဆုံးသွားသူနှင့် ပတ်သက်ပြီး ကျွန်တော် စုံစမ်းခဲ့သော်လည်း သူ၏ လိပ်စာကို မသိခဲ့ရပါ။
ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိခဲ့ချိန်တွင်မတော့ မုံရွာလူထုသည် မြို့လုံးကျွတ်စုဝေးခဲ့ကြပြီး သူမ၏ ဟောပြောချက်ကို တဝေါဝေါနှင့် ထောက်ခံအားပေးခဲ့ကြသည်။ တိုင်းစစ်ဌာနချူပ် အခြေစိုက် သော မုံရွာမြို့တွင် ဤမျှလောက် နိုင်ငံရေးနိုးကြားတက်ကြွသူရှိလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ပေါ်ကျော်ကြားမှုကိုလည်း ကျွန်တော်ယုံကြည်လက်ခံခဲ့ရသည်။ သူမ၏ စကားလုံးတိုင်းသည် ကောက်ကွေ့မှုမပါ။ အရှိကိုအရှိအတိုင်း ရဲရဲရင့်ရင့် ဟောပြောနေဟန်တို့ကို ကျွန်တော်တိတ်တခိုး လေးစားခဲ့ရပါသည်။
ပြည်သူ့ဘ၀ကို စာနာသော သူမ၏ စေတနာတို့ကို ကျွန်တော်အတိုင်းသား မြင်နေရသည်။ ကျွန်တော်၏ ရဲဘော်များပင် သူမ၏ ဟောပြောမှုအောက်တွင် မျက်ရည်ဝဲ၀ဲဖြင့် ငိုင်လျက်သား နားထောင်နေကြရသည်။ ကျွန်တော်ကိုယ်တိုင်လည်း သူမ၏ စကားလုံးတိုင်းကို စိတ်ကူးဖြင့်ပင် ငြင်းဆန်ရန် အင်အားမဲ့နေရပြီး အဝေးမှ မိဘနှစ်ပါးကို တမဟုတ်ချင်း ထူးထူးခြားခြား သတိရနေမိခဲ့သည်။ ကျွန်တော်နှင့် ကျွန်တော်၏ မိဘတို့သည် အလွှာခြားနေပါပြီကော။ ကျွန်တော်တို့မှာ အမိန့်ဆိုသည့် စကားလုံးအောက်တွင် ရိုင်းချင်တိုင်းရိုင်းနေရပြီး မိဘနှင့်ဘ၀တူ ပြည်သူလူထုကို စာနာစိတ် မဲ့နေပါပြီလော။ အို မြန်မာပြည်၏ မြတ်မိခင် အစစ်အမှန်ကို ကျွန်တော် တွေ့နေရပြီကော။ ကျွန်တော့်စိတ်ကူးထဲမှာ သူမရဲ့  စွန့်လွှတ်စွန့်စားမှုတွေ နေရာယူနေပါပြီကော။
ကျွန်တော့်နားထဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ စကားများသည် နီးလာလိုက်၊ ဝေးသွားလိုက်ဖြင့် စိတ်အစဉ်မှာလည်း လွင့်ချင်တိုင်း လွင့်လျက် ရှိနေပါတော့သည်။ ဗျူဟာမှ နာရီမလပ် စက်ဖွင့်ခိုင်းထားပြီး ညွှန်ကြားချက်တွေ တရစပ်ပေးနေပါသည်။ ကျွန်တော်စက်ထဲမှနေ၍ ၅၆၊ ၉၆ ပါ။ ၃၅ ပါဟုသာ အလိုက်သင့်ဖြေကြားရင်း တိုင်းကာနယ်ကြီးကို တိုးတိုးလေး ဆဲလိုက်ပါသည်။ ရဲဘော်များကိုတော့ လိုအပ်သည်ထက် ပို၍လုံခြုံရေးလျော့နည်းမှုမဖြစ်စေရန် သတိပေးပြီး အသာလွှတ်ထားလိုက်ပါသည်။ ရဲဘော်လေးများ၏ မျက်ဝန်းတွင် တစ်ခုခုကို ကြေကွဲခံစားနေရဟန်လည်း ရှိနေကြသည်။ ကျွန်တော့် ဘ၀တွင် ဤနေ့ကိုဖြင့် ဘယ်တော့မှ မမေ့နိုင်တော့ပေ။ မမေ့နိုင်စရာလည်း အကြောင်းတရားများက ဖြစ်ပေါ်လာခဲ့လေသည်။
ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ ထိုနေ့ညနေခင်းတွင် ဘုတလင်မြို့ဘက်သို့ ဆက်လက် ထွက်ခွါသွားသည်။ သူမ၏ ရှေ့နောက်ဝဲယာတွင် များပြားလှသော ဆိုင်ကယ်အုပ်ကြီးက ခြံရံလိုက်ပါသွားသည်။ ကျွန်တော်တို့ လုံခြုံရေးယူထားသည့် တပ်ရင်းများလည်း အခြေအနေ အေးဆေးစွာ ပြီးဆုံးသွားသောကြောင့် ယခုမှရဲရဲကြီး သက်ပြင်းချမိသည်။ ဗျူဟာမှ ဘာထူးလဲ။ ဘာထူးလဲ ဆိုသည့် တရစပ် မေးနေသံလည်း ယခုမှ တိတ်ဆိတ်သွားရသည်။ ကျွန်တော် ရဲဘော်များကို လက်ဝှေ့ရမ်းပြပြီး လုံခြုံရေးရုတ်ရန် အချက်ပြလိုက်သည်။ ကျွန်တော်တို့ တပ်ခွဲ ခေတ္တ နားခိုရာ ရယက ရုံးသို့ရောက်ပြီး ကျွန်တော်နားနေခိုက် ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို တခုတ်တရ ၀ိုင်းဖွဲ့ပြောနေကြသည်။ ကျွန်တော် သူတို့ကိုကြည့်ရင်း အလိုလိုမောနေမိသည်။
ညပိုင်းသို့ ရောက်သောအခါ လုံခြုံရေးယူရန် နေရာဟောင်းသို့ ပြန်သွားရသည်။ ကျွန်တော်နှင့် အကူရဲဘော်တစ်ဦး မြို့လယ် ကြေးရုပ်အနီး အအေးဆိုင် တစ်ခုတွင် ထိုင်နေခိုက် စက်ထဲမှ မမျှော်လင့်သော သတင်း တစ်ခုကို ကြားလိုက်ရသည်။
ဒေါ်အောင်ဆန်းစုကျည်နှင့်အဖွဲ့ ကျည်ရွာအနီးတွင် တိုက်ခိုက်ခံရသည်ဟု။ ဗျူဟာမှလည်း သိလိုက်ပုံ မပေါ်။ စက်ထဲတွင် အသံပေါင်းစုံနေသည်။ ဟိုမှ သည်မှ မေးမြန်းနေသံတို့ကို ကြားနေရသည်။ ကျွန်တော့် ရဲဘော်များကို အသိမပေးပဲ အခြေအနေကြည့် ထိန်းထားလိုက်သည်။ မနက်တွင် အကြောင်းစုံသိရမည်သာ။
နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် ကျွန်တော်တိုင်းရုံးဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာခဲ့သည်။ လမ်းတွင် တပ်ထိန်းဂိတ်မှ အရပ်သားများ တိုင်းဘက်သို့ မလာနိုင်အောင် တားမြစ်နေသည်ကို တွေ့ရသည်။ ကျွန်တော် တပ်ထိန်းမှ တာဝန်ကျ ဆရာကြီးကို ခေါင်းညိတ်ပြရင်း ဆက်ထွက်လာခဲ့သည်။ တိုင်းရုံးကြီးရှေ့ စစ်မြေပြင်ဆေးတပ်ရင်း- မဆရ (၇) တွင် လုံခြုံရေးထူးကဲစွာ ချထားသည်ကို တွေ့ရသည်။
ကျွန်တော် မဆရ (၇) သို့ ၀င်ရန် ကြိုးစားသောအခါ လုံခြုံရေး ယူထားသော ဆရာတစ်ယောက်က “ဗိုလ်ကြီး အားတော့နာပါတယ်၊ ၀င်လို့ မရပါဘူး” ဆိုသည်နှင့် သူ့ကို အကျိုးအကြောင်း မေးမြန်းကြည့်သည်။ သူပြောပုံအရဆိုလျှင် မနေ့ညက ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ တိုက်ခိုက်ခံရ၍ လူတော်တော်များများ သေဆုံးကုန်ကြောင်း၊ ယခု ဒဏ်ရာရသူများကို မဆရ (၇)တွင် အရေးပေါ်ကုသပေးနေကြောင်း ပြောပြပါသည်။
ကျွန်တော်လည်း ရင်ထဲတွင် “ဟိုက်” သွားပြီး ထနောင်းရိပ် ထမင်းဆိုင်သို့ ၀င်ကာ အအေးတစ်ပုလင်း မှာသောက်နေမိသည်။ ထိုစဉ် ခလရ (၁၆) မှ တပ်ရင်းမှူး ကားမောင်းသည့် တပ်ကြပ်ကြီး ရောက်လာပြီး ကျွန်တော့်ကို ပြုံးပြသည်။ ထိုဆရာကြီးနှင့် ကျွန်တော် ရင်းနှီးနေသည်မို့ ကျွန်တော့်စားပွဲဝိုင်းတွင် ထိုင်ခိုင်းလိုက်ပြီး “အအေးသောက်ဗျာ” ဟု တိုက်တွန်းလိုက်သည်။ ဆရာကြီးက “ကျေးဇူးပါပဲ ဗိုလ်ကြီး” ဟု ပြန်ပြောရင်း ကျွန်တော့်ကို အကဲခတ်နေသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ခုခုကို ပြောလိုသည်ဟု ကျွန်တော်ထင်သဖြင့် “ဆရာကြီး ပြောစရာရှိတာပြော အားမနာနဲ့” ဟု ပြောလိုက်ရသည်။
ထိုအခါတွင် ကျွန်တော်လုံးဝ မထင်မှတ်ထားသော သတင်းကို တုန်လှုပ်စွာ သိလိုက်ရသည်။ ထိုဆရာကြီး ပြောစကားကို စာဖတ်သူတို့အား တင်ပြရလျှင် ခလရ (၁၆) မှ ရဲဘော်များနှင့် ဆရာတစ်ချို့ကို ဂတုံး တုံးပေးပြီး သင်္ကန်းဝတ်စေကာ မုံရွာ၊ အရာတော်မြို့မှ လူမိုက်များ၊ ထောင်ကျများ၊ ခြေချူပ်များနှင့် ကြံ့/ဖွတ်များကို ခေါင်းဆောင်စေသည်။ ၄င်းတို့ကို တိုင်းရုံး (အားကစားသမားများ ထားသည့် အိပ်ဆောင်) ထဲတွင် စုထားပြီး အကြမ်းဖက်နည်းများကို သင်ပေးထားသည်။ သင်္ကန်းဝတ် ရဲဘော်များ၏ လက်ကောက်ဝတ်တွင် ကြိုးများစည်းပေးထားပြီး အရောင်အလိုက် တပ်စု၊ တပ်စိတ်ပုံစံ စုဖွဲ့ပေးထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ရပ်ခိုင်းသည့် သူမှာလည်း ခလရ(၁၆) မှ တပ်ကြပ် သင်္ကန်းဝတ် အရေခြုံပင်ဖြစ်သည်။
အခင်းဖြစ်ပွားပြီး ဒဏ်ရာရသူများကို အသေရိုက်သတ်ကြသည်ဟုဆိုသည်။ အခင်းဖြစ်ပွားရာမှ ဆိုင်ကယ်များကို တိုင်းရုံးထဲသို့ ၁၀ ဘီးကားကြီးနှင့် သယ်လာသည်ဟု ထိုဆရာကြီးက ပြောလေသည်။ (ထိုဆိုင်ကယ်များကို နောင်တွင် စစ်စိမ်းရောင်ဆေးမှုတ်ပြီး တပ်ရင်းများသို့ ပြန်ထုတ်ပေးပါသည်) အခင်းဖြစ်ပွားရာတွင် ပါဝင်သော ခလရ (၁၆) မှ စစ်သည်များကို ရဲဘော်တစ်ဦးလျှင် ၃၀၀၀ ကျပ်၊ ဆရာ အဆင့် ဆိုလျှင် ၅၀၀၀ ကျပ် ထုတ်ပေးပြီး တခြားနေရာကောင်းများသို့ တပ်ပြောင်းရွှေ့ လိုက်ခြင်းအားဖြင့် အစဖျောက် ပေးခဲ့လေသည်။)
ကျွန်တော်လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် မိမိတာဝန်ကျရာ နေရာသို့ ပြန်လာခဲ့တော့သည်။ ကျွန်တော်တို့ တပ်မတော်သားများက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့်အစား အပေါစား လူမိုက်ဆန်ဆန် အပြစ်မဲ့ ပြည်သူတို့ကို ကိုယ်ထိလက်ရောက် သတ်ဖြတ်ခဲ့ကြပေပြီ။ အခင်းဖြစ်ပွားစဉ် ပါဝင်သော ရဲဘော်များမှာ စဉ်းစားနိုင်မှု အားနည်း၍ အမှားအမှန်ကို ခွဲခြားနိုင်မှု မရှိသောကြောင့် အမိန့်ကို နာခံခဲ့ရသည်။ အမိန့်ပေး သူများသည် နိုငံတော်တစ်ခုလုံးကို အုပ်ချူပ်နေပြီး အခုလို အောက်တန်းကျသော လုပ်ရပ်ကို ဘာကြောင့် လုပ်ရပါသနည်း။
ကျွန်တော်တို့သည် တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ဆိုပေစေကာမူ ကျွန်တော်တို့၏ မိဘများသည် အခြားပြည်သူများနှင့် တန်းတူ သာမန်ပြည်သူလူထုသာ ဖြစ်သည်။ ပြည်သူလူထု ဒုက္ခရောက် ရခြင်းသည် ကျွန်တော်တို့၏ မိဘများ ဒုက္ခရောက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ကိုယ့်မိဘကိုယ် သေနတ်နှင့် ချိန်ပြီး ဆဲဆိုနေပြီလော။ စစ်ခေါင်းဆောင်တစ်စုအတွက် ကျွန်တော်တို့၏ မိဘပြည်သူများကို ညည်းဆဲနှိပ်စက်ခဲ့ပါပြီကော။ “ရဲသော်မသေ သေသော်ငရဲမလား” ဆိုသည်ကား သတ်ရဲဖြတ်ရဲဖို့အတွက် မြောက်ထိုးပင့်ကော်လုပ်နေသော ၀ါဒဖြန့်စာများသာ ဖြစ်နေပေတော့သည်။
ကျွန်တော်တို့မှာ အမှားကို အမှားမှန်း သိနေပြီဆိုလျှင် ရုန်းထွက်နိုင်သော အင်အားများ မရှိပြီလော။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကိုတော့ ခိုင်ခိုင်မာမာ ချလိုက်နိုင်ပါသည်။ ကျွန်တော်တို့သည် အဖိနှိပ်ခံ လူတန်းစားများဘက်မှ ရပ်တည်ရပါလိမ့်မည်။ တနည်းအားဖြင့် ကျွန်တော်၏ မိဘများ အေးချမ်းစွာ နေနိုင်ရေးအတွက် အာဏာယစ်မူးနေသော လူတစ်စုကို တွန်းလှန်ရတော့မည် ဟူ၍ပင်။ ကျွန်တော့်တွင် ထိုဆုံးဖြတ်ချက် ချလိုက်သည်နှင့် တပြိုင်နက် ပေါ့ပါးလန်းဆန်းကာ မွန်းကျပ်မှု အပေါင်းမှ ထွက်ပေါက် ရလိုက်သည့်နှယ် ရင်ထဲမှ ဟစ်ကြွေးမည်ဟီးနေမိသည်မှာ စစ်အာဏာရှင်တို့ တစ်နေ့ မုချကျဆုံးရမည်ဟု။
အထက်ပါ စာမူအား တင်ပြခဲ့တဲ့ နေ့ရက်ကတော့ Saturday, May 30th, 2009 ဖြစ်ပြီး အချိန် 9:23 pm မှာ ဖြစ်ပါတယ်။ ဒီ စာမူရဲ့  အမျိုးအစား ကတော့ အတွေ့အကြုံ ဖြစ်ပါတယ်။ သင့်အနေနဲ့ သဘောအမြင် အယူအဆများကို ပေးသွားလို့ ရပါတယ်။ ယခုလို အားပေး ကြည့်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။

Tuesday, May 26, 2009

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်
ကျွန်တော့် အနေဖြင့် အခု တစ်လော ပြည်တွင်း၊ ပြည်ပမှာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်နေသူများကို ယခင် အတွေ့အကြုံနဲ့ ယခု လက်ရှိ နေပြည်တော်လို့ ခေါ်တဲ့ ကြပ်ပြေး မြို့တော်က သူငယ်ချင်းများရဲ့  ပေးပို့နေတဲ့ သတင်းများကို အခြေခံကာ သုံးသပ် တင်ပြချင် ပါတယ်။
၁၉၈၈ ခု စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းမှာ AD လမ်းမှာ နေတဲ့ ဗိုလ်ချုပ် နေ၀င်းရဲ့  အိမ်တွင် ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေး တစိတ်တပိုင်းကို အရင်ဦးဆုံး ပြောပြချင် ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဦးနေ၀င်းနဲ့ သူ့ရဲ့  လက်ရုံးတင်မဲ့ လက်သားတွေ ဖြစ်ကြတဲ့ ဦးစန်းယု၊ ဦးအေးကို၊ ဒေါက်တာ မောင်မောင်၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအ၀င် ထိပ်ပိုင်း ခေါင်းဆောင်များ ရှိခဲ့ကြပါတယ်။ လက်ရှိတပ်မတော်ရဲ့  တာဝန်ရှိသူ တွေထဲမှာ ထိုစဉ်က စစ်ဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တပ်မတော် ထောက် လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်ညွှန့်တို့လည်း တက်ရောက်ခဲ့ ကြပါတယ်။
အဲဒီ အစည်းအဝေးမှာ ဦးနေ၀င်းကနေပြီး “စောမောင်နဲ့ ခင်ညွှန့် တိုင်းပြည်ရဲ့  အခြေအနေ ကို အားလုံး သိအောင် ရှင်းပြ” လို့ အမိန့်ပေးတော့ ဗိုလ်မှူးကြီး ခင်ညွှန့်က တစ်နိုင်ငံလုံး ဆူပူအုံကြွပြီး အုပ်ချုပ်ရေး ယန္တရား လုံးဝ ရပ်ဆိုင်းနေပြီ ဖြစ်တာရယ်၊ ကုန်သွယ်ရေး ၀န်ကြီးရုံးမှာ ပြည်သူလူထုနဲ့ စစ်တပ် နားလည်မှု ရသွားတာရယ်၊ တပ်မတော်တွင်းမှာ စစ်သည်များ မကြေမနပ် ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာတွေ၊ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်များရဲ့  လှုပ်ရှားမှုတွေ၊ ဖမ်းဆီးရမိမှု အခြေအနေ အလုံးစုံကို တင်ပြခဲ့ တယ်လို့ သိရပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဦးနေ၀င်းက ဗိုလ်မှူးကြီး ခင်ညွှန့်ရဲ့ တင်ပြချက်အပေါ် တက်ရောက် နားထောင်ကြတဲ့ အစိုးရ ခေါင်းဆောင်များရဲ့  သဘော ထားကို မေးခဲ့ပါတယ်။ မည်သူ တစ်ဦး တစ်ယောက်ကမျှ ထုံးစံအတိုင်း ဘာသဘောထား မှတ်ချက်ကိုမှ ဦးနေ၀င်းရဲ့  ရှေ့မှာ မပေးရဲ ခဲ့ကြပါဘူး။
ဒီတော့ ဦးနေ၀င်းက မဆလ ပါတီနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထောက်ခံမှု၊ ဘယ်လောက် ရာနှုန်းလောက် ရှိနိုင်လဲဆိုတာကို တက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကို မေးတော့ သူတို့က အဲဒီအချိန်မှာ တပ်မတော်သားတွေကို သူတို့ရဲ့  ထောက်ခံမဲလို့ အပိုင် တွက်ထားပုံ ပေါ်ပါတယ်။ ဒါကြောင့် တပ်မတော် မိသားစုနဲ့ မဆလ ပါတီဝင် အင်အားစုတွေကို ပေါင်းပြီးတော့ ပြည်သူလူထု ထောက်ခံမှု အနည်းဆုံး ၆၀% အထက်မှာ ရှိကြလိမ့်မည်လို့ တွက်ခဲ့ကြပါတယ်။ အဲဒီနောက် ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ လက်ရှိ အာဏာယူထားတဲ့ လူကြီးတွေကို “မင်းတို့ စောမောင်နဲ့ ခင်ညွှန့်တို့ကို အာဏာ လွှဲပေးလိုက်တော့” လို့ အမိန့်ပေး ခဲ့ပါတယ်။
ဆက်လက် ညွှန်ကြားတာကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဆိုပြီး ဖွဲ့ဖို့ရယ် ဥက္ကဋ္ဌက စောမောင်၊ အတွင်းရေးမှူးက ခင်ညွှန့်ကိုထားပြီး တပ်မတော်က ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ စစ်တိုင်းမှူးတွေကို အဖွဲ့ဝင်တွေ ထားပြီး ဖွဲ့ဖို့ ဦးနေ၀င်းက အမိန့်ပေး ခဲ့ပါတယ်။ အာဏာလွှဲယူပြီး စစ်အစိုးရရဲ့  ကြေငြာချက် လမ်းညွှန်မှု အနေနဲ့ ကတော့ ဒို့ တာဝန် အရေးသုံးပါးကို အခြေခံပြီး ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပမည် ဆိုတဲ့ Guide Line အား ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ ချမှတ်ပေးခဲ့ပါတယ်။
ဦးနေ၀င်းရဲ့  Guide Line တွေကို စာသားအဖြစ် ရေးပေးခဲ့ရသူက ဒေါက်တာ မောင်မောင် ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့  ပြည်သူလူထုထံ ပြောကြားသည့် ကြေငြာချက်ကို အဲဒီ အစည်းအဝေးမှာဘဲ ဒေါက်တာ မောင်မောင်က လက်ရေးမူနဲ့ ရေးသားခဲ့ပါတယ်။ န၀တ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ကတော့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးကြီး ခင်ညွှန့်တို့က အဲဒီ အစည်းအဝေးမှာဘဲ ဘယ်သူတွေ ပါဝင် ဖွဲ့စည်းမည် ဆိုတာကို ဦးနေ၀င်းကို တင်ပြခဲ့ ကြတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လက်ရေးမှုတွေနဲ့ ရေးထားတဲ့ စာရွက်တွေကို ထိုစဉ်က တပ်မတော် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့် (နောင် ပြန်ကြားရေး ၀န်ကြီး) ဒုတိယ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်း (နောင် ဘဏ္ဍာရေး ဒုတိယ ၀န်ကြီး) တို့ (၂) ဦးက မြန်မာ့ အသံကို သွားရောက်ပြီး စက်တင်ဘာလ (၁၈) ရက်နေ့ ညနေ (၄) နာရီမှာ နိုင်ငံတော်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမိန့် ကြေငြာချက်တွေ ဆက်တိုက် ထုတ်ပြန်လာပြီး နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုတွေကို ဆူပူ ဆန္ဒပြ နေရာက ရွေးကောက်ပွဲ လမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး စောမောင်အနေနဲ့ အမှန်တကယ်ဘဲ ရွေးကောက်ပွဲ ပြီးရင် ပြည်သူလူထုကို အာဏာလွှဲ ပေးမယ်ဆိုတာကို တရားဝင် ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ သိသလောက် ဗိုလ်ချုပ် စောမောင် အဲဒီအချိန်က ယုံကြည်ခဲ့တာက တစညနဲ့ စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေး ပါတီတွေသည် ရွေးကောက်ပွဲမှာ ရှုံးရင်တောင်မှ အပြတ်အသက် မရှုံးနိုင်ဟု လျော့တွက် ခဲ့ပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲကို သမာသမတ်နဲ့ လုပ်ဖို့ လက်အောက်ကို အမိန့် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင် မသိတာ ကတော့ တစည ပါတီကို ပြည်သူတွေ ဘယ်လောက် မုန်းတီးနေတယ်ဆိုတာနဲ့ တစည အမတ်လောင်းတွေ Golf ရိုက်ပြီး စည်းရုံးရေး ဆင်းနေတာတွေကိုပါ။ ဒီ့အပြင် ဗိုလ်စောမောင်ဟာ ဦးနေ၀င်းနဲ့ အစည်းအဝေးမှာ သူ့ရဲ့  ဆရာ သမား မဆလ ခေါင်းဆောင်တွေရဲ့  ပြောစကားတွေကို ယုံကြည်မိ ခဲ့တာတွေ ကြောင့်ဖြစ် ပါတယ်။ ဒါကြောင့် စစ်တပ်ကို ကျောထောက် နောက်ခံ လုပ်မဲ့ အစိုးရကသာ အာဏာရ လိမ့်မယ်လို့ သူ့အနေနဲ့ လျော့တွက်ခဲ့ပါတယ်။
အားလုံး သိကြတဲ့ အတိုင်းပါဘဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ န၀တ တဖွဲ့လုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ခဲ့ကြပါတယ်။ ခြေမကိုင်မိ၊ လက်မကိုင်မိ ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ကြတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲမှာ နိုင်တဲ့ အမတ်အချို့ က စစ်တပ်ကို ပြုပြင်ပြောင်းလဲရမယ်၊ အရေးအခင်းမှာ ပြည်သူတွေကို သတ်ခဲ့သူတွေ ဖေါ်ထုတ် အရေးယူရမယ်၊ စစ်တပ်တွင်းမှာလဲ ဗိုလ်မှူးကြီး အဆင့်နဲ့ အထက် ပုဂ္ဂိုလ်များကို ဖယ်ရှားပစ်ရမယ်၊ စတဲ့ အချက်တွေကို ကြွေးကြော် လာခဲ့တာ တွေ့ရှိလာပါတယ်။ စစ်တပ်အတွင်းမှာလဲ တပ်မတော်ရဲ့  အနာဂါတ် ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာကို စိုးရိမ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်ကိုလဲ ကျန်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် န၀တ အဖွဲ့ဝင် တချို့က ဖိအားပေးလာခဲ့တာ တွေ့ရှိရပါတယ်။
အဲဒီ အချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရ ပိုမိုရင်းနှီးတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ် ဖုန်းမြင့်၊ ဗိုလ်ချုပ် မောင်မောင်ခင် (ရေ)၊ ဗိုလ်ချုပ် တင်ထွန်း (လေ)၊ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ် တင်ဦး တို့ရဲ့  ဖိအားကိုလည်း ဗိုလ်ချုပ်ကြီး စောမောင် ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီး စောမောင် အရက်တွေ ဖိသောက်လိုက်၊ ပုတီးစိပ်လိုက်နဲ့ ဂယောင်ချောက်ခြား ဖြစ်ခဲ့ရပါတယ်။ NLD ကလည်း ရွေးကောက်ပွဲ နိုင်တဲ့ အမတ်တွေ စုပြီး စစ်တပ်ကို အာဏာလွှဲပေးဖို့ ဂန္ဒီ ခမ်းမမှာ စုဝေးပြီး တောင်းဆိုမဲ့ ကြေငြာချက် စာတမ်းတွေ ထုတ်မယ်လို့ သတင်းတွေလဲ ရခဲ့ပါတယ်။
နောက်ဆုံးတော့ NLD ကို အာဏာလွှဲမပေးဖို့ ဗိုလ်ချုပ် သန်းရွှေနဲ့ အပေါင်းအပါတွေ သဘောထား တင်းမာတဲ့သူ တွေရဲ့  တောင်းဆိုချက်ကို ဗိုလ်ချုပ် ခင်ညွှန့်တို့ပါ ပူးတွဲပြီး ဗိုလ်ချုပ်ကြီး စောမောင်ကို တင်ပြလာတဲ့ အခါမှာတော့ NLD ကို အာဏာလွှဲ မပေးဖို့နဲ့ ရွေးကောက်ပွဲနိုင် အမတ်တွေဟာ အခြေခံ ဥပဒေ အသစ် ရေးဆွဲဖို့သာ ဖြစ်တယ် ဆိုတဲ့ န၀တရဲ့  ၁/၉၀ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ကတိကို လွယ်လွယ်လေး လက်နဲ့ ရေးပြီး ခြေနဲ့ ဖျက်ခဲ့တာကို အားလုံး အမှတ်ရလိမ့်မယ် ထင်ပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့  သင်ခန်းစာကို ဗိုလ်ချုပ်ကြီး သန်းရွှေ ကောင်းကောင်းကြီး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်လဲ ရွေးကောက်ပွဲမှာ ကတိဖျက်ခဲ့ရတာရယ်၊ လက်အောက်က လုပ်ဖေါ်ကိုင်ဖက်များရဲ့  Pressure တွေရယ်၊ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေရဲ့  Pressure တွေရယ်၊ ပြည်ပ နိုင်ငံများရဲ့  Pressure တွေရဲ့  ဒဏ်ကို အကြီးအကျယ် ခံခဲ့ ရပြီး နောက်ဆုံး ယဉ်ယဉ်လေးနဲ့ ရူးခဲ့ရတဲ့ အရှုးတပိုင်းလို ဖြစ်သွားခဲ့ ရပါတယ်။
အဲဒီ တုန်းက ဗိုလ်ချုပ် ခင်ညွှန့် ကိုယ်တိုင် ဗိုလ်ချုပ် သန်းရွှေဘက်ကို ဘက်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမောင် ဖယ်ရှားရေးကို တိုးတိုးတိတ်တိတ် ကြိတ်ပြီး စီစဉ်ခဲ့ပါတယ်။ တစ်ပြိုင်တည်း မှာဘဲ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို တသားတည်း ဥပက္ခာပြု ဖယ်ရှား ခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာပြီး အမျိုးသားညီလာခံ ဆိုတဲ့ နိုင်ငံရေး ခေါင်းစဉ်တပ်ကာ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူလူထုကို လှည့်စားခဲ့ပြန်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား တွေကို ဟိုလိုလို ဒီလိုလို လုပ်ပြီး နိုင်ငံရေး လှည့်ကွက် အမျိုးမျိုးနဲ့ အယုံသွင်း ခဲ့တယ် ဆိုတာကို လည်း ကျွန်တော့်အနေနဲ့ သတိပေးချင်ပါတယ်။
ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့ တန်းက အော်နေရှာတဲ့ ကိုအေးလွင် (၈၈ ကျောင်းသား) နဲ့ အဖွဲ့တွေကို အကျဉ်းကျနေစဉ် ထောက်လှမ်းရေး အဖွဲ့တွေက ကြိမ်ဖန် များစွာ နားချ စည်းရုံးမှုနဲ့အတူ အမျိုးသား ညီလာခံဆိုတာကြီးကို ဘုမသိ ဘမသိ အချိန်ကတည်းက သဘောတရား ရိုက်သွင်းနိုင်ခဲ့ပါတယ်။ NLD ဖြိုခွဲရေး ဆိုတဲ့ Plan အရ လည်း NLD ထဲက မိုးလင်း၊ ကြည်ဝင်းတို့ အဖွဲ့တွေကို ထောက်လှမ်းရေး အဖွဲ့တွေကဘဲ ဖဲ့ထုတ် စည်းရုံး နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ ထောက်လှမ်းရေး ပျောက်သွားပေမဲ့ ဒီ အဖွဲ့တွေကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  Psy War မှာ အသုံးချဖို့ လက်ကွက် ကျန်ရစ် နေဆဲပါ။ ပြည်ပမှာ ဆိုရင် နိုင်ငံခြားသားတွေနဲ့ ပေါက်ရောက်တဲ့ အထူးသဖြင့် အနောက်နိုင်ငံတွေကို ထိုးဖောက် ၀င်ရောက်နိုင်မဲ့ ဒေါက်တာ ကျော်ရင်လှိုင်တို့၊ ဒေါက်တာ ဇာနည်တို့အား ထောက်လှမ်းရေးကဘဲ အသိမဲ့ သတင်းပေး Unconscious Informer အဖြစ် သုံးခဲ့သလို ယခုလဲ ဒေါက်တာ ကျော်ရင်လှိုင် အပါအ၀င် English လို ဘိုလို ပြောနိုင်တဲ့ သူတွေကို အများကြီး ပြန်လည် အသုံးချ နေတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
နအဖရဲ့  စည်းရုံးမှုကို ခံသွားရရှာသော အေးလွင်
ကျွန်တော့် အနေနဲ့ ပြောချင်တာက ယခင်၊ ယခု အသုံးချနေတဲ့ သူတွေကို မျိုးချစ် စိတ်ဓာတ်တွေ သွင်းပြီး ထင်ရောင်ထင်မှား ဖြစ်စေမဲ့ အကြောင်းအရာများကို အခြေခံကာ မြှောက်ပင့် ပေးလိုက်သည့်အတွက် Brain Wash လုပ်ခံရမှန်း မသိ လုပ်ခံလိုက်ရတာကို သတိထား စေချင်ပါတယ်။ အဲဒီ သူတွေ ကိုယ်တိုင်ကတော့ သူတို့ကို သူတို့ မသိ ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ကိုလည်း အမြင်မှန်တွေ ပြန်ရအောင် Brain Wash ပြန်လုပ်ပေးဖို့ လိုလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ယနေ့ နေပြည်တော်ကနေ သတင်းပေးပို့လာတဲ့ အတွင်းသတင်း တစ်ခုကို အသိပေးချင်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကဲ့သို့ မဖြစ်စေရန်၊ Plan များ ရေးဆွဲထားတယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မှာ ဖြစ်ပါတယ်။ A Plan အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံတဲ့ အုပ်စုက ပြတ်ပြတ်သားသား နိုင်ခဲ့မည် ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အစိုးရ ဖွဲ့၍ အာဏာလွှဲပြီးပါက ၄င်း အနေဖြင့် တရုတ် နိုင်ငံက ခေါင်းဆောင် တိန့်ရှောင်ပိန်၊ အီရန် နိုင်ငံက ဘာသာရေး ခေါင်းဆောင် အဌာကိုလာခိုမေနီ တို့လို ရှိနေမည် ဖြစ်ပြီး နေရာတိုင်း အစိုးရအဖွဲ့ကို ၀င်စွက်တော့မည် မဟုတ်ပါ။ B Plan အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံတဲ့ သူများ ပြတ်ပြတ်သားသား မနိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူ လက်ရှိ SPDC (သို့) အလားတူ စစ်ကောင်စီ တစ်ခုသည် အစိုးရ၏ နောက်ကွယ်တွင် ရှိနေမည် ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် မြောက်ကိုးရီးယား၊ ကျူးဘား နိုင်ငံ တို့လို ယခင် မဆလ ဥက္ကဋ္ဌ ဦးနေ၀င်းလို ပုံစံမျိုး ဆက်ရှိ သွားမည် ဖြစ်ပါတယ်။ C Plan အနေဖြင့် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံသူများ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်က အာဏာ ပြန်သိမ်းဖို့ ဆိုပြီး Plan (၃)ခု ရေးဆွဲထားပြီး ဖြစ်တယ်ဆိုတာကို သိရပါတယ်။
ဒီ Plan တွေ မတိုင်မှီ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေး ၀န်ကြီး ဌာန ၀န်ထမ်း တွေမှ နေ၍ နိုင်ငံတကာ မှာ ရှိတဲ့ နိုင်ငံတွေရဲ့  အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို သတင်း စုဆောင်းပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  ရုံးကို အစီရင်ခံ ခဲ့ရပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ရေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံ ဗဟို ကော်မတီဝင်၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းညွှန့်ကို တိုက်ရိုက် လမ်းညွှန်ပြီး ရေးခိုင်းတယ်လို့ သိရပါတယ်။ ၂၀၀၈ ခု မကုန်မှီ ဦးသောင်းညွှန့် ကိုယ်တိုင် အချောသတ်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေထံ လက်မှတ် ထိုးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။
မူလက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လွတ်လပ်ရေးနေ့မှာ Election Law ထုတ်ဖို့ လက်အောက်က စီစဉ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုံးက ထွက်လာတဲ့ သတင်းအရကတော့ ရွေးကောက်ပွဲ မတိုင်မှီ (၆) လ လောက်လိုမှ အမိန့်ထွက်မယ်။ ပါတီတွေကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချိန် ကန့်သတ်ထားတာ ဖြစ်တယ်။ ဒီ့ပြင် စစ်တပ် ထောက်ခံမည့် ကြံ့ဖွတ် အပါအ၀င် အခြား နိုင်ငံရေး ပါတီတွေအပေါ် လက်ရှိ အခြေအနေကို အားမရသေးဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှတ်ချက်ပြုထားကြောင်းသိရပါတယ်။ ဒါကြောင့် ဒီ အဖွဲ့တွေကို ရက်တို နိုင်ငံရေး မွမ်းမံ သင်တန်းတွေ ပေးဖို့ ကြံ့ဖွတ် ၀န်ကြီးတွေကို ဆူပူ နေတယ်လို့ သိရပါတယ်။
နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ ဗိုလ်ချုပ်သန်းရွှေ အနေနဲ့ နာဂစ် မုန်တိုင်း အပြီး ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ သစ်ကို အနောက်နိုင်ငံတွေက လက်ခံလာအောင် လုပ်ဖို့ နိုင်ငံခြားရေး ၀န်ကြီး ဌာနနဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို Pressure ပေးနေတယ်လို့ သိရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားပေမဲ့ နိုင်ငံတကာရဲ့  အသိအမှတ်ပြုမှု မရဘူး ဆိုရင် ဘယ်လို အစိုးရမျိုးဘဲ ပေါ်လာပေါ်လာ ထူးခြားမှု မရှိနိုင်ဘူး ဆိုတာကို ဗိုလ်ချုပ် သန်းရွှေ အနေနဲ့ သဘောပေါက်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ သူ့အနေနဲ့ မထူးဇာတ်ခင်းပြီး ဖြစ်ချင်ရာဖြစ် ဆိုတာမျိုးလဲ လုပ်သွားနိုင်တယ်လို့ နေပြည်တော် ဗိုလ်ချုပ်မှူးကြီး ရုံးက ထွက်လာတဲ့ သတင်းတွေ အရ သိရပါတယ်။ ယခု နောက်ဆုံး ရတဲ့ သတင်း ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်တော့မှ အာဏာကို လက်လွှတ်မှာ မဟုတ်၊ သေရင်တောင် သရဲ ဘ၀ကနေ အာဏာကို ယူထားမှာဟု ၄င်းနှင့် နီးစပ်သော ဆွေမျိုး အသိုင်းအ၀ိုင်းက တဆင့် သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး နားလည် ထားရမှာ ကတော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့  ရလဒ်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ မြန်မာနိုင်ငံ အတွက် ဘာတစ်ခုမှ အကျိုး ဖြစ်ထွန်းလာမှာ မဟုတ်ဘူး ဆိုတာကို သေသေချာချာ နားလည်ထား စေချင်ပါတယ်။
ယနေ့ မြန်မာနိုင်ငံဟာ သာမန် အရပ်သူ အရပ်သားများတင်မကပါဘူး။ တပ်မတော်သားများ အားလုံးလည်း ကျေးကျွန် ဘ၀ကို ရောက်နေကြရတာပါ။ ဒီ ဖွဲ့စည်းပုံ၊ ဒီ ရွေးကောက်ပွဲနဲ့ ဆက်လက် သွားနေလို့ကတော့ “ကျွန်” ဘ၀က လွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို စစ်ကျွန်ပြုမည့် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒီရွေးကောက်ပွဲကို လက်မခံဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးအနေနဲ့ မြန်မာနိုင်ငံကို တကယ် ဂုဏ်သိက္ခာ ရှိရှိနဲ့ နိုင်ငံတကာမှာ မြန်မာလူမျိုးရယ်လို့ ဖြစ်စေချင်ရင် လက်ရှိ စစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၊ တိုင်းရင်းသား လူမျိုးတွေရယ်၊ အတိုက်အခံ အင်အားစု တွေရယ်၊ လယ်သမား၊ အလုပ်သမားများရဲ့  ကိုယ်စားလှယ်တွေရယ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ၀ိုင်းဝန်း ဖိအားပေးဖို့ လိုပါတယ်။ ဒီလို ဖိအားကို အားလုံး တက်ညီလက်ညီသာ လုပ်ပေးမည်ဆိုလျှင် တပ်မတော် တွင်းမှာ ရှိနေသော ပုဂ္ဂိုလ်များလည်း ပါဝင်လာ နိုင်လိမ့်မည် ဖြစ်ပါတယ်။
နိဂုံးချုပ် အနေဖြင့် တင်ပြချင်တာကတော့ စစ်တပ်အတွင်းမှာလည်း မြန်မာနိုင်ငံ ကောင်းကျိုး အတွက် ပြုလုပ်ချင်နေတဲ့ အစုအဖွဲ့တစ်ခု ရှိကို ရှိနေပါတယ်။ ကျွန်တော်တို့ အားလုံးသာ သဘောထား ကွဲတာတွေ တခြားကိစ္စတွေကို ဘေးဖယ်ထားပြီး “ကျွန်တော်တို့ နိုင်ငံအတွက်” ဆိုတဲ့ ဦးတည်ချက် တစ်ခု ထားကာ ညီညီညွတ်ညွတ် စုပေါင်း လိုက်ကြရင် စစ်တပ်ထဲကလည်း ပါဝင်လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲကြီးဟာ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံမျိုး ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတာ တင်ပြလိုက်ရပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လိမ်လည် လှည့်ဖျားမှုကို သတိပြုကြပါ”
North Korea ( dictatorship ) = Myanmar ( dictatorship )


http://news.yahoo.com/s/afp/20090526/wl_asia_afp/asiaeuasem_20090526124144
free Daw Su

http://news.yahoo.com/s/ap/20090526/ap_on_re_as/as_myanmar_opposition_leader

Saturday, May 23, 2009

Sunday, May 17, 2009

မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ်ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။ ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။ ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင်ပေးခဲ့ရတယ်ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက်နောက်ပိုင်းတွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသောသက်သေတစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေးအစောင့်တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။အဆိုပါ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ တက္ကစီကားမောင်းသူရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင် ထိန်းသိမ်းထားမှုအပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပြောကြားလာခဲ့တာတွေကို ရသလောက် မှတ်တမ်းတင်ထားခဲ့ရတဲ့ မှတ်တမ်းတိုလေးကတော့အောက်မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။ နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။ နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။

(ဒီမှာ ဖိုင်အတိုနှစ်ခုကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ပြီးလျှင် VLC Media Player နဲ့  ပြန်ဖွင့်ပါ။ http://www.blogger.com/video-play.mp4?contentId=1be52114eb568674&type=video%2Fmp4http://www.blogger.com/video-play.mp4?contentId=e8815c87c983604c&type=video%2Fmp4) ။



Friday, May 15, 2009

အပြည်ပြည်‌ဆိုင်‌ရာ ရာဇဝတ်‌တရားရုံးက မြန်‌မာစစ်‌‌ခေါင်း‌ဆောင်‌‌တွေအ‌ပေါ် စုံစမ်းရန်‌

အ‌ရှေ့တီ‌မော သမ္မတ ဟို‌စေးရာ‌မော့စ်‌ ‌ဟော်‌တာက မြန်မာအစိုးရခေါင်းဆောင်တွေရဲ့ အပြုအမူဟာ
စက်‌ဆုပ်ရွံရှာဖွယ်‌၊ခံပြင်းဖွယ်‌ဖြစ်တယ်လို့ပြေဆိုပါတယ်။
‌‌ဒေါ် ‌‌အောင်‌ဆန်းစုကြည်‌ကို အကျဉ်း‌ထောင်‌မှာ ဆက်‌ထိန်းသိမ်း ထားခဲ့ရင်‌ မြန်မာစစ်‌‌ခေါင်း‌ဆောင်‌ ‌တွေကို အပြည်ပြည်‌ဆိုင်‌ရာ ရာဇဝတ်‌ တရားရုံးကစုံစမ်းအ‌ရေးယူ ‌ပေးဖို့ ‌တောင်းဆိုလိုက်‌ပါတယ်‌။
"နှစ်ပေါင်းများစွာ သတ်ဖြတ်မှုတွေနှင့် စပ်လျဉ်းပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေကအစ သက်‌ဆိုင်‌ရာ ပုဂ္ဂိုလ်တွေ အားလုံးကို အပြည်ပြည်‌ဆိုင်‌ရာ ရာဇဝတ်‌ တရားရုံးကစုံစမ်း စစ်‌‌ဆေး‌ပေးဖို့ တရားရုံးရဲ့ ‌ရှေ့နေချုပ်ကို ကျွှန်တော်‌တိုက်‌တွန်း မှာဖြစ်ပါတယ်။"
မစ်စတာ ရာ‌မော့စ်‌က မြန်‌မာနိုင်‌ငံ အ‌ပေါ်‌ စီးပွါး‌ရေး ပိတ်‌ဆို့မူ‌ ‌တွေပြုလုပ်တာကိုကန့်ကွက်သူဖြစ်ပေမဲ့ အာဏာရှင်တချို့ကနိုင်ငံတကာအသိုင်းအ၀ိုင်းကို ပိတ်ဆို့မှုတွေပြုလုပ်အောင်လုပ်နေတယ်လို့ဆိုပါတယ်။
" အ‌မေရိကန်‌ အစိုးရက ပျော့ပြောင်းတဲ့လက္ခ‌ဏာတချို့ပြသလာတာကို အလျှော့ပေးလာတဲ့လက္ခဏာလို့ စစ်အစိုးရကယူဆနေခြင်းဖြစ်နိုင်ကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါသည်။

Tuesday, May 12, 2009

ပြည်သူ့ ချဉ်ဖတ် နအဖမျိုးယုတ် ဗိုလ်မှူးချူပ်တစ်ဦး ကျဆုံးသွားကြောင်း သတင်းသိရှိရ

မနေ့  (မေလ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်) က ကရင်ပြည်နယ်၊ သံတောင်ဒေသ ဘောဂလိဒေသမှာ စစ်ဆင်ရေးဝင်နေသော တောင်ကုတ်အခြေစိုက် စကခ (၅)၊ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ် (DSA အမှတ်စဉ် ၂၃ ကျောင်းဆင်း) ခြုံခိုတိုက်ခိုက်ခံရပြီး ကျဆုံးသွားသည်ဟု သတင်းရရှိပါတယ်။ဖြစ်ပွားမှုမှာ အဆိုပါ ဗိုလ်မှူးချုပ်ကောင်းမြတ် လိုက်ပါလာသော ကား (၃) စီးအနက်မှ နောက်ဆုံးကားအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂) မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဗိုလ်မှူးချုပ်ကောင်းမြတ် သေဆုံးသွားကြောင်း သတင်းသိရှိရပါသည်။ပြည်သူ့ ချဉ်ဖတ် နအဖမျိုးယုတ် ဗိုလ်မှူးချူပ်ကောင်းမြတ်ဟာ ပြည်သူလူထုအပေါ်မှာ အလွန်ဆိုးရွားစွာဆက်ဆံသောသူ တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ တပ်မဟာ (၂) နယ်မြေ ဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖ တပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်က “မင်းတို့ကို နှိပ်စက်တာ မီဒီယာတွေအတွက် ရိုးနေပြီ။ သတင်း မဟုတ် တော့ဘူး။ မီဒီယာတွေက မဖော်ပြတော့ဘူး။ အရေးလုပ်ပြီး အသံမလွှင့်တော့ဘူး။ အဲ့ဒါတွေကို အားကိုးမနေနဲ့။ ငါတို့ နှိပ်စက်ချင်သလို နှိပ်စက်လို့ရတယ်” လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက် ညှဉ်းပန်းမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခဲ့ပါတယ်။လူထုကို ရိက္ခာထမ်းခိုင်းတာတွေ၊ ကားလမ်းတလျှောက် လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေအသုံးပြုတာတွေ လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ (၆) ရက်နေ့ကလည်း ဘောဂလိရွာသား (၅၀) နဲ့ ရေသိုးကြီးရွာသား (၂၀) ကို ဘောဂလိကားလမ်းပေါ်မှာ ရင်ဘောင်တန်း တန်းစီလျှောက်ခိုင်းပြီး လူသားဒိုင်း၊ လူသားမိုင်းရှင်းကရိယာအဖြစ် မြေမြှုပ်မိုင်းကာကွယ်ရေး လုံခြုံရေး ယူခိုင်းခဲ့ပါတယ်။ဒီလိုမျိုး ယုတ်မာရိုင်းစိုင်းတဲ့ ပြည်သူ့ ချဉ်ဖတ် နအဖမျိုးယုတ် ဗိုလ်မှူးချူပ်တစ်ဦး ကျဆုံးသွားကြောင်း သတင်းကို သူပြောခဲ့တဲ့ မီဒီယာတွေကဘဲ သိအောင် တင်ပြလိုက်ရပါတယ်။ပြည်သူကို စော်ကားရိုင်းစိုင်းသူမှန်သမျှ တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ ပေးဆပ်ရပါလိမ့်မယ်။

(သတင်းပေးပို့ လာသူ - အာဏာရှင်ဆန့် ကျင်ရေး တိုက်ပွဲဝင်နေသူတစ်ဦးအား ကျေးဇူးတင်ရှိပါသည်) ။

Saturday, May 9, 2009





ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုထားသော RUDWARD KIPLING ၏ 'IF'
'IF. . . .''အကယ်၍'If you can keep your heard when all about you,Are losing theirs and blaming it on you,အကယ်၍မင်းအသိုင်းအ၀ိုင်းကတုန်လှုပ်ခြောက်ခြားပြီးဒါတွေဟာမင်းကြောင့်လို့ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါမင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။If you can trust yourself when all doubt you,But make allowance for their doubting too,အကယ်၍အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါသူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။IF you can bear to hear the truth you’ve spokerTwisted by knaves to make atrap for fools,On watch the things you gave your life to broken.And stoop and build’em up with won-out tools:အကယ်၍မင်းရဲ့အမှန်စကားတွေကိုလူလိမ်လူညစ်တွေကလှည့်စားပြောင်းလဲပြီးမုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါမင်းဟာတည်ငြိမ်စာနဲ့ နာကြားနိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းဘ၀တစ်ခုလုံးပေးပြီးအရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကိုဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာအင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။If you can make one heap of all your winnings,And risk it on turn of pitch-and-toss.And lose? And start again at your beginnings,And never breathe a ward about your loss:အကယ်၍မင်းနိုင်ခဲ့သမျှတွေအားလုံးဟာကြွေတစ်လှည့် ကြက်တစ်ခုန်ပမာတစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….ပြီးတော့အစကနေ ပြန်စနိုင်မယ်ဆိုရင်….ပြီးတော့တစ်ခါဆိုးလှတဲ့ကံကြမ္မာရယ်လို့ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။If you can force your heart and nerve and sinew,To serve your turn long after they are gone,And so hold on when there is nothing in youExcept the will which says to them: ‘ Hold on:!’အကယ်၍သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှမင်းအလှည့်ရောက်လာတဲ့အခါမင်းတစ်ယောက်တည်းနဲ့ပဲအားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..အဲဒီလိုပဲမင်းမှာ စိတ်အင်အားကလွဲလို့ဘာဆိုဘာမှ မရှိတော့တဲ့အခါအဲဒီစိတ်ဓာတ်အင်အားကိုခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။If you can wait and be tired by waiting,Or being lied about, don’t deal in lies,Or being hated, don’t give way to hating,And yet don’t look too good, nor take too wise,အကယ်၍စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီးအဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…ဒါမှမဟုတ်မင်းရဲ့အကြောင်းမဟုတ်တရား မုသားစကား ကြားရတဲ့အခါမင်းကလည်း အလိမ်အညာတွေနဲ့မတုန့်ပြန်ဘူးဆိုရင်….ဒါမှမဟုတ်မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါမင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….ပြီးတော့မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။If you can dream-and not make dreams your master;If you can think-and not make thoughts your aim;အကယ်၍စိတ်ကူးယဉ် အိပ်မက်တွေဟာမင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…အတွေးအခေါ် စိတ်ကူးတွေဟာမျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။If you meet with triumph and Dister,And tread those two imposters just the same;အကယ်၍အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါတူညီသော လောကဓံ တရားတွေပါလား ရယ်လို့ခံယူထားနိုင်မယ်ဆိုရင်. . . . . .။If you can talk with crowds and keep your virtue,Or walk with kings – nor lose the common touch,အကယ်၍လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..ဒါမှမဟုတ်မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်မာန်မာန သွေးမကြွဘူးဆိုရင်….If neither foes nor loving friends can hurt you,အကယ်၍ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေမင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။If all men count with you, but none too much;အကယ်၍လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….If you can fill the unforgiving minute,With sixth seconds’ worth of distance run.အကယ်၍တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာအဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်အသုံးချနိုင်မယ်ဆိုရင်. . . . .။Yours is the Earth and everything that’s in it,And-which is more – you’ll be a man, my son !ငါ့သားရေမင်းဟာအရာရာရှိတဲ့၊အရာရာဖြစ်တဲ့ကမ္ဘာကြီးကို ဆုပ်ကိုင်လို့အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။အဲဒီတော့ မင်းဟာလည်းယောက်ျားကောင်းတစ်ယောက်ပဲပေါ့။ဘာသာပြန်ဆိုသူ = ဒေါ်အောင်ဆန်းစုကြည်မူရင်းကဗျာ'If......'If you can keep your heard when all about you,Are losing theirs and blaming it on you,If you can trust yourself when all doubt you,But make allowance for their doubting too,If you can wait and be tired by waiting,Or being lied about, don’t deal in lies,Or being hated, don’t give way to hating,And yet don’t look too good, nor take too wise,If you can dream-and not make dreams your master;If you can think-and not make thoughts your aim;If you meet with triumph and Dister,And tread those two imposters just the same;IF you can bear to hear the truth you’ve spokerTwisted by knaves to make atrap for fools,On watch the things you gave your life to broken.And stoop and build’em up with won-out tools:If you can make one heap of all your winnings,And risk it on turn of pitch-and-toss.And lose? And start again at your beginnings,And never breathe a ward about your loss:If you can force your heart and nerve and sinew,To serve your turn long after they are gone,And so hold on when there is nothing in youExcept the will which says to them: ‘ Hold on:!’If you can talk with crowds and keep your virtue,Or walk with kings – nor lose the common touch,If neither foes nor loving friends can hurt you,If all men count with you, but none too much;If you can fill the unforgiving minute,With sixth seconds’ worth of distance run.Yours is the Earth and everything that’s in it,And-which is more – you’ll be a man, my son !RUDWARD KIPLING

Saturday, May 2, 2009



2009 သင်္ကြန်သံချပ်

Tuesday, April 28, 2009

နအဖရဲ့ရုပ်ပုံများ