Sunday, November 21, 2010

DKBA and SPDC

Friday, October 29, 2010

Monday, October 25, 2010

ကြားသမားတွေရဲ့  နိဂုံး ( ထန်လိုင်းထန် ပေးပို့ သည်။ )

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူစိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထား လိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။

အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။မြေကြီးကိုခြေထောက်နဲ့ယက်ပြီးအစာရှာနေတဲ့ကြက်ဖကြီးကခေါင်းမော်ကြည့်ပြီးစိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။ အော်ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။ ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေးရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်း ပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့အကြောင်း ထပ်ပြောလိုက်တယ်။နွားက ၀ိုး… ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ခေါင်းငိုက်စိုက်ပြီးအိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။အော်…လယ်သမားကြီးရဲ့ကြွက်ထောင်ချောက်ကိုငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။ လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက် ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန် ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။ အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ်ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ်လုပ်ဖို့လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။ .ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။ နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။ လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။ ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီအန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။တခြားသူတွေအပေါ်မှာမျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း
အားပေးပြီးအစွမ်းကုန်ကူညီတတ်ဖို့လိုပါတယ်။ကျနော်တို့အားလုံးဟာဘ၀လို့ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
ဒါကတော့ တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။ ရှေ့ကပုံပြင်နဲ့ မတူပေမယ့် မဆိုင်သလိုနေတဲ့ သူတွေအတွက် ဥပမာ ပေးရာမှာတော့ နီးစပ်မှု ရှိပါတယ်။“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာဖိနှိပ်သူဘက်ကလိုက်ဖို့ရွေးချယ်လိုက်တာနဲ့အတူတူဘဲ”

Wednesday, October 20, 2010

ရွေးကောက်ပွဲမှ မစသေး ပြည်နယ်ဝန်ကြီးချုပ်စာရင်း ထွက်နေ

.

ရွေးကောက်ပွဲ ပြီးရင် တိုင်းနဲ့ ပြည်နယ် တွေမှာ ဗိုလ်ချုပ် လူထွက်တွေ ကို ဝန်ကြီးချုပ် တွေ ခန့်ဖို့ ရွေးကောက်ပွဲ မစခင် အခု ကတည်းက လျာထား သတ်မှတ်ပြီး ဖြစ်တယ် လို့ သိရ ပါတယ်။

ရွေးကောက်ပွဲ ပြီးတဲ့အခါ မွန်ပြည်နယ် ရဲ့ ဝန်ကြီးချုပ် လုပ်မယ် ဆိုတဲ့ ကာကွယ်ရေး ဌာန ဒုဝန်ကြီး ဦးအေးမြင့် က မော်လမြိုင်မြို့ ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ပြုလုပ်တဲ့ ဟောပြောပွဲ အခမ်းအနား တစ်ခုမှာ ပြည်နယ် နဲ့ တိုင်း ဝန်ကြီးချုပ် လုပ်မယ့်သူတွေရဲ့ အမည်တွေကို အတိအလင်း ထုတ်ဖေါ် ပြောဆို ခဲ့တယ် လို့ သိရပါတယ်။

အဲဒီ ဟောပြောပွဲ မှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်မယ့်သူက ဗိုလ်ချုပ်ဟောင်း ဦးမောင်စိန်၊ ဆိတ်ကြီးခနောင်တိုက ပြိုင်မယ့် ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ရဲမြင့်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် သာအေးက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်၊ တစလ မှူး ဗိုလ်ချုပ် ခင်ဇော် က တနင်္သာရီတိုင်း ဝန်ကြီးချုပ် အဖြစ် လျာထားပြီး ဖြစ်တယ် လို့ ဦးအေးမြင့် က အတိအကျ ထုတ်ဖေါ် ပြောဆို သွားတဲ့ အကြောင်း ဟောပြောပွဲ တက်ရောက် နားထောင်ခဲ့သူ တစ်ဦး က ဘီဘီစီ ကို ပြော ပါတယ်။

အခုလို ရွေးကောက်ပွဲမှ မစရသေး ပြည်နယ် နဲ့ တိုင်း ဝန်ကြီးချုပ် လုပ်မယ့်သူတွေ ကို ကြိုတင် လျာထား သတ်မှတ် ထားပြီး ဖြစ်တယ် ဆိုတဲ့ ဦးအေးမြင့် ရဲ့ စကားကြောင့် ကြားရသူ အားလုံးက ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲမှ ဟုတ်ရဲ့လား ဆိုပြီး သံသယ ဖြစ်နေကြ ရတယ် လို့လည်း ဟောပြောပွဲ တက်ရောက် နားထောင်သူ ကပဲ ဘီဘီစီ ကို ပြောပြ သွားပါတယ်။

Saturday, September 11, 2010

ခွေးခြင်္သေ့

.

ခြင်္သေ့ဆိုလျှင်၊ တောဘုရင်မို့၊
လည်မျှင်ဆံဖွား၊ ဖားလျားလျားနှင့်၊
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်၊
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်၊
ခြင်္သေ့ဟန်ဖြင့်၊ တဝင့်ဝင့်မို့၊
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။

ခွေးဆိုလည်းခွေး၊
အယ်လ်ဇေးရှင်း၊ အင်းခွေး ဗမာခွေး၊
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့၊
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်မယ်။

ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့၊
ဇာစ်မြစ်မမှန်၊ လည်ဆံမဖွာ၊
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့ …
“သတ္တိ” “သစ္စာ” ဘယ်အရာမှစံမဝင်
သဏ္ဌာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့ …)
ခွေးဘဝလောက်ဂုဏ်မရှိ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Thursday, September 9, 2010

ပန်းသီးပေးတဲ့ကောင်မလေး(by Herman Rosenblat)

"ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်း
နဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး ..."
***** ***** *****
၁၉၄၂ ခုနှစ်၊ August လ…
ပိုလန်နိုင်ငံ ပီယော့တိုကို မြို့ 
ကောင်းကင်တစ်ခုလုံး မဲမှောင်နေလို့ …
ပီယော့တိုကိုမြို့  က ဂျူးတွေအားလုံး ယောကျာ်းမိန်းမ မရွေး၊ ကလေးပါမကျန် ကွင်းပြင်ကြီး တစ်ခုထဲကို မောင်းအသွင်းခံနေရတယ်။ ကျွန်တော်တို့ အပြောင်းရွှေ့ ခံကြရတော့မယ်လို့ လည်း သတင်းတွေကြားနေရတယ်။ ကျွန်တော့် အဖေကတော့ ပြွတ်သိပ်ပြီး နေနေရတဲ့ ကျွန်တော်တို့ ဂျူးတွေကြားမှာ ကူးစက်ပျံနှ့ံလာတဲ့ အပြင်းစား အဖျားရောဂါ
နဲ့ ဆုံးသွားတာ မကြာသေးပါဘူး။

ကျွန်တော်တို့ မိသားစု တကွဲတပြားစီ ဖြစ်သွားမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်ဗျာ။ ကျွန်တော့် အစ်ကိုကြီး အစ်ဇစ်ဒို ကတော့ ကျွန်တော့်အသက်ကို မေးလာရင် ၁၆ နှစ်လို့ ပြောဖို့ တိုးတိုးတိတ်တိတ် မှာပါတယ်။ ကျွန်တော့် အရပ်က ကျွန်တော့်အသက် ၁၁ နှစ်နဲ့ စာရင် တော်တော်လေးရှည်တာမို့ ကျွန်တော့်ကိုယ် ကျွန်တော် ၁၆ နှစ်လို့ ပြောရင့် သူတို့ ယုံကြလိမ့်မယ်ထင်တာပဲ။ ဒါဆိုရင် ကျွန်တော့်ကို အလုပ်လုပ်နိုင်တဲ့ အရွယ်လို့ သူတို့ သတ်မှတ်ကြလိမ့်မယ်။

“ဒေါက်..ဒေါက်..ဒေါက်” ဟော..ခြေသံတွေ….
ဘွတ်ဖိနပ်နဲ့ လမ်းခင်းကျောက် ထိမိလို့ ထွက်လာတဲ့ခြေသံတွေ….
နာဇီလက်အောက်ခံ SS (Schutztaffel) က စစ်သားတစ်ယောက် ကျွန်တော့်အနားကို ချဉ်းကပ်လာပါတယ်။ သူကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ်ကြည့်ပြီး ကျွန်တော့် အသက်ကို မေးပါတယ်။
ကျွန်တော်သူ့ ကို ထိတ်ထိတ်လန့် လန့် နဲ့ ပဲ ပြန်ဖြေလိုက်ပါတယ်။ “၁၆ နှစ်”
သူက ကျွန်တော့်ကို ကျွန်တော့် အစ်ကိုသုံးယောက်အပါအဝင် တခြားကျန်းမာသန်စွမ်းတဲ့ လူငယ်ကောင်လေးတွေ ရပ်နေကြတဲ့ ဗယ်ဘက်ကို သွားဖို ညွှန်ပြလိုက်ပါတယ်။

ကျွန်တော့်အမေကတော့ တခြားမိန်းမတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာတဲ့သူတွေ ရပ်နေရတဲ့ ညာဘက်ခြမ်းကို သွားရပါတယ်။ ဒါနဲ့ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိချင်လို့ ကျွန်တော့်အစ်ကို အစ်ဇီဒိုကို တိုးတိုးလေးမေးလိုက်ပါတယ်။ အစ်ကိုက ပြန်မဖြေပါဘူး။ ကျွန်တော် အမေ့ ဆီကိုပြေးသွားပြီးတော့
အမေနဲ့ အတူနေချင်တဲ့အကြောင်းပြောလိုက်တယ်။ အမေက ခပ်ပြတ်ပြတ်ပဲ ငြင်းပါတယ်။ “ဟာ…ငါ့ကို ဘာမှအဓိပ္ပါယ် မရှိတာတွေ လာပြောမနေနဲ့ ။ နင့်အစ်ကိုတွေ ရှိတဲ့နေရာကိုသွားစမ်း”။ အမေ ကျွန်တော့်ကို တစ်ခါမှ အဲဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းမဆူဘူးသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို စိုးရိမ်စိတ်နဲ့  အမေ အကာအကွယ်ပေးလိုက်တာပဲ ဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။ အမေက ကျွန်တော့်ကိုအရမ်းချစ်တော့ ဒေါသထွက်ဟန်ဆောင်ပြီး ပြောခဲ့တာပါ။ အဲဒီ့ အချိန်ဟာ ကျွန်တော် အမေ့ကို နောက်ဆုံးတွေ့ လိုက်ရတဲ့ အချိန်ပေါ့။

ကျွန်တော်တို့ ကို ကျွဲတွေနွားတွေ တင်တဲ့ကားနဲ့ ခေါ်သွားပြီးတော့ ဂျာမနီကို ပို့ လိုက်ပါတယ်။ ကျွန်တော်တို့ လူတွေအရမ်း ပြွတ်သိပ်နေတဲ့ ဘူးခန့် ဝဲ(လ်)(ဒ်) (Buchenwald) ငရဲခန်း ကိုရောက်သွားပါတယ်။ ကျွန်တော်တို့ ကို Uniform ထုတ်ပေးပြီး ကိုယ်ပိုင်နံပါတ် တစ်ခုစီလည်းပေးပါတယ်။ ကျွန်တော့် အစ်ကိုတွေကို ကျွန်တော် ပြောလိုက်ပါတယ်။ “ငါ့ကို ဟာမန် လို့ မခေါ်နဲ့ တော့။ 94983 လို့ ပဲခေါ်ကြတော့”။ ကျွန်တော် အကျဉ်းစခန်းထဲက မီးသင်္ဂြိုလ်ရုံမှာ လူသေအလောင်းတွေကို လက်လှည့်လှေကား ပေါ်တင်ပေးရတဲ့ အလုပ်ကိုလုပ်ရပါတယ်။ ကျွန်တော်လည်း လူသေအလောင်းတွေနဲ့ ဘာထူးသေးလို့ လဲ။ ကျွန်တော့်ကိုယ် ကျွန်တော် သေဆုံးသွားသလို ခံစားရတယ်။ သြော်…ကျွန်တော့်ဘဝကလည်း အသက်မရှိတဲ့ နံပါတ်တစ်ခုသာ။

ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ကို ဘူခန့် ဝဲ(လ်)(ဒ်) အကျဉ်းစခန်း ရဲ့  ဘာလင်မြို့ နားက အကျဉ်းစခန်းခွဲတစ်ခု (Schlieben) ကို ပို့ လိုက်ပါတယ်။ တစ်မနက်မှာတော့ အမေ့  ရဲ့ အသံကို ကျွန်တော် ကြားယောင်မိတယ်ဗျာ။ “သား အတွက် မေမေ နတ်မိမယ် တစ်ပါး လွှတ်လိုက်တယ်” တဲ့။ ပျော့ပျောင်းညင်သာစွာ ကျွန်တော့်ကို ပြောလိုက်တဲ့အမေ့ ရဲ့ အသံကို ကျွန်တော်သေသေချာချာကို ကြားလိုက်ရတယ်ဗျာ။

နောက်တော့ကျွန်တော် နိုးလာပါတယ်။ သြော်…ငါ အိပ်မက် မက်နေတာပါလား။ နတ်မိမယ်လေး လွှတ်လိုက်မယ်တဲ့။ အရမ်းလှတဲ့ အိပ်မက်လေးပဲ။ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ နတ်မိမယ် တော့ ဘယ်လိုမှမရှိနိုင်ဘူး။ ဝန်နဲ့ အားနဲ့ မမျှတဲ့အလုပ်၊ ဆာလောင်မွတ်သိပ်မှုနဲ့  အကြောက်တရားတွေပဲ ဒီနေရာမှာ ရှိတယ်။

ရက်အနည်းငယ် အကြာမှာတော့ ကျွန်တော် အကျဉ်းစခန်း ထဲမှာ တစ်ယောက်တည်း လျှောက်သွားရင်းနဲ့ အကျဉ်းသားတန်းလျားတွေရဲ့ နောက်၊ အစောင့်တွေအလွယ်တကူမမြင်နိုင်တဲ့ သံဆူးကြိုးတွေကာထားတဲ့ ခြံဝင်းအနီး ကို ရောက်သွားပါတယ်။ ခြံစည်းရိုးရဲ့ အခြားတစ်ဘက်မှာ ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးတစ်ယောက်ရှိနေတာကို ကျွန်တော်သတိထားမိပါတယ်။ သူက သူ့ ရဲ့ ကိုယ်တစ်ဝက်ကို သစ်ပင်တပင်နဲ့ ကွယ်ထားပါတယ်။ ကျွန်တော် တစ်ချက် မျက်စေ့ ကစားပြီး ပတ်ဝန်းကျင်မှာ ကျွန်တော့်ကို မြင်နိုင်တဲ့သူရှိမရှိ အကဲခတ်လိုက်ပါတယ်။ ကျွန်တော့်ကို တခြားမြင်နိုင်တဲ့သူ မရှိနိုင်တာသေချာတာနဲ့  သူ့ ကို ကျွန်တော် ဂျာမန်လို တိုးတိုးလေး စားစရာတစ်ခု ရှိမရှိ မေးလိုက်ပါတယ်။ သူက ကျွန်တော်ပြောတာကို နားမလည်ပါဘူး။ ကျွန်တော် ခြံစည်းရိုးနားကို နည်းနည်း ထပ်တိုးသွားပြီးတော့ ပိုလန်လို ထပ်မေးလိုက်ပါတယ်။ သူ ရှေ့ ကို တစ်လှမ်းတိုးလာပါတယ်။ ကျွန်တော်ဟာ ပိန်ချုံးနေပြီး ခြေထောက်မှာလည်း အဝတ်စုတ်တွေနဲ့ ပတ်ထားပါတယ်။ ဒါပေမယ့် ကောင်မလေးကြည့်ရတာ ရွံ့ တွန့် တွန့် ဖြစ်နေပုံ မရပါဘူး။
သူ့ ရဲ့ မျက်လုံးတွေထဲမှာ ကျွန်တော် အသက်ဓာတ်တစ်မျိုးကို တွေ့ ရပါတယ်။ သူက သူ့ ရဲ့  သိုးမွေး အင်္ကျီထဲကနေ ပန်းသီးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ခြံစည်းရိုးပေါ်ကို ကျော်ပစ်ပေးပါတယ်။ ကျွန်တော် အဲဒီ့ပန်းသီးကို ဖမ်းလိုက်ပြီး အဝေးကို ချက်ခြင်း ပြေးထွက်ခဲ့ပါတယ်။ သူမရဲ့ အသံဖျော့ဖျော့ လေးကို လည်းကျွန်တော်ကြားလိုက်ရပါတယ်။ မနက်ဖန်လည်း လာခဲ့မယ်တဲ့။

ဒါပေမယ့် ကျွန်တော်ကတော့ သူပြန်လာလိမ့်မယ်လို့ မထင်ပါဘူး။ အရမ်းအန္တရာယ်များတယ်လေ။ ဒါပေမယ့် နောက်တစ်ရက် အဲလိုအချိန်မှာ အဲဒီ့နေရာကို ကျွန်တော်မသွားပဲ မနေနိုင်ဘူးဗျာ။ ကျွန်တော် မျှော်လင့်ချက်တဝက်၊ စိုးရိမ်စိတ် တဝက်
နဲ့ သွားခဲ့ပါတယ်။ သူရှိနေပါတယ်။ မနေ့ က ကောင်မလေး။ သူ သစ်ပင်နောက်ကွယ်ကနေ ထွက်လာပြီးတော့ မနေ့ ကလိုပဲ တစ်စုံတစ်ခုကို ခြံစည်းရိုးပေါ်ကျော်ပြီး ပစ်လိုက်ပါတယ်။ ဒီတစ်ခါတော့ ပေါင်မုန်.။ ပေါင်မုန့် တစ်တုံးကိုထုပ်ပြီး ကျောက်တုံးတစ်တုံးနဲ့ တွဲချည်ပြီး ပစ်လိုက်တာ။ ကျွန်တော် သူ့ ကို အရမ်းပဲကျေးဇူးတင်မိပါတယ်။ ကျွန်တော် ပေါင်မုန့် ကို ဆာလောင်မွတ်သိပ်စွာ စားရင်းကနေ ပေါင်မုန့် က ကျွန်တော့် အစ်ကိုတွေနဲ့ ဝေစားလို့ ရလောက်အောင် ကြီးရင် ကောင်းမယ်
လို့ တွေးမိပါတယ်။ ကျွန်တော် ကောင်မလေးကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။

ကျွန်တော်နေ့ တိုင်းနေ့ တိုင်း အချိန်ကျတာနဲ့ ခြံစည်းရိုးနားက အဲဒီ့နေရာကို အမြဲသွားပါတယ်။ကောင်မလေးကလည်း ကျွန်တော့်အတွက် စားစရာတစ်ခုခုယူလာပြီး အဲဒီ့နေရာကို မပျက်မကွက် လာရှာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စကားမပြောရဲ ကြပါဘူး။ ကြာကြာလည်း မနေရဲ ကြပါဘူး။ အဖမ်းခံရရင် ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အသက်အန္တရာယ်ရှိပါတယ်။ ကျွန်တော် ကောင်မလေးရဲ့ အကြောင်းကို ဘာမှမသိပါဘူး။ သူဟာ ကြင်နာတတ်တဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ ပိုလန်စကားကို နားလည်ပုံရတယ်။ ကျွန်တော်ဒီလောက်ပဲ သိပါတယ်။ သူ့ နာမည်ဘယ်သူလဲ? ကျွန်တော့်အတွက် သူ ဘာကြောင့် ဒီလောက်စွန့် စားသလဲ? အခုလို မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ အချိန်မှာ သူက ခြံစည်းရိုး ဟိုဘက်ခြမ်းကနေပြီးတော့ မျှော်လင့်ချက်နဲ့ စားစရာပေါင်မုန့် တွေ ပန်းသီးတွေကို ပေးပါတယ်။

ခုနစ်လလောက်ကြာတော့ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ တခြားလူတွေကို ကျောက်မီးသွေးတင်တဲ့ကားပေါ် စုပြုံတင်ပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ရှိတဲ့ တီရီဆန်စတပ် camp ကို ပို့ လိုက်ပါတယ်။ မသွားခင် တစ်ရက်မှာ ကောင်မလေးကို နောက်နေ့ တွေမလာတော့ဖို့ နဲ့ ကျွန်တော်တို့ သွားရတော့မယ့် အကြောင်းကို ပြောလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပန်းသီးတွေပေးတဲ့ အမည်မသိ ကောင်မလေးကို ကျွန်တော် နှုတ်လည်းမဆက်၊ နောက်လည်း ပြန်လှည့်မကြည့်ပဲနဲ့ ကျွန်တော့်နေရာဆီကို ဦးတည်ပြီး လှည့်ထွက်လာခဲ့ပါတယ်။

ကျွန်တော်တို တီရီဆန်စတပ် camp မှာ ၃လ နေခဲ့ရပါတယ်။ စစ်ကြီးရဲ့ အရှိန်ဟာ လျော့ကျလာပြီး မဟာမိတ်တပ်တွေလည်း ရောက်လာခါလည်းနီးပါပြီ။ ဒါပေမယ့် ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်းနဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး။ ကျွန်တော် အဖေနဲ့ အမေ့အကြောင်းတွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူတို့ နဲ့ ပြန်ဆုံစည်းရတော့မယ်။ မနက် ၈နာရီမှာ ကျွန်တော် ဆူဆူညံညံ အသံတွေကြားလိုက်ရပြီး လူတွေဟိုပြေးဒီပြေးနဲ့ အကျဉ်းစခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့ လိုက်ရတယ်။ ကျွန်တော့် အစ်ကိုတွေနောက်ကို ကျွန်တော်ပြေးလိုက်သွားတယ်။ ရုရှားတပ်တွေက ကျွန်တော်တို့ ကိုလွှတ်ပေးလိုက်ပြီတဲ့။

ဂိတ်တံခါးက ပွင့်နေပြီ။ လူတွေလည်း ပြေးလွှားနေကြတယ်။ ကျွန်တော်လည်း သူတို့ နဲ့ အတူတူ လိုက်ပြေးတာပေါ့။

အံ့သြစရာ တော့ကောင်းတယ်ဗျာ။ ကျွန်တော်တို့ ညီအစ်ကိုတတွေ အားလုံး ငရဲခန်းကြီးထဲမှာ တစ်ယောက်မှ မသေပဲ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်သေကံမရောက် သက်မပျောက်ပဲ ကျန်ရစ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဟာ ပန်းသီးပေးတဲ့ ကောင်မလေးကြောင့်။ အနိဌာရုံတွေ ကြီးစိုးနေတဲ့နေရာမှာ ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ကိုကယ်ခဲ့တယ်။ မျှော်လင့်ချက်လုံးဝမရှိတဲ့ နေရာမှာ မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အိပ်မက်ထဲမှာ ကျွန်တော့်အမေ ကျွန်တော့်ကို ကတိပေးခဲ့သလိုပဲ ကျွန်တော့်ဆီကို နတ်မိမယ်လေးတစ်ပါး လာရောက်ပြီး ကျွန်တော့်အတွက် နေ့ စဉ် မျှော်လင့်ချက် လေးတွေ ပေးခဲ့တယ်။

နောက်ဆုံးမှာတော့ ကျွန်တော် ဂျူးအဖွဲ့ အစည်းတွေရဲ့ အထောက်အပံ့နဲ့  အင်္ဂလန်ကို သွားခဲ့တယ်။ ကျွန်တော့်လိုပဲ အစုလိုက်အပြုံလိုက် အသတ်ခံ ရမှုကနေ အသက်မသေပဲ လွတ်မြောက်လာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အဆောင်တစ်ခုမှာ အတူတူနေပြီး အီလက်ထရောနစ် ပညာကို သင်ယူခဲ့ပါတယ်။ နောက်တော့ ကျွန်တော့်အစ်ကို Sam ရောက်နှင့်နေပြီ ဖြစ်တဲ့ အမေရိကန်ကို ကျွန်တော်လိုက်သွားတယ်။ ကိုရီးယား စစ်ပွဲကာလမှာ အမေရိကန် စစ်တပ်မှာ ကျွန်တော် ဝင်အမှုထမ်းခဲ့ပြီး New York ကို ပြန်လာခဲ့ပါတယ်။ 1975 သြဂုတ် လမှာတော့ ကျွန်တော် အီလက်ထရွန်းနစ် စက်ပစ္စည်းပြင်ဆိုင်ကို ဖွင့်ခဲ့ပါတယ်။ ကျွန်တော် အခြေကျစ ပြုလာပါပြီ။

တစ်ရက်မှာတော့ ကျွန်တော် အင်္ဂလန်တုန်းက သိခဲ့တဲ့ သူငယ်ချင်း Sid ကဖုန်းဆက်ပါတယ်။

“ငါကောင်မလေးတစ်ယောက်နဲ့ date လုပ်ထားတယ်။ သူ့ မှာလည်းသူငယ်ချင်းတစ်ယောက်ရှိတယ်။ ငါတို့  double date လုပ်ရအောင်”

Blind date…အပြင်မှာ လူချင်းမတွေ့ ဖူးသေးပဲ ချိန်းတွေ့ ကြမှာ။ ကျွန်တော်ဒါမျိုးကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းက အတင်းနားပူတာ နဲ့  ကျွန်တော်လက်ခံလိုက်တယ်။ ရက်အနည်းငယ် ကြာတော့ ကျွန်တော်တို့ ကောင်မလေးတွေနဲ့ တွေ့ ဖို့  Bronx ကိုသွားကြတယ်။ Blind date ဆိုပေမယ့် မဆိုးဘူးဗျာ။ ကျွန်တော်နဲ့ တွဲရတဲ့ ကောင်မလေး ရိုမာ က Bronx ဆေးရုံက Nurse. သူက ကြင်နာတတ်ပြီး စမတ်လည်း ကျတယ်။ လှလည်း လှတယ်ဗျာ။ သူ့ ဆံနွယ် အညိုရောင်လေးကိုကောက်ထားတယ်။ သူ့ မျက်လုံးတွေကလည်း အသက်ဝင်တောက်ပလို့ ။

ကျွန်တော်တို့ လေးယောက် Coney ကျွန်း ကို မောင်းသွားကြတယ်။ ရိုမာက ဖော်ရွေပျူငှာပြီး ပြောလို့ ဆိုလို့ ကောင်းတယ်ဗျာ။ ခင်မင်ရင်းနှီး သွားပြီးတော့ လူစိမ်းဆိုပြီး သတိထားနေရတာတွေ ပျောက်သွားတယ်နဲ့ တူပါတယ်။ ကျွန်တော်တို့ နှစ်ယောက် သူငယ်ချင်း စုံတွဲကို ဦးစားပေးတဲ့ အနေနဲ့  အတ္တလန္တိတ် ပင်လယ်လေကို ရှူရင်း ကမ်းခြေ ပျဉ်ခင်းလမ်းတစ်လျှောက် လမ်းလျှောက်ထွက်ကြပါတယ်။ ပြီးတော့ ကမ်းစပ်မှာ ညစာစားကြပါတယ်။ ဒီလောက် ပျော်စရာ ကောင်းတဲ့ည ကျွန်တော့် ဘဝမှာ မရှိသေးဘူးဗျာ။

ကျွန်တော်တို့ Sid ရဲ့ ကားဆီကို ပြန်ကြပါတယ်။ ကျွန်တော်နဲ ရိုမာ က နောက်ခုံမှာ အတူတူ ထိုင်ကြပါတယ်။ စစ်အတွင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေ မို့  ကျွန်တော်တို့ မှာ ပြောစရာတွေ အများကြီး ရှိနေပါတယ်။ သူက အဲဒီ့ အကြောင်းကို စလိုက်ပါတယ်။

“စစ်ဖြစ်နေတုန်းက ရှင်ဘယ်မှာလဲ” သူက တိုးတိုးလေးမေးပါတယ်။
“အကျဉ်းစခန်းမှာ” ကျွန်တော် နာကြည်းစွာ ဖြေလိုက်ပါတယ်။ အတိတ်က ဒဏ်ရာဒဏ်ချက် တွေက အခုထိ စိတ်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော် ဘယ်လောက်ပဲ မေ့ဖို့ ကြိုးစားကြိုးစား မေ့လို့ ကို မရဘူးဗျာ။
သူက ခေါင်းလေး အသာညိမ့်လိုက်ပါတယ်။
“ကျွန်မတို့ မိသားစုကတော့ ဂျာမနီက ခြံတစ်ခုထဲ မှာ ပုန်းနေရတယ်။ ဘာလင်နဲ့ သိပ်မဝေးဘူး။”
သူက ဆက်ပြောပါတယ်။ “ကျွန်မတို့ ခြံနားမှာ အကျဉ်းစခန်း တစ်ခုရှိတယ်။ အဲဒီ့ အကျဉ်းစခန်းမှာကောင်လေး တစ်ယောက်ရှိတယ်။ ကျွန်မ သူ့ ကို နေ့ တိုင်း ပန်းသီးတို့ ပေါင်မုန့် တို့ သွားသွားပေးတယ်။”

ဟာ…ကြည့်စမ်း။တိုက်ဆိုင်လိုက်တာ။ ကျွန်တော့်အဖြစ်နဲ့ တူလိုက်တာ။ သူ ကျွန်တော့်လို တခြားကောင်လေး တစ်ယောက်ကို ကူညီခဲ့တာပဲ။ “အဲဒီ့ ကောင်လေးရဲ့ ပုံစံက ဘယ်လိုလဲ”ကျွန်တော်မေးလိုက်ပါတယ်။
အရပ်ရှည်ရှည် ပိန်ပိန်နဲ့ ။ လူက အရိုးပေါ်အရေတင်။ သူ့ ကြည့်ရတာ အမြဲ ဆာလောင်နေပုံရတယ်။ ကျွန်မ ခြောက်လလုံးလုံး သူ့ ဆီနေ့ တိုင်းသွားပြီး ပန်းသီးတို့ ပေါင်မုန့် တို့ ပေးခဲ့တယ်။”

ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားသွားပါတယ်။ ကြားရတာတွေ ကို ယုံတောင်မယုံချင်ဘူးဗျာ။ “တစ်ရက်မှာ အဲဒီ့ ကောင်လေးက သူ Schlieben ကနေ သွားရတော့မှာမို့ နောက်နေ့ တွေ မလာတော့ဖို့ မပြောဘူးလား” “အင်း၊ ပြောတယ်” ရိုမာက ကျွန်တော့်ကို အံ့သြစွာ ကြည့်ရင်း ဖြေလိုက်ပါတယ်။

“အဲဒါ ကိုယ်ပဲပေါ့” ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားပြီး ပျော်လည်း ပျော်နေပါတယ်။ အဖြစ်အပျက်က တိုက်ဆိုင်လွန်းတာမို့ ကျွန်တော် ယုံတောင် မယုံနိုင်ဘူးဗျာ။ ကျွန်တော့် နတ်မိမယ်လေး ရိုမာ ကို ကျွန်တော် လက်လွှတ်မခံနိုင်တော့ပါဘူး။ ကျွန်တော် ကားထဲမှာပဲ ရိုမာကို ချစ်ရေးဆိုလိုက်ပါတယ်။ နောက်ထပ် အချိန်တွေ မစောင့်နိုင်တော့ဘူးဗျာ။

“ရှင် ရူးနေပြီ” ရိုမာက ပြောပါတယ်။ ဒါပေမယ့် နောက်အပတ်မှာ သူ့ ရဲ့ မိဘတွေနဲ့ အတူတူ ညစာ လာစားဖို့ ကျွန်တော့်ကို ဖိတ်ပါတယ်။ ကျွန်တော် ရိုမာ အကြောင်းကို သိစရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်တွေကို တော့ သိထားပါတယ်။ အကြပ်အတည်းထဲမှာ သစ္စာရှိမှုတွေ၊ အနွံအတာခံတတ်မှုတွေ၊ကြင်နာတတ်မှုတွေ။ အရမ်းကို ဆိုးဝါးတဲ့ အခြေအနေမှာတောင် သူဟာ လပေါင်းများစွာ မပျက်မကွက် ခြံစည်းရိုးနားကို နေ့ တိုင်းလာပြီး မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ အခု ကျွန်တော် သူ့ ကို ပြန်တွေ့ နေရပါပြီ။ ကျွန်တော် သူ့ ကို လက်လွှတ်ဆုံးရှုံး မခံနိုင်ပါဘူး။ ညစာ အတူတူစားကြတဲ့ နေ့ မှာ သူ ကျွန်တော့် အချစ်ကို လက်ခံခဲ့ပါတယ်။ ကျွန်တော် ကလည်း စကားတည်ပါတယ်။ လက်ထပ်သက်တမ်း နှစ် ၅၀ ပြည့်ပြီး သားသမီးနှစ်ယောက်နဲ့ မြေးသုံးယောက် ရတဲ့ အထိ ကျွန်တော် သူ့ ကို ကျွန်တော့် ရင်ခွင်နဲ့ ဝေးရာ ကို တစ်ရက်တောင်မှ ထွက်ခွာသွားခွင့်မပြုခဲ့ဘူးလေ။ ။

Herman Rosenblat ရဲ့  "The Girl with the Apple" ကို ခံစားပြန်ဆိုပါသည်။

Wednesday, September 1, 2010

စစ်ဗိုလ်ချုပ်နှင့် နိုင်ငံရေးသိုင်းကွက်

ဘိုဘိုကျော်ငြိမ်း | တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်


သြဂုတ်လ ၂၇ ရက်နေ့က ပြန့်ထွက်လာတဲ့ စစ်တပ်အရာရှိကြီးများ အပြောင်းအလဲသတင်းဟာ လာမဲ့ရွေးကောက်ပွဲထက် အရေးပါတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ၁၉၆၂ နှစ် ကတည်းက စစ်အာဏာရှင် အလွှမ်းမိုးခံရတဲ့ နိုင်ငံဖြစ်ခဲ့ရတော့ စစ်တပ်ဟာ အဓိကမဏ္ဍိုင် ဖြစ်လာရတယ်။ စစ်တပ်ရဲ့ အနေအထားနဲ့ စစ်တပ်ကို ကိုင်တွယ်အုပ်ချုပ်ရမဲ့ စစ်ဗိုလ်ချုပ်တွေကို ရွေးချယ်ခန့်ထားမှုအပေါ် အများကြီး မူတည်နေပါတယ်။

ဘာကြောင်လဲဆိုတော့ စစ်အာဏာရှင်တွေအကြိုက် စစ်အာဏာရှင်တည်မြဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် စောင့်ရှောက်ရမှာက ဒီစစ်တပ်ပဲဖြစ်သလို လိုအပ်လာရင် တဖန် အာဏာပြန်သိမ်း ပေးရမှာကလည်း ဒီစစ်တပ်ပဲ ဖြစ်တာကြောင့်ပါ။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်နေဝင်း ပြဌာန်းခဲ့တဲ့ “စစ်အာဏါရှင်ဋီကာ” ကို နောကြေရုံမက ဗိုလ်ချုပ်နေဝင်း မှားခဲ့တဲ့ အမှားတွေကိုရှောင်ဖို့ သတိရှိခဲ့တယ်။ အာဏာရှင် တယောက်အတွက် နံပတ် ၁ အဓိကတာဝန်ဟာ (မိမိ အာဏာတည်မြဲရေး) ဆိုတာကို ဗိုလ်ချုပ်သန်းရွှေတယောက် ကောင်းကောင်းသိတယ်။

မော်စီတုန်း ခေတ်ကိုပြန်လေ့လာကြည့်ရင် မော်စီတုန်းဟာ တိုင်းပြည်အုပ်ချုပ်ရေးကို ဝန်ကြီးချုပ် ချောင်အင်လိုင်းကိုလွှဲထားတယ် ကွန်မြူနစ်နိုင်ငံဖြစ်တာကြောင့် ပါတီဥက္ကဋ္ဌ အနေနဲ့ ပါတီကိုပဲ ကိုင်ထားတယ်။ ဒါတောင် သတိနည်းနည်းလျော့တာနဲ့ လျူရှောက်ချီနဲ့ တိန်ချောက်ပိန်တို့က ပါတီကို ဦးစီးထားလိုက် နိုင်တယ်။

ဒါကြောင် အသိဥာဏ်နုတဲ့ ကျောင်းသားလူငယ်လေးတွေကို မြှောက်ပေးပြီး “ဌာနချုပ်ကိုဝိုင်းကြ” ဆိုပြီး “ယဉ်ကျေးမှုတော်လှန်ရေး” ကို ဆင်နွှဲခဲ့ရတယ် အမှန်က ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာဟာ တကယ်တော့ မော်စီတုန်း ရဲ့ ပါတီတွင်းအာဏာသိမ်းပွဲကို ထုံးသုတ်ပြီး အလှခြယ်ပြထားတာပါ။

ယဉ်ကျေးမှုတော်လှန်ရေးမှာ တော်လှန်ရေးအတွင်းက ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ကြတဲ့ သူရဲကောင်း တော်လှန်ရေးသမား ရဲဘော်ဟောင်း မြောက်မြားစွာကို ရက်ရက်စက်စက် ခြေမှုန်း သတ်ပစ် ခဲ့တာပဲ။ အာဏာရှင်မှန်ရင်၊ ရက်စက်ဖို့ ဝန်မလေးရဘူး။ ဟစ်တလာ၊ စတာလင်၊ ပိုပေါ့ (Pol Pot) တို့ဟာ လူတွေကို သန်းနဲ့ချီစတေးဖို့ လက်ရွံ့ ခဲ့ကြတာမှ မဟုတ်တာဘဲ။

ထိုနည်းတူ ဗိုလ်ချုပ်နေဝင်းသည်လည်းကောင်း၊ ဗိုလ်ချုပ်သန်းရွှေသည်လည်းကောင်း မိမိတို့၏ အာဏာကို ထိပါးလာလျှင် (ပစ်) မိန့်ပေးရန် လက်မတွန့်ခဲ့ကြပါ။ ဘုရားဒကာ၊ ကျောင်းဒကာ အယောင်ဆောင်ကာ ဘာသာရေးဦးထိပ်ထား ပုံသဏ္ဌာန်ဆောင်နေသော ဗိုလ်ချုပ် သန်းရွှေဟာ မိမိအာဏာကို ထိပါးလာသောအခါ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဘုရားသားတော် ရဟန်းသံဃာမြတ်တို့ကို ပစ်သတ်ရန် ဝန်မလေးခဲ့သလို ပခုက္ကူတွင် သံဃာ တော်တချို့ကို တိုင်တွင်ကြိုးချည်၍ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည် မဟုတ်ပါလား။

ဗိုလ်ချုပ်သန်းရွှေရဲ့ အားသာချက်က ဦးနု၊ ဦးနေဝင်းတို့ကဲ့သို့ ဥပဓိရုပ်မကောင်းပါ။ ထို့ကြောင့် ရုတ်တရက် ကြည့်လိုက်လျှင် ရုပ်ဆိုးဆိုး၊ မှုန်ထိုင်းထိုင်းနှင့် ခပ်နုံချာချာရုပ် ထွက်လျက်ရှိသည်။ သွက်သွက်လက်လက်နှင့် ထက်မြက်မည့်ပုံ သဏ္ဌာန် မပေါ်ပါ။ ထို့အပြင် ကြီးပွားတိုးတက်ချင်သည့်ပုံ၊ အာဏာမက်မည့် ပုံ သဏ္ဌာန် လုံးဝ မပေါ်လွင်၊ မဆလခေတ် အစည်းအဝေးများတွင်လည်း စကားများများမပြော အဆိပ်မရှိသည့် ရေမြွေပမာ နေပြနိုင်ခဲ့သည်။

အာဏာရှင် စံနစ်အောက်တွင် ခစားရသော၊ မင်းအခစားအစိုးရ အရာရှိများသည် ခိုင်းရာလုပ်၊ စေရာသွား ပြန်မပြောမည့်သူများဖြစ်မှ အာဏာရှင်များက နှစ်သက်ကြသည်။ အန္တရာယ်ပေးမည့်သူများ မဖြစ်အောင် နေပြကြရသည်။ ဥပဓိရုပ်က နုံချာ၊ ကျားသေကြီးပမာ အနေတတ်သော ဗိုလ်ချုပ်သန်းရွှေကို ဦးနေဝင်းက ဒုစစ်ဦးစီးချုပ် ခန့်လိုက်သည်။ သို့သော် ဦးနေဝင်း မသိလိုက်သည်က ဗိုလ်ချုပ်သန်းရွှေခေါင်းထဲမှာ (ဥာဏ်) အပြည့် ဥာဏ်နီ၊ ဥာဏ်နက်ဟု ဆိုရလျှင်ပိုမှန်လေမလား မသိ။

ဗိုလ်ချုပ်သန်းရွှေက ဦးနေဝင်းထက် ပိုစိတ်ရှည်သည်ဟု ပြောနိုင်မည်ထင်သည်။ ဗိုလ်ချုပ်သန်းရွှေ စစ်ဦးစီးချုပ်ဖြစ်တော့ ရာထူးသာရှိသည်၊ အမှန်တကယ် ပကဓိအာဏာ မရှိရှာ။ ဦးနေဝင်း လက်ဝေခံ (proxy) များကတဆင့် ချုပ်ကိုင်ထားဆဲ ဗိုလ်ချုပ်ခင်ညွန့်တို့က အဖေကြီး (ဦးနေဝင်း) အရှိန်နှင့် လက်ဝါးဇောင်း ထက်နေဆဲ။ တနှစ်ခန့် ဒုချုပ်ရာထူးကို လစ်လပ်အောင်ဆွဲထားပြီး ဗိုလ်ချုပ်ခင်ညွန့်နှင့် ရန်ဘက် ဗိုလ်ချုပ်မောင်အေးကို ရအောင်ရှာလာသည်။

ဒါကိုက နိုင်ငံရေးနားလည်တာနဲ့ နိုင်နင်းတာကိုပြတာပါ ဗိုလ်ချုပ်ခင်ညွန့်တို့ နေရာတကာမှာ သြဇာ ပြနေတုန်းကလည်း ဗိုလ်ချုပ်သန်းရွှေက တစက်ကလေးမှ အပြုံးမပျက်ခဲ့။ ကက(လှမ်း) ကို ကက(ကြည်း) နဲ့ တေ့ပေးထားပြီး၊ မိမိ (လူ) တွေကို ဖြည်းဖြည်းချင်းထည့်ကာ ကြိတ်ပြီး မိမိအာဏာ အုတ်မြစ် (base) ကို တည်ဆောက်ခဲ့သည်။ ပိုင်မှ၊ နိုင်မှ၊ ဦးနေဝင်းကို ဆွဲစေ့လိုက်သည်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဝန်ကြီးချုပ်ရာထူးပေးကာ ကြိုးရှည်ရှည်လှန်ပေးသည်။ အချိန်ကျမှ ကက(ကြည်း)ကို မျက်ရိပ်ပြလိုက်သည်။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အန္တရာယ်ကို ကောင်းကောင်းသိတာပေါ့။ သို့သော် အဖေကြီးရဲ့ အရှိန်ကို မလှန်နိုင်ခင် နေသေးသပ၊ ချုံထဲက ဆိုကလို၊ မိမိအချိန်ကို စောင့်နေနိုင်ခဲ့တယ်။ ဒီလိုအချိန်ကို စောင့်နေတုန်းမှာတောင် ဗိုလ်ချုပ်ခင်ညွန့်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု (sanction)ကို ကျော်နိုင်ဖို့ တရုတ်၊ အာစီယံ၊ အိန္ဒိယတို့နဲ့ ပေါင်းစည်းတာ၊ ခွန်ဆာ၊ လော်စစ်ဟန်၊ လက်နက်ချတွေကိုကိုင်တွဲတာ ၈၈၈၈ ကျောင်းသားအုပ်စုနဲ့ အတိုက်ခံတွေကိုနှိမ်နင်းဖို့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကက(လှမ်း) ကို ကောင်းကောင်းအသုံးချခဲ့တယ်။

အားပါးရ၊ အသုံးချပြီးမှ၊ တချီတည်း ဆွဲချပစ်လိုက်တယ် ဦးနေဝင်းလက်ထက်က ဗိုလ်ချုပ်တင်ဦး (မျက်မှန်) ကို ဖြုတ်ခဲ့စဉ်က (လူ) ကိုပဲဖြုတ်ခဲ့တာ၊ တပည့်အများကို တခြားတပ်တွေဆီ ပြန်ပို့ခဲ့တာပဲ။ ထောက်လှမ်းရေး ကက(လှမ်း) ကို မဖျက်ပစ်ဘူး။ ဗိုလ်ချုပ်ခင်ညွန့်ကိုဖြုတ်တော့ တပည့်တွေကိုလည်း ထောင်ချ၊ ညှဉ်းပန်း ကက(လှမ်း)ကိုပါ ဖျက်ပစ်တာပဲ။ အတူလုပ်လာတဲ့ ရဲဘော်စိတ်မထား အန္တရာယ်ကိုဖယ်ရှားရန် လက်မနှေး ကြူပင်ခုတ်၊ ကြူငုတ် မကျန်စေရ။ ဒါ အာဏါရှင် စစ်စစ်ဆိုတာ ထင်ရှားနေတာပဲ။

ဗိုလ်ချုပ်နေဝင်းဟာ မိမိအာဏာ ထူထောင်စဉ်ကာလမှာ စစ်တပ်ကလွဲပြီး ကျန်တဲ့ မဏ္ဍိုင်မှန်သမျှကို စနစ်တကျ ဖျက်စီးရိုက်ချိုးခဲ့တယ်။ စစ်တပ်ကြောင့်သာ တိုင်းပြည် ချောက်ထဲမကျရတာဆိုပြီး စစ်တပ်ကို သိဒ္ဓိ တင်ခဲ့ပြန်တယ်။ တဘက်က ဆိုရှယ်လစ်စနစ်ဆိုပြီး (မဆလ) ပါတီကိုထောင် ဗဟိုဦးစီးစနစ်ကို ကွန်မြူနစ်စနစ်ကခိုးချ စစ်အာဏာရှင်စနစ်ကို ရုပ်ပြကောင်းအောင် ဥပဒေဘောင်ဝင်အောင် ကြိုးစားခဲ့ပေမဲ့ ဆင်သေကို ခွေးသရေနဲဖုံးလို့မရသလို ၈၈၈၈ အရေးအခင်းမှာ ဗူးပေါ်သလို ပေါ်ခဲ့ရပါတယ်။

ဗိုလ်ချုပ်သန်းရွှေခေတ်ရောက်တော့ ဟန်ဆောင်စရာမလိုတော့ဘူး၊ ရဲရဲတင်းတင်း ဘောင်းဘီပြန်ဝတ် ခဲ့ကြပြန်တယ်။ ငါတို့စစ်တပ်၊ ငါတို့စစ်သားဆိုပြီး ရဲဆေးပြန်တင်ပေးခဲ့ပြန်တယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲလိုက်တဲ့အတွက် (စား)ကွက်တွေ ပိုပေါ်လာပါတယ်။

အမှန်တကယ် မြန်မာနိုင်ငံရဲ့ စစ်တပ်အခြေအနေကို အနုလုံ၊ပဋိလုံ လေ့လာကြည့်ရင် စစ်တပ်ဆိုတာ လက်နက်အားကိုးနဲ့ နယ်မြေသိမ်းထားပြီး အခွင်အရေးလိုချင်ရင် ငွေပေးဆိုတဲ့ တရားဝင် အေးဓါးပြ တိုက်စားနေကြတာပါပဲ။ အခွင့်အရေးပေးနိုင်တဲ့အာဏာက စစ်ဗိုလ်တွေလက်ထဲမှာပဲ ရှိတယ်မဟုတ်လား။ ရာထူးနဲ့အတူ အာဏာ ပါလာတယ်၊ ဒီအာဏာကြောင့် ငွေ ရတယ်လေ။

စစ်တိုင်းမှူးဆိုတာ စစ်တပ်ကိုအုပ်ချုပ်ရသလို၊ မိမိနယ်မြေအတွင်းမှာရှိတဲ့ စီးပွားရေး၊ သာသနာရေး၊ လူမှုရေး အားလုံးကို ကိုင်ရတယ်။ မိမိနယ်မြေထဲမှာတော့ မိမိဟာ ဘုရားငယ်ပဲလေ။ လက်လက်ညှိုးထိုးရာ (ရေ) ဖြစ်နိုင်တာကိုး ရာထူးရရင်၊ အာဏာရော၊ ငွေပါမရှားပေါ့၊ ရာထူးလိုချင်ရင်၊ ဗိုလ်ချုပ်သန်းရွှေနဲ့ စစ်တပ်အပေါ် သစ္စာရှိ၊ နောက်ဆုံးသစ္စာ (Loyalty)ကို (ရာထူး)၊ (အာဏါ)၊ (ငွေ)နဲ့ အလဲအလှယ်လုပ်တာပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ (လာဒ်)စားခြင်းဟာ မကောင်းမှုဒုစရိုက်မမြောက် စနစ်၏ အစိတ်အပိုင်း ယဉ်ကျေးမှုပင်ဖြစ်လာပါတော့တယ်။

ဒါကြောင့် ခိုင်းတာလုပ် စေရာသွား (ပစ်)ဆို(ပစ်) ငြိမ်ငြိမ်လေးထိုင်(စား) (သစ္စာ)သာရှိ ကိုယ့်အလှည့် ရောက်လာလိမ့်မယ်ဆိုတဲ့ တိုင်းပြည်ကို မိမိကိုယ်ကျိုးအတွက်(ရောင်းစား)တဲ့ (စနစ်) ဆိုးကြီးပါပဲ။ ဒီနည်းနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ စစ်တပ်ကိုထိန်းထားတယ်လို့ပဲ သုံးသပ်ရမှာပါ။

စစ်သားတယောက်ရဲ့ သစ္စာဆိုတာကလည်း တိုင်းပြည်အပေါ်မဟုတ်(စစ်တပ်)နဲ့ (တပ်ချုပ်) ကြီးအပေါ် သစ္စာတည်ရမှာကိုး။ ဒီမှာသတိပြုစရာတခုရှိတာက ဗိုလ်ချုပ်နေဝင်း လက်ထက်က စစ်ဗိုလ်အများဟာ ဒီချုပ် (NLD) ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်မှူးကြီးကြည်မောင်တို့လို တော်လှန်ရေးကာလမှာ စစ်ထဲဝင်ခဲ့ကြတဲ့ စစ်ဗိုလ်တွေဖြစ်တာကြောင့် တိုင်းပြည်ချစ်စိတ်ရှိကြသေးတယ် ခုခေတ်ဗိုလ်ချုပ်တွေက ဦးနေဝင်းရဲ့ မဆလခေတ်မှာမှ စစ်ထဲဝင်ခဲ့ကြတာကြောင့် စစ်ဗိုလ်ဆိုရင်အာဏာရှိတာ အစားရချောင်တာကြည့်ပြီး စစ်ထဲဝင်ခဲ့သူတွေများမှာပါ နောက်တက်မည့် စစ်ဗိုလ်ချုပ်တွေဆိုရင်(စား) ရအောင်သက်သက် ဝင်လာတဲ့ စစ်ဗိုလ်တွေဖြစ်ကြလိမ့်မယ်။

ဦးနေဝင်း လက်ထက်ကလည်း အလှည့်ကျ (နေရာ)ပေးပြီး နောက်ဆုံးထိပ်မှာ ဦးနေဝင်းပဲ ကျန်ခဲ့တာပါပဲ။ ဦးနေဝင်းလက်ထက်က စစ်တပ်မှာနေရာတွေရှိတယ် မဆလ ပါတီမှာနေရာတွေရှိတယ် အုပ်ချုပ်ရေးအတွက် ကောင်စီမှာနေရာတွေရှိတယ်။ ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ စစ်တပ်အာဏာနဲ့ပဲ အုပ်ချုပ်တာမို့ (နေရာ)သိပ်မရှိလှ။ ဒါကြောင့် စကခ (Military Operation Command) တို့ ဒကစ (Regional Operational Command) ဆိုတဲ့တပ်မအဆင့်ရှိတဲ့တပ်တွေကို ထပ်ချဲ့လာရတာပါ။

ခုတော့ ရာဇဝင်တပတ်ပြန်လည်လာပြီး မဆလခေတ်ကလိုပဲ (အရပ်သား) စစ်သားနဲ့ (စစ်တပ်)စစ်သားရယ်လို့ ခွဲခြားလိုက်ပြန်တာပေါ့။ စစ်သားဘဝပြောင်း အရပ်သားက ပါလီမန်ထဲမှာနဲ့ ဝန်ကြီးအဖွဲ့မှာနေရာယူကြ စစ်တပ်ထဲကစစ်သားကတော့ တပ်မှာနေခဲ့ ထိပ်ကဒီလူကြီးတွေကပဲ အာဏာယူ ထိန်းကျောင်းပေးသွားမှာပေါ့။
ဒီနေရာမှာ ဗိုလ်ချုပ်သန်းရွှေ သတိပြုမိလားမသိပါ။

တသက်လုံး အာဏာယူထားတဲ့ အာဏာရှင်မြောက်မြားစွာဟာ မိမိကိုဆက်ခံမဲ့လူရွေးရာမှာ အခက်တွေ့တတ်ကြတယ်။ မော်စီတုန်းဟာ ပထမလျူရှောက်ချီနောက် လင်ပြောင်နောက်ဆုံး ဘယ်ကမှန်းမသိတဲ့ ဟူဂိုဖန်း (Hua Guofeng)ကို ချောင်ထဲက ဆွဲထုတ်လာခဲ့ရတယ်။ မော်သေသွားအပြီး တိန်လျောက်ပိန်ကို ဥာဏ်ချင်းမယှဉ်နိုင်တော့ တိန်လျောက်ပိန်ပဲ အာဏာရခဲ့ရတယ် မဟုတ်ပါလား။

တိန်လျောက်ပိန် အလှည့်ရောက်တော့လည်း ဟူရောင်ဘန်း (Hu Yaobang)နောက် ကျောက်ဆီယန်း (Zhao Ziyang) ၂ ယောက်စလုံးကိုဖယ်ပြီးမှ နောက်ဆုံးချောင်ထဲက ရန်ဆီမင်း (Jiang Zemin)ကို ဆွဲတင်ခဲ့ရတယ် မဟုတ်ပါလား။

ဦးနေဝင်းကိုယ်တိုင် အသေအချာမသိတဲ့ ဗိုလ်ချုပ်သန်းရွှေကိုရွေးမိခဲ့လို့ အလောင်းတောင်မဆံ့တဆံ့ အခေါင်းထဲထည့်ခံရပြီး မြေမြှုပ်ခံခ့ရတယ်မဟုတ်ပါလား။

ဒါကြောင့် ဘုရားတဆူလောက်ဖြစ်အောင် ဝိုင်းကိုးကွယ်ခဲ့ကြတဲ့ မြောက်ကိုရီးယားကခေါင်းဆောင်ကြီး ကီအင်စွန်း (Great Leader)ဟာ သုံးလို့မရတဲ့ သားတော်မောင်ကို ခေါင်းဆောင်လေး (Dear Leader)အဖြစ် ဖန်ဆင်းခဲ့ပြီး တိုင်းပြည်ခေါင်းဆောင်တင်ခဲ့ရတယ် မဟုတ်ပါလား။ ထို့နည်းတူစွာ ကျူဗားမှ ကက်စရိုတောင် ညီကိုပဲအာဏါလွှဲရဲတာပဲ ကွန်မြူနစ်တွေလည်း ပဒေသရာဇ်ဖြစ်ကုန်ကြရရှာတာပေါ့။ ကျနော့် အမြင်အရတော့ ဗိုလ်ချုပ်သန်းရွှေဟာ ဦးနေဝင်းရဲ့ အမှားမျိုးမဖြစ်ရအောင် သတိရှိတယ် အမှားခံလိမ့်မယ် မထင်ဘူး။

ဦးနေဝင်းဟာ တသက်လုံးအာဏာရှိလာတော့ မင်းလုပ်အုပ်ချုပ်ရတာကို ငြီးငွေ့သွားပုံရတယ်။ လက်ဆင့်ခံ (proxy) တွေကတဆင့်ပဲ အုပ်ချုပ်တော့တယ်။ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်အေးကို၊ ဗိုလ်ချုပ်စိန်လွင်တို့ဆီက တဆင့်ခံပဲ လက်လွှဲအုပ်ချုပ်စေတော့တယ် တပ်ကိုဗိုလ်ချုပ်တင်ဦး (S2) လက်ထဲထားပြီး ထောက်လှမ်းရေးကို ဗိုလ်ချုပ်ခင်ညွန့်လက်ထဲထည့်ထား၊ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တွေက နေရာရှိပေမဲ့ ပကတိအာဏာမရှိကြတော ဘယ်သူမှအာဏာကို မစုစည်းနိုင်အောင် လုပ်ထားတာပါပဲ။

သို့ပေမဲ့ဦးနေဝင်းဝဋ်လည်ချင်တော့ တပည့်ရင်းတွေက ဆရာထက်အရင် လူ့လောကကြီးကို ခွဲခွာသွားကုန်တော့ ဦးနေဝင်းစစ်တပ်ကို လက်လွတ်သွားတယ်။ ကျားသေကြီးလို ရိုးရိုအအ ဟန်ဆောင်နေတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ တကယ်တော့ တခေါင်းလုံး (ဥာဏ်) ချည်းပဲဆိုတာ ဦးနေဝင်းမသိလိုက်ရှာဘူး။ နောက်ကျောကိုဓါးနဲ့ အထိုးခံရမှ ဓါပြမှန်းသိလိုက်ရတော့ နောက်ကျသွားပြီး ဝဋ်လည်တယ်လို့ပဲပြောရမှာပါ။ ဦးနေဝင်း ဘယ်လောက်ဒေါသထွက် ခံစားပြီးမှ အသက်ထွက်သွားရမှာလဲ။

ဒါကြောင့်ပြောရဲတယ် ဗိုလ်ချုပ်သန်းရွှေတဆင့်ခံ(proxy)နဲ့ ကိုင်မှာ မဟုတ်ဘူး။ စစ်တပ်ကို အနီးကပ် တိုက်ရိုက်ကိုင်မှာပဲ။ နောက် ဗိုလ်ချုပ်သန်းရွှေဟာ ရာထူးတွေမခွဲဝေခင် ဘယ်သူ့ကိုမှ အကုန်မပြောဘူး။ ထိပ်ပိုင်းဗိုလ်ချုပ်တွေတောင် ဗိုလ်ချုပ်သန်းရွှေ ဘာစီမံမယ်ဆိုတာ အတိအကျမသိကြရှာဘူး။ တယေက်ကို နည်းနည်းစီ တစိပ်စီပဲ အသိပေးထားတယ်။ ဒါ အာဏာရှင် ကျမ်းအခြေခံ ၁ဝ၁ ပဲ။

ဒီတော့မှ အာဏရှင်ကျမ်းမကျေတဲ့ ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံစီးပွားရေးသမားတွေက ကျုပ်တို့ ဗိုလ်ချုပ်ကတော့ ဘာဖြစ်မှာ၊ ဘယ်လိုတော်တာ ချီးမွမ်းခန်းဖွင့်လိုက် ဆော်သြကြတော့တာပေါ့။ အမှန်က (ဟ) ပေးလိုက်တာပါ။ အာဏာရှင်အကြောင်း ကောင်းကောင်းနားလည်တာက တရုတ်ဝန်ကြီးချုပ်ချောင်အင်လိုင်းပဲ တရုတ်တွေဟာ ကွန်မြူနစ်ဆိုပေမဲ့ အနောက်တိုင်းယဉ်ကျေးမှုဖြစ်တဲ့ ဘောဒန့် (Ball-room-dance)ကို ခုံမင်ကြတယ်။

အထူးသဖြင့် ချောင်အင်လိုင်းဟာ သိပ်နှစ်သက်တယ် အကလည်းတော်တယ် ဒါပေမဲ့ က,နေတုန်း မော်စီတုန်းဝင်လာရင် ဝန်ကြီးချုပ်ပျောက်သွားပြီ မော်ကိုပြိုင်တယ် အထင်ခံရမှာစိုးလို့။ အာဏာရှင်အောက်မှာ တိတ်တိတ်လေးနေ ငြိမ်ငြိမ်လေးထိုင်နေတတ်သူဟာ နေရာရမယ်၊ နေရာမြဲမှာပဲ၊ အာဏာဆိုတာ တပ်မက်စရာကောင်းသလို ကြောက်စရာလည်း ကောင်းပါတယ်။ အခုလည်းမထင်သူတွေကို ဆွဲတင်လာတာပဲ မဟုတ်လား။

ဗိုလ်ချုပ်သန်းရွှေရဲ့စစ်တပ်မှာ ရာထူးမတက်နိုင်လို့ ပွက်စိပွက်စိအသံတွေ ထွက်လာတယ်မဟုတ်လား။ ခုတော့တပြုံကြီး ရာထူးတိုးပေးလိုက်တော့ ဗိုလ်ချုပ်သန်းရွှေကို ကျေးဇူးတင်လို့ဘယ်ဆုံးပါ့မလဲ ပါလီမန် သက်တန်းတခုတော့ စိတ်အေးနိုင်ပြီ။ ကျနော်ကတော့ နောက်တဆင့် စစ်ဗိုလ်တွေကို ဘယ်ပုံကိုင်မယ်ဆိုတာကို စိတ်ဝင်စားတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ အဓိကအားနဲချက်က သူ့မိသားစုပဲလို့ထင်မိတယ်။ သူ့မိသားစုကို သူနိုင်ပုံမရဘူး။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ မိသားစုပါလာရင် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေအတွက် အဓိကအရေးကြီးတာက သူမရှိတဲ့နောက်ပိုင်း သူ့မိသားစု လုံခြုံရေးနဲ့ ဥစ္စာတည်မြဲရေးအတွက်ပဲ ဖြစ်ရမယ်လို့ ကျနော် တွေးလို့ရတယ်။

ဒီအတွက်ပြင်ဆင်မှုလိုတယ်၊ အစီအစဉ်လိုတယ်၊ သူ့လိုလူမျိုးရွေးမိရင် အကျိုးနဲရချည်ရဲ့ ဝဋ်ဆိုကလည်း လည်တတ်တယ်မဟုတ်လား။ ကံလိုက်လာရင် ယတြာလည်းနိုင်ပါ့မလားမသိ။

ဗိုလ်ချုပ်သန်းရွှေဟာ စစ်တိုက်တာတော်ပုံမပေါက်ပေမဲ့ နိုင်ငံရေးကစားကွက်မှာတော့ (လျင်) တယ်လို့ အသိမှတ်ပြုရမယ်။ ဦးနေဝင်းလက်ထက်က တပါတီအာဏါရှင်စံနစ် ရှုံးစရာမရှိ။ အခုခေတ်က ပါတီစုံခေတ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ မလည်မဝယ်နဲ့ မလုပ်တတ်တော့ NLD နိုင်သွားတယ်။

လာပြန်ပြီ ပါတီစုံရွေးကေက်ပွဲ။ ဒီတခါတော့ NLD မဝင်ရင် နိုင်ချေရှိတဲ့ ပြိုင်ဘက်မရှိတော့။ ပထမဦးဆုံး အမာခံဦးဝင်းတင်ကို အစော ကြီးကြိုလွှတ်ပေးလိုက်တယ်။ တဘက်က အီးစီ အဖိုးကြီးတွေကို မျက်စပြစ်ပြလိုက်တယ်။ တဘက်နဲ့တဘက် ရန်စောင်ရင်း ကွဲသွားကြရင်အပိုဘောက်ဆူးပဲ။

တခါ ရွေးကောက်ပွဲဥပဒေကိုကိုင်ပြီး မာနကလေးတွေကို ကလိပေးလိုက်တယ် ဝင်ချင်ရင် အောက်ကျို့ပြီး ဝင်ကြလေ။ အီဖေကိုယ်ကတော့ စင်ပေါ်ကပဲ။ ဒီချုပ်မဝင်တော့ ဗြောင်မညစ်ရတော့ဘူးပေါ့။ ဇင်ဘာဘွေမှာလို ကြံ့ဖွတ်တွေနဲ့ ဝင်မရိုက်ရတော့ဖူးပေါ့။ ကျန်တဲ့ပါတီတွေကတော့ အသေးအဖွဲတွေပါ။

လိုရမယ်ရ ဥပဒေဘောင်အတွင်းက ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေးကိုမြှင့်ထားလိုက်တယ်။ အုတ်ရောရော ကျောက်ရောရော ပါတီတွေဖေါင်းပွလာမှာစိုးလို့ (ငွေ)ဆိုတာက စစ်ဗိုလ်တွေဆီမှာပဲ ရှိတာမဟုတ်လား။

တချိန်ထဲမှာ ရွေးကောက်ပွဲဥပဒေနဲ့ ဒီချုပ် (NLD)ကို ဇာတ်သိမ်းလိုက်တယ်။ ၁၉၉ဝ ရလဒ်ကိုကိုင်ပြီး မကြွေးကျော်နိုင်အောင် ကြိုကန်ထားလိုက်တာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးတာပဲ ဒါပေမဲ့ ဥပဒေနဲ့ စည်းဝိုင်းကိုကျပ်လိုက်တော့ရလဒ်ကို (လို)သလို ပုံဖေါ်လို့ရနိုင်တာပေါ့။ ဥရောပ ကလူတွေက ငမ်းငမ်းတက်ဖြစ်နေပြီ။ နောက်ဆုံးအမေရိကန်လည်း ဆူပူအပြစ်ရှာရင်း အစိုးရသစ်ကို ပန်ကုံးလာစွပ် မှာပါပဲ။
ဗိုလ်ချုပ်သန်းရွှေအတွက်ကရှင်းတယ် မော်စီတုန်းပြောခဲ့တဲ့ “အာဏာဆိုတာ သေနပ်ပြောင်းဝက လာတာ” ဆိုတာကို ကောင်းကောင်းသဘောပေါက်တယ် ယုံကြည်ပုံလည်းရတယ်။

စစ်တပ်ကိုနိုင်အောင်ကိုင် (ဆူ)ရင် (ပစ်) ခိုင်း သစ္စာစောင့်ရင် (ဆု)ပေး၊ သစ္စာ ဖေါက်ရင် (ထုတ်) လွှတ်တော် ကြီးတွေဆောက် ရွှေရည်စိမ်ဒီမိုကရေစီပေးပြီး စစ်အာဏာရှင်စံနစ်ကို ခေါင်းပေါင်းဆောင်းပြီး တောင်ရှည်ဝတ်ခိုင်းမှာပဲ။ ဗိုလ်ချုပ်သန်းရွှေဆီမှာ အစီအစဉ်(Plan)ရှိတယ် (အချိန်)ကို (လက်နက်)အဖြစ်သုံး ပြီး အနိုင်ယူမှာပဲ လျော့မတွက်သင့်။ ကျနော်တို့ အတိုက်ခံတွေမှာကော ဗျူဟာတွေ၊ အစီအစဉ်တွေ၊ ရှိကြပါရဲ့လား။ အချိန်က လူကိုစောင့်မည်မဟုတ်ပါ။

ကမ္ဘာကျော်စစ်ဗျုဟာမှူး ဆန်ဇူးကပြောသွားခဲ့တယ် မဟုတ်ပါလား သင်၏ရန်သူကို သိအောင်လုပ်ပါ သင့်ကိုယ်သင်လည်း သိပါစေတဲ့။ စစ်သားကို ရင်ဆိုင်ချင်ရင်၊ စစ်သားတွေးလည်း တွေးတတ်ရမှာပေါ့၊ အာဏာဆိုတာ ကြောက်ဖို့အလွန်ကောင်းပေမဲ့ နိုင်ငံရေးမှာ နိုင်ငံရေးအာဏာမရှိပဲ နိုင်ငံကိုမထူထောင်နိုင် ပြန်ဘူး။ ဒီမိုကရေစီကို ပြန်မဖေါ်ထုတ်နိုင်ဘူး။ အာဏာရှင်အများဟာလည်း အာဏယကို လွယ်လွယ်နဲ့ လက်မလွှတ်လိုကြဘူး။

နိုင်ငံရေးမှာ စာအုပ်ကြီးတွေဖတ်ပြီး တရားသေမှတ်ထားလို့မရတာတွေရှိပါတယ်။ မာက်စ် (Karl Marx)ဟာ စက်မှုတော်လှန်ရေးဖြစ်ခဲ့တဲ့ အင်္ဂလန်ကို နောက်ခံထားပြီး သူ့ကျမ်းကြီးကိုရေးခဲ့တာပါ။

သခင်စိုးနဲ့ လက်ဝဲဝါဒသမားတွေဟာ ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်ပြီး စက်မှုလက်မှု မတိုးတက်သေးတဲ့မြန်မာ နိုင်ငံမှာ ပစ္စည်းမဲ့တော်လှန်ရေးကြီးကို အတင်းအဓမ္မဆင်နွှဲဖို့ ကြိုးစားကြတာကြောင့် မအောင်မြင်ခဲ့ကြရှာဘူး။ စိတ်ကူးယဉ် နိုင်ငံရေးသမားတွေအဖြစ် ဇာတ်သိမ်းခဲ့ကြရရှာတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်တာပဲ ဒါပေမဲ့ ဥာဏ်ရှိတော့ တယူသန် ဝါဒစွဲသမားတွေ မဖြစ်ခဲ့ကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့က ရိုးရိုးလေးတိုင်းပြည်ချစ်စိတ်ကို အခြေခံပြီး လွပ်လပ်ရေးရရှိရေးကိုပဲ စူးစူးစိုက်စိုက် ဆောင်ရွက်ခဲ့တာကြောင့် အောင်ပွဲခံခ့ကြရတယ်။ လက်တွေ့ နိုင်ငံရေးသမားတွေလို့ ပြောလို့ရမယ်ထင်ပါတယ်။

မော်စီတုန်းဟာ လက်ဝဲကျမ်းကြီးတွေ ပြီးပြည့်စုံအောင် မဖတ်ဖူးရှာပါဘူး။ သို့သော် စက်မှုလက်မှု မတိုးတက်သေးတဲ့ တရုတ်နိုင်ငံမှာ ဆင်ရဲသားလယ်သမားကိုပဲ အားကိုးရမယ်ဆိုတာကို သဘောပေါက်တယ်။ ဒါကြောင့် (နယ်) ကိုသိမ်း (မြို့)ကိုဝိုင်း ဆိုတဲ့ ဗျူဟာကိုဖေါ်ထုတ်နိုင်ခဲ့လို့ အောင်မြင်ရုံမက ကမ္ဘာကျော်ခဲ့ရတယ်။

စာအုပ်တွေမှာဖေါ်ပြကြတဲ့ (မူ)တွေက သီအိုရီတွေများပါတယ် မိမိတိုင်းပြည်အခြေအနေနဲ့လည်း ကိုက်ဖို့ သတိရှိရပါမယ်။ နိုင်ငံရေးဆိုတာ(မူ) ကြီးကိုအသေကိုင်စွဲပြီး စိတ်ကူးယဉ်နေလို့မရပါဘူး။ လက်တွေ့ကျဖို့လည်း လိုလိမ့်မယ်ထင်တယ်။ ကျနော့် ထင်မြင်ချက်ကိုပြောရမယ်ဆိုရင် (ခံ)ရဲတာ (သေ)ရဲတာပဲ (သတ္တိ)လို့ မပြောနိုင်ပါဘူး။ (သတ်)ရဲတာလည်း (သတ္တိ)ပါပဲ (တိုက်) စစ်ဟာအကောင်ဆုံး(ခံ)စစ်လို့ ဆိုကြတယ် မဟုတ်လား။ ကျနော့်အမြင် သက်သက်ပါ။

မြန်မာပြည်ကြီး စစ်အာဏာရှင်အောက်က လွတ်ကင်းပါစေသား
ဘိုဘိုကျော်ငြိမ်း

Monday, August 30, 2010

Chinese navy escort warships make port call in Myanmar



Chinese naval soldiers and officers of destroyer Guangzhou stand in formation on board upon their arrival at Myanmar Yangon's Thilawa Port, Aug. 29, 2010. The 5th Escort Task group of the Chinese People's Liberation Army (PLA)-Navy, made up of two warships -- "Guanhzhou" and "Chaohu" made a friendly call at Myanmar Yangon's Thilawa Port Sunday afternoon. (Xinhua/Jin Fei)



YANGON, Aug. 29 (Xinhua) -- The 5th Escort Task group of the Chinese People's Liberation Army (PLA)- Navy, made up of two warships -- "Guanhzhou" and "Caohu" made a friendly call at Myanmar Yangon's Thilawa Port Sunday afternoon.

It was also the first time for Chinese naval warship to have called at Myanmar port.

The five-day mission is aimed at promoting friendly relationships between the two armed forces of the two countries and exchange between the two navies.

A grand ceremony was launched to welcome the Chinese warships amid rain, attended by Major Han Sein, Commander of Myanmar Navy Dockyard Base, Chinese Ambassador to Myanmar Ye Dabo and other embassy officials as well as representatives of Chinese companies, teachers and students based in Myanmar and local Chinese residents totaling about 200.

After the ceremony, the warships were open to the visitors for viewing.

During the call, the Chinese PLA escort task group will launch a series of exchange with the Myanmar navy.

Myanmar is the fourth country that the 5th Chinese PLA escort task group called on after completing its escort missions in gulf of Aden and the waters off Somali coast.

Prior to Myanmar, the escort task group had called on Egypt, Italy and Greece.

Sunday, August 29, 2010


လွတ်လပ်တဲ့
ဆာမူရိုင်းနိုင်ငံတော်ကို
ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။

ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
ဆာမူရိုင်းနိုင်ငံတော်ရဲ့ စီးပွားရေးက ဓားနဲ့မြား ထုတ်လုပ်ရေး
ဆာမူရိုင်းတွေပဲ လယ်စိုက်ပြီး
ဆာမူရိုင်းတွေပဲ ရိတ်သိမ်းကြ
မိန်းမဆိုတာ
ဆာမူရိုင်းနိုင်ငံတော်မှာ အဖျော်ဖြေခံပစ္စည်း
အလှပြင်တဲ့ ပညာကလွဲ ဘာပညာမှ မသင်ကြရ
ဆာမူရိုင်းနိုင်ငံတော်မှာ
ချစ်ခြင်းမေတ္ထာမရှိ
လိင်စိတ်နဲ့
သတ်ချင် ဖြတ်ချင် စိတ်သာ ရှိရဲ့။

ချယ်ရီတွေ ပွင့်ချိန်ဆို
ချယ်ရီပန်းပင်တွေအောက်
ဆာမူရိုင်းတွေ ရောက်လာပြီး သစ္စာရေ သောက်ကြတယ်။

ဆာမူရိုင်းနိုင်ငံတော်မှာ
ဆာမူရိုင်းသားနဲ့
ဆာမူရိုင်းသမီးဟာ လက်ထပ်ထိမ်းမြားခွင့်ရ
ခေတ်အဆက်ဆက်က
ဆာမူရိုင်းကလေးတွေပဲ မွေးဖွားလာကြ။

ဆာမူရိုင်းနိုင်ငံတော်မှာ
ကဗျာမရေး
ပန်းချီမဆွဲ
ဂီတာ မတီး
ပြဇာတ်မက
ဆံပင်တိုလည်း မညှပ်ရ
မုတ်ဆိတ်လည်း မရိတ်ရ
တယောက်က တယောက်ကို သတ်ချင်သတ်
မသတ်ချင်ရင် ကိုယ့်အသက်ကိုယ် ပြန်သတ်။

ဆာမူရိုင်းနိုင်ငံတော်မှာ
ထမင်းစားချိန်က လွဲရင်
အရွယ်ရောက်ပြီးသူတိုင်း
ကောက်ရိုးအရုပ်ကို ဓားနဲ့ ခုတ်နေကြရတယ်။

ဓားခုတ်ချက်တိုင်း
ဓားခုတ်ချက်တိုင်း
“အရှင့် အတွက်”
“အရှင့် အတွက်” လို့
အသံနက်ကြီးတွေနဲ့ ကြွေးကြော်ရတယ်။

ဒါပေမယ့်
ဆာမူရိုင်းနိုင်ငံတော်မှာ “အရှင်သခင်” မရှိ
ဆာမူရိုင်းနိုင်ငံတော်သားတိုင်း “ကျွန်” တွေချည်းပဲ။

မနက်အရုဏ်တက်ပြီ ဆိုတာနဲ့
ကောင်းကင်ပလ္လင်ပေါ်က
ထာဝရဘ၀ရှင် နေမင်းကြီးကို
ဆာမူရိုင်းအားလုံးက ရှိခိုးနေကြတော့ရဲ့။ ။

(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၀၊ က ကူးယူဖော်ပြတယ်။ ခွင့်မတောင်းတာ ခွင့်လွှတ်ပါ။)

Saturday, August 21, 2010

လူမှုအကျိုးဆောင် ပါရမီဖြည့်ဖက် ရွှေဇီးကွက်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၈ မိနစ်



အမည်ရင်း = ဒေါ်မြင့်မြင့်ခင်ဖေ
အသက် = ၅၂ နှစ်
ဇာတိ = ရန်ကုန်၊
ပညာရေး = ၁၉၈၄၊ ရူပဗေဒ၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (RASU)
မိဘ = ဦးဌေးအောင်ဖေ၊ ဒေါ်တင်တင်လတ် (မြစ်သား ဇာတိ)
-------------------------------------------------------------------------------------------------------
ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံမှ လူမှုကူညီရေး လုပ်ဆောင်နေသူများသည် အာဏာပိုင်များ၏ နည်းမျိုးစုံ ဟန့်တားနှောင့်ယှက်မှုကြားမှ ကြိုးပမ်းနေကြရသည်။ အထင်ရှားဆုံး ဖိနှိပ်မှုများကို နာဂစ်မုန်တိုင်းကာလ၌ တွေ့ခဲ့ကြသည်။
သူဟာ ရုပ်ရှင်မင်းသားဖြစ်လို့ ဒီဘက်မှာ အထောက်အကူ ဖြစ်တယ်ဆိုတာ ဒီအချိန် ကျမှ ကျမသိလိုက်တယ်။ ရုပ်ရှင်မင်းသား ဘဝတုန်းကတော့ ကျမ မိသားစုအရေး တွေမှာ မပျော်ခဲ့ဘူး။

ယနေ့သည် ကုလသမဂ္ဂ “ကမ္ဘာ့လူမှုကူညီရေးနေ့” ဖြစ်သည်။ ၂ဝဝ၃ ခု သြဂုတ်လ ၁၉ ရက်နေ့တွင် ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ အီရတ်နိုင်ငံဆိုင်ရာ အထူးသံ ဘရာဇီးနိုင်ငံသား ဆာဂျီယိုဗီရာဒီမဲလိုးနှင့် အဖွဲ့သား ၂၁ ဦး မြို့တော် ဘဂ္ဂဒက်ရှိ ကုလရုံး ဗုံးခွဲခံရမှုတွင် သေဆုံးသွားခဲ့သည်ကို အောက်မေ့ ဂုဏ်ပြုသည့်အနေနှင့်၂ဝဝ၈ခု ဒီဇင်ဘာ ၁၁ ရက်နေ့ ကုလအထွေထွေထွေ ညီလာခံမှ စတင်သတ်မှတ်ခဲ့ပြီး ကမ္ဘာတဝှမ်း တွင် အခမ်းအနားများ ကျင်းပလေ့ရှိသည်။



နာရေးကူညီမှုအသင်း အလုပ်အမှုဆောင် ဒေါ်ရွှေဇီးကွက်

မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအနက် စက်တင်ဘာ သံဃာ့ အရေးအခင်းတွင် ထောက်ခံအားပေးခဲ့ကြသည့် ဒေါ်ရွှေဇီးကွက်တို့ ဇနီးခင်ပွန်းနှင့် နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ လှုပ်ရှားမှုများကို အာဏာပိုင်များက မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ အသင်း အမှုဆောင် ဒေါ်ရွှေဇီးကွက်၏ လူမှုရေးနှင့် ပုဂ္ဂိုလ်ရေး ဖြတ်သန်းမှုအချို့ကို သိရှိနိုင်ရန် ကိုဝိုင်းက မေးမြန်းထားသည်။
-------------------------------------------------------------------------------------------------------
ဒေါ်ရွှေဇီးကွက်ရဲ့တိုက်တွန်းမှုကြောင့် ဒီလူမှုရေးအလုပ်ကို လုပ်ဖြစ်သွားတာပါလို့ အသင်း ဥက္ကဋ္ဌလည်းဖြစ်၊ ခင်ပွန်းလည်းဖြစ်တဲ့ ဦးကျော်သူက မဇ္ဈိမကို ပြောထားပါတယ်။ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ချင်စိတ် ဘယ်လိုစပြီး ဖြစ်လာတာလည်းဗျာ။

အစကတော့ ရိုးရိုးလေးပါပဲ။ ကျမရဲ့အဒေါ် မြန်မာစာပါမောက္ခဒေါ်လှမြတ်က ဗြဟ္မစိုရ်နာရေးကူညီမှုအသင်း နာယက မန္တလေးက။ အဲဒါ လူထုဒေါ်အမာတို့ဦးစီးပြီးလုပ်ခဲ့တာလေ။ ဗမာပြည်မှာ ပထမဆုံးလုပ်တာပဲ။ သူတို့က ကျမတို့ ထက် ၂ နှစ်ခွဲလောက်စောတယ်။ အဲဒီကတည်းက စိတ်ဝင်စားတာ။ အဲဒီတုန်းကတော့ ငယ်သေး တယ်ပေါ့လေ။ သူတို့အရွယ်ရောက်မှ လုပ်မယ်လို့ပေါ့။ ဒါပေမယ့် နောက်ပိုင်းကျတော့ အဒေါ်က ပြောတယ်။ ရန်ကုန်မှာ ဦးသုခတို့ လုပ်တော့မယ်တဲ့ စိတ်ဝင်စားရင် သွားပါပါလားတဲ့၊ အဲဒါနဲ့ ဘဘဦးသုခကို သွားတွေ့ပြီးတော့ ကျမတို့လည်းပါချင်တယ်ဆိုပြီးပါတာ၊ အဲဒီတုန်းက အသက် ၄ဝ လောက်ပေါ့။

တခြား လူမှုရေးလုပ်ငန်းအစား လူအများရှောင်လေ့ရှိတဲ့ အသုဘချရတဲ့ အလုပ်ကို ရွေးချယ်တာ ကရော ဘာကြောင့်လည်းဗျာ။

ပထမဆုံးကတော့ အဒေါ်ကြောင့်ပေါ့နော်။ နောက်တချက်ကျတော့ သေဆုံးတာကို ဘယ်သူမှ ရှောင်လို့မရဘူး။ ပြီးတော့ သေဆုံးတဲ့အချိန်ကလည်း လူတွေရဲ့ စိတ်အဆင်းရဲဆုံးအချိန်ပေါ့နော်။ ကိုယ့်ရဲ့မိသားစုဝင်တယောက် သေဆုံးသွားတဲ့ အခက်ခဲဆုံးအချိန်မှာ ကျမတို့အနေနဲ့ သူတို့ကို နှစ်သိမ့်မှုတခုခု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်လို့ ကျမလုပ်ဖြစ်တာပါ။ ကိုကျော်သူကိုလည်း ပရိသတ်တွေအတွက် ပေးဆပ်ဖို့ ဒါက အကောင်းဆုံးပေါ့နော်။ ကျမက တိုက်တွန်းတာပေါ့။ ပထမကတော့ ပေါ့ပေါ့ပါးပါးပေါ့နော်။ ကျမတို့ လင်မယားနှစ်ယောက်လုံးက ကားမောင်းတတ်ကြ တော့ အသုဘယာဉ်မောင်းကြတာပေါ့။

၂ဝဝ၁ ခုကစဖွဲ့ခဲ့တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ဘယ်အခန်းကဏ္ဍတွေကနေ ပါဝင်လုပ်ကိုင် ခဲ့ပါလဲ။

ကျမတို့ကတော့ Founder တွေဆိုတော့ အမှုဆောင်တွေအဖြစ် စခဲ့ကြရတာပေါ့။ နောက်ပိုင်းတော့ ဘဏ္ဍာရေးမှာ ပါရပါတယ်။ ကိုယ်တိုင်သွားလက်ခံရတာလည်းရှိတယ်။ နိုင်ငံခြားကဘာညာလာရင် ကျမက အီးမေးတွေဘာတွေသုံးတော့ လက်ခံဖြတ်ပိုင်းတွေ အီးမေးနဲ့ပြန်ပို့တာလုပ်ပေးရပါတယ်။ ဒါပေမယ့် စာကြည့်တိုက်တို့ ပညာရေးတို့မှာလည်း အားစိုက်ပြီးတော့ လုပ်ရပါတယ်။ အသုဘလည်း ကိုယ်ကိုယ်တိုင်ကားမောင်းပြီး အများကြီး လိုက်ပို့ခဲ့ဖူးပါတယ်။

နာရေးအပြင် ဆေးခန်း၊ စာကြည့်တိုက်နဲ့ ပညာရေးလုပ်ငန်းတွေလည်း တိုးချဲ့ခဲ့ပြီဆိုတော့ အသင်းကို လာဆက်သွယ်တဲ့ လူငယ်တွေရော ရှိပါလား။
ကျမ မြေးတယောက် ရပါပြီ။ ပတ်စ်ပို့မရှိလို့ မသွားရဘူး။ ပတ်စ်ပို့ ပိတ်ထားတယ်။

လူငယ်အသစ်တွေ တလတလကို ၂ဝ-၃ဝ လောက်တော့လာတယ်။ အကုန်လုံးကို လက်ခံတာတော့ မဟုတ်ဘူးလေ။ သူတို့က Form တွေလာတင်တယ်။ သူတို့ရဲ့ စိတ်နေစိတ်ထား၊ အချိန် ပေးဆပ်နိုင်မှု၊ လုပ်ရည်ကိုင်ရည် စိစစ်ပြီးလက်ခံတယ်။ ဒီအသင်းမှာ ဘာတွေလုပ်နေလဲ။ လူတွေအတွက် ဘယ်လိုအကျိုးဆောင်ပေးနေလဲ။ စိတ်ထားဘယ်လိုထားရမလဲ။ ရည်ရွယ် ချက်တွေက ဘာတွေလဲဆိုတာ ကျမတို့က စနစ်တကျ သင်ပေးရတယ်။ တလမှာ ပထမဆုံး အပတ် ၄ ရက်ပေါ့။ နောက်လတွေကစပြီး တာဝန်တွေ ခွဲချပေးရတယ်။

အလှူရှင်တွေက ပြည်တွင်းကလား ပြည်ပကလား။

ပြည်တွင်းကများတယ်။ အခုကျတော့ နိုင်ငံခြားက မြန်မာတွေကလည်း ပြည်တွင်းက သူတို့ရဲ့ မိဘဆွေမျိုးတွေကနေတဆင့် ဗမာငွေပဲ လှူကြတာပါ။ တခါတလေတော့လည်း နိုင်ငံခြားငွေ နည်းနည်းပါးပါးပါတယ်။

ပြီးခဲ့တဲ့ ဧပြီ မေ ရေတွေရှားတုန်းက ရေလှူတာတွေ လုပ်ခဲ့သေးတယ်နော်။

ဟုတ်ပါတယ်။ ပထမဆုံးတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေါ့နော်။ ကိုကျော်သူ့ရဲ့အဖေအမေ အထောက်အပံ့နဲ့၊ အသင်းငွေနဲ့မဆိုင်ဘူး။ ရေလှူတယ် ရေတွင်းတွေ တူးတယ်ပေါ့။ မပြီးသေးဘူး။ ဆက်လုပ်ဖို့ရှိသေးတယ်။ လှူတုန်းကတော့ ပဲခူးနဲ့ ဒလလှူခဲ့တယ်။ ကျမတို့က ကိုယ်တိုင် သွားမနေ နိုင်တော့ နယ်ခံတွေကို တာဝန်ပေးရတယ်။ စာရင်းဇယားအတိအကျနဲ့။ ဟိုတုန်းက ရန်ကုန်မှာ ပလာဇာ ၃ခု ဗုံးကွဲတုန်းကလည်း အလှူဝိုင်းစုကြပြီး ဆေးရုံတွေမှာသွားလှူတယ်။ လှိုင်မြို့နယ် အိမ် ၁၄ဝဝ မီးလောင်တုန်းကလည်း ဘာမှမရှိတဲ့ ဝါးတရာဘက်ကို ရွှေ့လိုက်တယ်။ အဲဒီအထိလိုက်ပြီး အိုးတွေ၊ ပုဂံတွေ ကူဖူးပါတယ်။

နာဂစ်တုန်းကရော ကူဖူးတာတွေရှိလား။

အဲဒီတုန်းကလည်း စင်ကာပူက ကျမတို့အသင်းကထွက်သွားတဲ့ကလေးက ကူတာပေါ့။ ကျမ တယောက်ထဲ၊ ကိုကျော်သူက နေမကောင်းဖြစ်နေတယ်။ အဲဒီအချိန်မှာ လူမနိုင်တော့ဘူး။ ဖွင့်ချလိုက်တယ်။ လုပ်အားပေးချင်တဲ့လူ အကုန်လုံးလာလို့ရတယ်။ ကိုယ့်စားရိတ် ကိုယ်စားပြီး လာလို့ရတယ်လို့။ အခုကလေးတွေထဲမှာ အဲဒီက ကလေးတွေ တော်တော်ရလိုက်တယ်။

အရင်တုန်းကတော့ နာမည်ကျော် ရုပ်ရှင်မင်းသားတယောက်ရဲ့ ဇနီး၊ အခုတော့ လူမှုရေးသမား တဦးရဲ့ ဇနီးဖြစ်နေပြီ။ အဲဒီ အခြေအနေနှစ်ခုအကြား ခံစားချက်က ဘာတွေ ကွာသွားလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ရုပ်ရှင်ကို ဝါသနာလည်း မပါခဲ့ဘူး။ သူနဲ့ယူတဲ့အချိန်မှာလည်း သူက ရုပ်ရှင်မင်းသားမဟုတ်ဘူး။ ကျောင်းသားဘဝနဲ့ တွေ့ကြတာပဲ။ ယူခဲ့ကြပြီးမှ ရုပ်ရှင်မင်းသားဖြစ် သွားတာ။ ရုပ်ရှင်မင်းသား မိန်းမဘဝကို ကျမ သိပ်ပြီးတော့ ပျော်ပျော်ပါးပါး မဖြစ်ခဲ့ပါဘူး။ ကျမ စီးပွားရေးတခုလိုပဲ စဉ်းစားတာ။ အနုပညာကို သိပ်လည်း ဝါသနာမပါဘူးလေ။ ကျမသားသမီးတွေ ကိုလည်း အဲဒီလိုင်းကို မသွင်းခဲ့ပါဘူး။ လူမှုရေးဘဝကိုပဲ ကျမပိုနှစ်သက်တယ်။ ဒါပေမယ့် သူဟာ ရုပ်ရှင်မင်းသားဖြစ်လို့ ဒီဘက်မှာ အထောက်အကူဖြစ်တယ်ဆိုတာ ဒီအချိန်ကျမှ ကျမသိလိုက် တယ်။ ရုပ်ရှင်မင်းသားဘဝတုန်းကတော့ ကျမ မိသားစုအရေးတွေမှာ မပျော်ခဲ့ဘူး။
ကျမတို့လို အမည်းအဖြူဝတ်ရမယ်လို့။ သူတို့က အဖြူအစိမ်းနဲ့ လာတော့မှာလေ။

လူမှုရေးလုပ်ငန်းပဲ လုပ်တာလား။ မိသားစု စီးပွားရေး လုပ်ငန်းရော တခုခုရှိလား။

ဟိုနည်းနည်း ဒီနည်းနည်း ရှယ်ယာထည့်တာလောက်ပါပဲ။ အရင်တုန်းကတော့ ဗိုလ်ချုပ်ခင်ညွန့် သား ရဲနိုင်ဝင်းနဲ့ living color မှာ ရှယ်ယာဝင်ခဲ့တယ်။ အဲဒါကြီးပြန်ရောင်းလိုက်တဲ့အခါကျတော့ ကျမတို့ ရှယ်ယာ ပြန်နှုတ်ယူလိုက်ပါတယ်။

ဦးကျော်သူနဲ့ ဘယ်တုန်းက အိမ်ထောင်ကျပြီး သားသမီး ဘယ်နှစ်ယောက် ထွန်းကားခဲ့ပါသလဲ။

၁၉၈၁ ခု၊ ဒီလ ၃၁ ရက်နေ့မှာ ၂၉ နှစ်ပြည့်ပါပြီ။ သားတယောက်က ဒီနေ့ ၁၉ ရက်နေ့ ၂၆ နှစ် ပြည့်သွားပြီ။ သမီးက ၂၂ နှစ်။ သားက အမေရိကားမှာ Arizona State University ကနေ စက်မှုအင်ဂျင်နီယာ အောင်ထားတယ်။ သမီးကကျတော့ သြစတြေးလျ ဆစ်ဒနီက University of New South Wales မှာတက်နေတယ်။ အိမ်ထောင်ကျသွားပြီ။ ကျမက မြေးတယောက်ရပါပြီ။ ပတ်စ်ပို့မရှိလို့ မသွားရဘူး။ ပတ်စ်ပို့ပိတ်ထားတယ်။

ပတ်စ်ပို့က ဦးကျော်သူကိုရော ပိတ်ထားတာလား။

ကိုကျော်သူက ရုပ်ရှင်အစည်းအရုံးထောက်ခံစာရမှ လျှောက်လို့ရမှာပြောလို့။ ရုပ်ရှင်အစည်းအရုံး က မပေးလို့ လျှောက်လို့ကိုမရဘူး။ Extension လုပ်ဖို့။ ကျမကိုတော့ လျှောက်ခွင့်ပေးလိုက်ပြီး တော့ သိမ်းသွားရော။

ဒေါ်ရွှေဇီးကွက်တို့ကို တောင်ကိုရီးယားကို လူပို့တယ်လို့ စွပ်စွဲတာ ကြားဖူးပါတယ်။ ရှင်းပြပါလား။

ဂျပန်နဲ့ တောင်ကိုရီးယားကို ကိုကျော်သူက ကားရိုက်သွားတယ်။ တောင်ကိုရီးယားတော့ ကျမ မပါသွားဘူး။ ဂျပန်တော့ ပါသွားတယ်။ အဲဒီမှာ သူတို့က အနုပညာကို အကြောင်းပြပြီး လူထုတ်တာ။ ကိုကျော်သူလည်း မသိဘူး။ ဟိုရောက်မှ သိတယ် လူထုတ်တယ် ဆိုတာ။ ရုပ်ရှင် crew (အဖွဲ့သား) ဆိုပြီးခေါ်တာ။ မြန်မာပြည် ပြန်လာတော့ ကိုကျော်သူ မန္တလေးမှာ ခေါ်စစ်ခံရတယ်။ ကျမတို့က အဲဒါမျိုးဝါသနာလည်းမပါဘူး။ ထုတ်လုပ်သူကလုပ်သွားတာ။ ဂျပန်မှာတုန်းကလည်း ဒေါ်မြမြဝင်းပေါ့။ ကျန်ခဲ့မယ့်လူတွေဆီက ပတ်စ်ပို့တွေ သိမ်းလိုက်တာ။ ရုပ်ရှင်လောကမှာ အဲဒီလို လူတွေလည်း ရှိတာပေါ့။

ကြံ့ဖွံ့က နာရေးကူညီမှုအသင်းကို သိမ်းလိုက်တယ် ဆိုပြီး သတင်းထွက်လာသေးတယ်။ အဲဒါကရော ဘယ်လိုဖြစ်တာလဲ။

ဗိုလ်ချုပ်ဌေးဦးက သိန်း ၄ဝ လာလှူတယ်။ နှစ်ခါပေါ့။ သူလည်း နာရေးအတွက် လုပ်နေပါတယ်ပေါ့။ ကျမတို့ဆီမှာလာပြီး သင်ချင်ပါတယ်ပေါ့။ ကျမတို့လို အမည်းအဖြူဝတ်ရမယ်လို့။ သူတို့က အဖြူအစိမ်းနဲ့ လာတော့မှာလေ။ အလိမ္မာနဲ့ ဖြေလိုက်ရတာပေါ့။ ဖြိုးစေတနာ ဆေးခန်းဖွင့်သေးတယ် သူတို့က။ ၂ဝဝ၇ မေမှာ အသင်း ၂၄ သင်း ထင်တယ် ဖျက်တယ်ပေါ့။ နောက်တော့ ကျမတို့ကို ပြန်ပေးတယ်။ တခြားအသင်းတွေကတော့ အသနားခံစာ တင်ကြရတယ်။ ကျမတို့က အသနားခံစာ မတင်ဘူး။ မေတ္တာရပ်ခံစာပဲ တင်လိုက်တယ်။

Monday, August 16, 2010

ဝန်ကြီးကို ပါဏာတိပါတကံ ဟောမိလို့ သံဃာတပါး လူဝတ်လဲခံရ

2010-08-15
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သဗျာကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ ပါဏာတိပါတာကံ (သူတပါး အသက်ကိုသတ်ခြင်း) ကျူးလွန်တာနဲ့ပတ်သက်တဲ့ တရား ဟောကြားခဲ့တဲ့ ဆရာတော်တပါးကို သြဂုတ်လ (၉) ရက်နေ့က ခရိုင်အဆင့် အာဏာပိုင်တွေက သိက္ခာချ လူဝတ်လဲခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆရာတော်ဦးပုညဟာ သက်တော် (၂၇) နှစ်၊ ဝါတော် (၇) ဝါ ရှိတဲ့ မဲချောင်းကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်နေ့က ထားဝယ်မြို့ ကဗျာကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းရဲ့ ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ တရားဟောမိရာက သိက္ခချ လူဝတ်လဲခံရတာ ဖြစ်တယ်လို့ ဒေသခံ သံဃာတပါးက မိန့်ပါတယ်။

“ဒီ ဦးဇင်းက တရားဟောလိုက်တာ မြတ်စွာဘုရားဟောခဲ့တဲ့ တရားထဲကပါပဲ။ ပါဏတိပါတာ ကံအကြောင်းကို ဟောရင်းကနေ၊ သူကလည်း လုပ်တာက မွေးမြူရေးနဲ့ ရေလုပ်ငန်းလေ၊ သူ့ကို သွားထိခိုက်တယ်လို့ ယူဆရတာပေါ့နော်၊ ဦးဇင်းတို့ကတော့ အနာပေါ် တုတ်ကျသွားတာပေါ့။ အကုသိုလ် လုပ်တဲ့သူကို ပါဏတိပါတာကံ တရားဟောမိတော့ ဘုန်းကြီးကို အဓမ္မ သင်္ဃန်းချွတ်ခိုင်းလိုက်တယ်လေ၊ (၉)ရက်နေ့က ဒကာကြီးရေ။ ဘုရားကြီးကျောင်းတိုက်က ဆရာတော်ပေါ့။ ဆရာတော်ကို အဓမ္မ အတင်း သူတို့ဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကနေ သိက္ခချခိုင်းတယ်

ခရိုင်အဆင့် အာဏာပိုင်တွေက မဲချောင်းရွာ ဘုန်းကြီးကျောင်းက ဆရာတော်ဦးပုည သိက္ခာချ လူထွက်ခိုင်းခဲ့တဲ့ အခြေအနေကို ဖုံးကွယ်ဖို့အတွက် မဲချောင်းကျေးရွာနေ ပြည်သူတွေနဲ့ ဘုန်းကြီးကျောင်းထဲက ကျန် သံဃာတော်တွေကို ဆရာတော်ဦးပုညကိစ္စ လာရောက် မေးမြန်းစုံစမ်းတဲ့သူကို မှတ်ထားဖို့ မှာကြားခဲ့တယ်လို့ အခု သိက္ခာချခံရတဲ့ ဆရာတော်ဦးပုညရဲ့ ဒကာတဦးက ပြောပြပါတယ်။

“(၉) ရက်နေ့၊ အဲဒီမနက် (၆) နာရီမှာ သူ့ကျောင်းကိုလာပြီးတော့ ခရိုင်အဆင့်ရှိတဲ့ ရဲမှူးတယောက်ပါတယ်။ ပြီးတော့ စရဖတို့၊ အကုန်လုံး အရပ်ဝတ်နဲ့ လာတယ်။ အဲဒါမျိုး ခေါ်ပြီးတော့ သိက္ခာ အတင်း ချခိုင်းတာပေါ့နော်။ အဲဒီကိစ္စနဲ့ လာပြီးတော့ သတင်းလာမေးတာတို့၊ ပြောတာဆိုတာ မေးတာတို့ကို လာလို့ရှိရင် အဲဒါမှတ်ထား။ တရွာလုံးကိုလည်း အစည်းအဝေး ခေါ်ပြီးတော့ ဒီကိစ္စကို သတင်းမပေါက်ကြားအောင် ဆရာတော် ခုထွက်တာလည်း သူ့ဆန္ဒနဲ့သူ ထွက်တာ၊ သူတို့နဲ့ မပတ်သက်တဲ့ ပုံစံမျိုး ရှင်းလင်းတာပေါ့နော်”

လူဝတ်အလဲခံခဲ့ရတဲ့ ဆရာတော် ဦးပုညဟာ အခုချိန်မှာ ထားဝယ်မြို့နဲ့ မိုင် (၄ဝ) လောက်ဝေးတဲ့ ဇာတိရွာဖြစ်တဲ့ ရဘဲကျေးရွာကို ပြန်ရောက်နေပြီလို့ သိရပါတယ်။ အခုလို ကျောင်းထိုင်ဆရာတော်တပါး တရားဟောရုံနဲ့ သိက္ခာချ လူထွက်ရတဲ့ ကိစ္စကို ထားဝယ်မြို့က စာသင်သား သံဃာတော်တွေက သာသနာရေး ဝန်ကြီးဌာနကို စာရေးသား အသိပေးဖို့ စီစဉ်နေတယ်လို့ စောစောက ဒေသခံ သံဃာတော်ကပဲ ဆက်မိန့်ပါတယ်။

မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိန်းဟာ စစ်ဘက်တာဝန်ကနေ အနားယူထားတဲ့ အရပ်သားတဖြစ်လဲ ဝန်ကြီး ဦးမောင်မောင်သိန်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သတင်းတွေ ထွက်နေသလို အဲဒီဒေသတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Saturday, August 14, 2010

Saturday, 14 August 2010
သင်ရော ဘယ်လိုလဲ
နိုင်ဝင်ဘာ ( ရ ) ရက်နေ.ကြရင် ဘာတွေ ဖြစ်မှာလဲ ..ကမ္ဘာပျက်မှာလား..မပျက်ပါ ...ဒါပေမယ့် မြန်မာပြည်ပျက်ဖို.ကတော့ တဆင့်ပြီးတဆင့်......

လွတ်လပ်တဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို.အတွက် ပါတီတွေ နယ်ဆင်းပြီး မဲဆွယ်ကြတယ်..ကတိတွေ ပေးကြတယ်.. တီဗီ က တဆင့် ပြည်သူတွေ ကို တင်ပြကြတယ်... ဘာတွေ လုပ်ပေးမယ် ဘာတွေ ဖြစ်လာမယ်ပေါ့....... နိုင်ခဲ့ရင်လဲ အဲ့ဒီ ကတိအတိုင်းလုပ်ပေးရတယ်...ပြည်သူတွေက လဲ တိုက်ရိုက် ကိုယ်မေးချင်တာ မေးလို.ရတယ်...မကြာခင် ကျင်းပတော့မယ့် ကျမ တို. နိုင်ငံရဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံ ကို ဦးဆောင်ချင်ပါတယ်ဆိုတဲ့ ပါတီတွေ ဘာတွေ များလုပ်ပြီးကြပြီလဲ လုပ်ခွင့်ရကြပြီလဲ........ မိုးကျရွှေကိုယ်လို ခုချက်ချင်းဖွဲ.လို.ပါတီဖြစ်လာရရှာတဲ့ နိုင်ငံရေး ပါတီတွေ ခမျာ တိုင်းပြည်အတွက် မပြောနဲ. သူတို.ပါတီ မြဲမြံဖို.တောင် မနည်းကြိုးစားရဦးမှာပါ...


အဲ နိုင်ငံတော် အဖွဲ.အစည်းပါဆိုပြီး အင်အားကြီးမားအောင် ချဲ့ထွင်ထားတဲ့ ကြံ့ဖွတ်ကတော့ နေ.ချင်းညချင်း အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်တွေ နဲ.အတူ နိုင်ငံတော်တာဝန်က ရပ်နားပြီး ပြိုင်ပွဲဝင် ပါတီ အဖြစ်ကူးပြောင်းသွားတော့ သူက တောင့်တင်းနေတာပေါ့.... ဒါဟာ အရပ်သားအစိုးရ ကို အာဏာလွှဲပြောင်းပေးမှာပါ ဆိုတဲ့ စကားနောက်ကွယ်က လှည့်ကွက်တစ်ခုပါပဲ..

ဒီပါတီ တွေ မဲဆွယ်ကြတဲ့ သတင်းဖတ်မိပါတယ် ..ဘယ်လို မဲဆွယ်ကြသလဲ ...နိုင်ရင် ဘာလုပ်ပေးမယ် ဘာဖြစ်လာမယ် အာမခံချက်တွေ များပေးသလား... ဘယ်ကရံပုံငွေတွေ စပွန်စာတွေ နဲ. မဲဆွယ်နိုင်ကြတာလဲ... ဒါတွေ က အစ ဖော်ပြဖို.လိုပါတယ်... သတင်းစာ တီဗီ ရေဒီယို က တဆင့်ပေါ့...


ရွေးကောက်ပွဲ အတွက် မဲရေတွက်ဖို.လုံလောက်တဲ့ လုပ်အားပေးတွေ ရှိပြီလား... အချိန်အတိအကျနဲ.ပြည်သူတရပ်လုံး မဲပေးနိုင်အောင် ဘာတွေ များစီစဉ်ထားပြီးပြီလဲ....... မဲရေတွက်တာကို တီဗီကတဆင့် အများပြည်သူ ကြည့်ရှု.နိုင်အောင် ပြင်ဆင်မှု.တွေ လုပ်ပြီးပြီလား.......

ဒါတွေ ဒါတွေ ထက် သနားမိတာက ကြိုတင်ကြံစည် ဖွဲ.စည်းထားတဲ့ ကြံ့ဖွတ်နဲ. ယှဉ်ပြိုင်ကြမဲ့ မိုးကျရွှေကိုယ် နိုင်ငံရေးပါတီများပါပဲ..... သူများ နိုင်ငံတွေက လို နှစ်ရှည်လများ အတွေ.အကြုံတွေနဲ. ရပ်တည်ခဲ့ရတာလဲ မဟုတ်... ခိုင်မာတောင့်တင်းတဲ့ စပွန်စာကလည်းမရှိ... တကယ်လို.များ မတော်တဆ တီဗီကနေ တဖွဲ. နဲ.တဖွဲ. ပြည်သူတွေရှေ.မှာ စကားရည်လုပွဲ လုပ်ခွင့်ရခဲ့ရင် ဘာတွေ များပြောကြမလဲ ..တင်ပြကြမလဲ...

အတားအဆီးများ နဲ. ဘောင်ကျဥ်းကျဥ်းလေးက နေ ဘယ်လိုများ ကောင်းမွန်တဲ့ လမ်းစဉ်တွေ မူတွေ ကို ချမှတ်ကြမှာလဲ.... လတ်ဆတ်သန်.ရှင်းတဲ့ ဟင်းတစ်ခွက်မချက်ပဲ ဒီ ရယ်ဒီမိတ် အသင့်စားအထုပ်လေးကို ဖြည်ပြီး ချက်လိုက်ရင် ဘယ်လို အရသာ ထွက်လာမယ်ဆိုတာ ကြိုသိပြီးသားမလား.... အဲ့လိုပဲ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မလုပ်ပဲ ဒီ ကြိုတင်ကြံစည်ထားတဲ့ ရွေးကောက်ပွဲက ရလာမဲ့ အဖြေဟာ ဘယ်လိုနည်းနဲ.မှ တိုင်းပြည်အတွက် သင့်တော်တဲ့ အစိုးရ ပေါ်ထွက်မလာနိုင်ဆိုတာပါပဲ...


ဒီမိုကရေစီ လမ်းစဉ်ကို ကျင့်သုံးမှာပါ ဆိုလို.လဲ မယုံကြည်စေချင်ပါ... ဒီမိုကရေစီ ကျင့်သုံးဖို. အစပျိုးနေတဲ သူတွေ မှာ ဒီမိုကရေစီ အရိပ်အယောင် တစိုးတစိမှတောင် မမြင်မိလို.ပါ.... တကယ့် ပြည်သူ.ဖက်သားတွေ အနိုင်ရခဲ့ရင်တောင် လုပ်ပိုင်ခွင့်တွေသည် ဖွဲ.စည်းပုံ ဥပဒေ ဆိုတာကြီး က ချုပ်ချယ်ထားပါတယ်.. ဒါဟာလည်း ကြိုတင်ကြံစည်မှု. တစ်ခုပါ..
ဒါကြောင့် ပြည်သူတွေ ရဲ့ မဲ တမဲ ချင်းစီတိုင်းဟာ အရမ်းကို အရေးကြီးပါတယ်... ကိုယ့်ရဲ့ သေရေး နဲ. ရှင်ရေး ကို ရွေးသလိုပါပဲ.. ကိုယ်မကြည်ဖြူ ပဲ အတင်းသိမ်းပိုက်ထားတာတောင် အကြောင်းပြချက် မျိုးစုံ နဲ. နေရာ ဖယ်မပေးချင်တာ.. ကိုယ်သာ မတော်တဆ မဲ များပေးလိုက်မိရင် ကိုယ်ကြိုက်လို.ကိုယ်ရွေးချယ်လိုက်လို. ကိုယ်တင်မြှောက်လိုက်လို. ဆိုတဲ့ အကြောင်းပြချက်တွေ နဲ. တသက်လုံး နိုင်သွားတော့မှာပါ..

တစ်ခါခံ ရရင် လိမ်တဲ့သူအပြစ် ခဏခဏ ခံရရင်တော့ ခံရတဲ့သူအပြစ်တဲ့ ....... ကျမကတော့ ကျမရဲ့ မဲ နဲ့ အာဏာရှင်ကို သက်ဆိုးမရှည်စေဖို. အာမခံပါတယ်........ သင်ရော ဘယ်လိုလဲ ..သင့်ကြောင့် အာဏာရှင် သက်ဆိုးမရှည်ပါစေနဲ.လို. ဆုတောင်းရင်း.........

ဖြည့်စွက်ချက်.. .......... အခုတင်ဖတ်လိုက်ရတဲ့ သတင်းလေး တပုဒ်ကြောင့် တွေးစရာတွေ ဖြစ်သွားခဲ့ပါတယ်... ကြံ့ဖွတ်ပါတီ မဲဆွယ်ရာမှာ လုပ်ငန်းတွေ ချပေးတာလဲ တခုပါတယ်ဆိုလို.ပါ.. ကြံ့ဖွတ်ဆိုတာ အစကတော့ နိုင်ငံပိုင် လူမှု.ရေးအဖွဲ.လိုလိုဘာလိုလို ကနေ သရုပ်မှန်ပေါ်ပြီး ပါတီ အဖြစ်ကူးပြောင်းသွားတာမလား.. ဒါက နိုင်ငံတော်နဲ.မသက်ဆိုင်တော့ဘူးမလား...ခုဘယ်လို ဖြစ်ပြီး ဒီလို အဖွဲ.အစည်းက နေ လုပ်ငန်းချပေးနိုင်တဲ့ အခွင့်ပါဝါ ရှိနေတာလဲ.. နိုင်ငံတော်နဲ. သက်ဆိုင်နေဆဲပဲဆိုရင် ပေါက်သင်ညို အရောင်ပြောင်းတွေ ခေါင်းဆောင်ရာထူး ယူဖို. ခွင့်ပြုတာပဲလား.. ဒီ ပါတီကို လည်ပတ်စေတဲ့ ကုန်ကျစရိတ်တွေ ဘယ်ကရသလဲ... စာရင်းရှင်းလင်းပေးပြီးပြီလား ..ပြည်သူကို တင်ပြပြီးပြီလား...
တွေးရင်းနဲ့ မူးးးးးးးးးးးးးးးး


လေးစားစွာဖြင့်
simple views
ဂျပန်ငှက်ရုပ်၊ ကိုရီးယားယဉ်ကျေးမှု နဲ့ မြန်မာပြည်
ကြယ်ဖြူ
သြဂုတ် ၅၊ ၂၀၁၀

လွန်ခဲ့သည့် ၆၅ နှစ် သြဂုတ် ၆ ရက်နေ့နောက်ပိုင်း ဂျပန် မိန်းကလေးတဦး၏ ကြေကွဲဖွယ် ဇာတ်လမ်းကို နိုင်ငံတကာတွင် ယနေ့တိုင် အမှတ်ရနေကြသည် (photo: Leiflet)
ကမ္ဘာကြီးပေါ်မှာ ၁၉၄၅ ခုနှစ် တုန်းက ကြောက်စရာအကောင်းဆုံး အဖြစ်ဆိုးကြီးတခု ပေါ်ပေါက်ခဲ့တယ်။ လူသားတို့ရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ မာန်မာနတို့ အားပြိုင်ရာ အတ္တတိုက်ပွဲတွေရဲ့ ဓားစာခံအဖြစ် ဂျပန်နိုင်ငံက ဟီရိုရှီးမား မြို့ကလေးဟာ တစစီ ကြေမွ ပျက်စီးခဲ့ရတယ်။ ကြောက်စရာ အကောင်းဆုံး အဏုမြူ ဆိုတဲ့ ဗုံးကြဲခံခဲ့ရတာလေ။ ခုလာမယ့် သြဂုတ် ၆-ရက်နေ့မှာ ပေါ့ ... ...

အပြစ်မဲ့တဲ့ လူသားတွေ သိန်းနဲ့ချီပြီး ကြွေလွှင့်ခဲ့ကြရတယ်။ မြို့ကလေးရဲ့ သုံးပုံ နှစ်ပုံဟာ ပြာကျသွားခဲ့ရတယ်။ အဏုမြူ အဆိပ်ငွေ့တွေ ကြားမှာ ကျန်ရစ်ခဲ့တဲ့ သူတွေကလည်း လူစဉ်မမီတဲ့ ဘ၀တွေနဲ့ တဖြည်းဖြည်း လွှင့်ပါးခဲ့ကြရရှာတာကလား။ တွေ့နေကျ တိုက်တာ အဆောက်အအုံတွေ၊ ဖြတ်သန်းနေကျ တံတားကြီးတွေ၊ လူအပြည့် တင်ဆောင်ထားတဲ့ ဓာတ်ရထားတွေ၊ အဘိုးနဲ့ အဘွား၊ အဖေနဲ့ အမေ၊ ကျောင်းက ခေါင်းဆောင်တွေ၊ ကျောင်းက ဆရာတွေ၊ အချစ်ဆုံး သူငယ်ချင်းတွေ၊ နေ့စဉ် ရောင်းဝယ်နေကြတဲ့ ဈေးသည်တွေ၊ နိုင်ငံမှာ အားကိုးရတဲ့ အလုပ်သမားတွေ၊ အပြစ် ကင်းလှတဲ့ ချစ်စရာ ကျောင်းသားလေးတွေ၊ ၀၀ကစ်ကစ်နဲ့ ရယ်မောနေတဲ့ ကလေးငယ်လေးတွေ၊ သူတို့တွေ၊ သူတို့တွေ အားလုံးဟာ စူးရှတဲ့ အလင်း တခုအောက်မှာ ... ... ၊ ကျယ်လောင်တဲ့ မြည်ဟည်းသံကြီးတွေ အောက်မှာ ... ... ၊ေ၀၀ါးနေတဲ့ အခိုးအငွေ့တွေ အောက်မှာ ... ... တစစီ ပြတ်တောက် ပျောက်ကွယ်သွားခဲ့ကြတယ်။

တွဲလဲခိုနေတဲ့ အရေပြားစတွေ၊ စုတ်ပြတ်နေတဲ့ အ၀တ် အပိုင်းအမျှင်တွေ၊ ပြန့်ကျဲနေတဲ့ ဦးနှောက်တွေ၊ ခန္ဓာ အစိတ်အပိုင်းတွေ ကြားမှာ ကွဲပြဲကျိုးကြေလု ခပ်တဲတဲ ခြေထောက်တွေနဲ့ ထိပ်လန့်တကြား ပြေးလွှားနေကြတယ်။ မီးခိုးငွေ့တွေ၊ ပြာမှုန်တွေ၊ ဝေ့၀ဲ ရှုတ်ထွေးနေတဲ့ အပျက်အစီးပုံတွေ ကြားမှာ အရာရာဟာ နေပူကျစ်ကျစ်ထဲမှာ ဖြစ်ညှစ် ခံထားရသလိုမျိုး ပူလောင် မာကြော တင်းကြပ်ပြီး လေးလံ ထိုင်းမှိုင်းနေခဲ့တယ်။ ဒဏ်ရာ ဒဏ်ချက်တွေ ဗရပွနဲ့ ကျန်ရစ်ခဲ့ကြရှာတဲ့ မှေးမှိန်ေ၀၀ါးတဲ့ မျက်လုံးတွေဟာလည်း ဟီရိုရှီးမား ဆေးရုံရဲ့ မျက်နှာကျက်တွေကို နာကျင် ခါးသီးစွာ ငေးမောရင်း တအိအိ ချုပ်ငြိမ်းကြရရှာတယ်။

အဲဒီလို နာကျည်းမှု၊ ညှိုးငယ်မှုတွေကြားမှာ အသက် ၁၂-နှစ်အရွယ် အဏုမြူ အဆိပ်သင့် လျူကေးမီးယား ဝေဒနာရှင်မလေး ဆားဒါးကိုးဆာဆခိ ဟာ နွမ်းနယ်နေတဲ့ ပိန်လှီလှီ ခန္ဓာကိုယ်လေးနဲ့ သံကုတင်ပေါ်မှာ လှဲလျောင်းနေရင်း စက္ကူကြိုးကြာရုပ်လေးတွေကို ပင်ပန်းကြီးစွာ ခေါက်နေပါတယ်။ သူမရဲ့ နံဘေးမှာလည်း ရောင်စုံစက္ကူ အပိုင်းအစတွေ၊ သကြားလုံး စက္ကူလေးတွေ၊ ဆေးပုလင်းက စက္ကူပတ်လေးတွေ၊ သတင်းစာ အပိုင်း အစတွေ ပြန့်ကျဲနေပါတယ်။

ကြောက်စရာ အဖြစ်ဆိုးတွေနဲ့ အတူ စစ်ကြီး ပြီးသွားခဲ့တာ ၁၀-နှစ် ကျော်ခဲ့ပေမယ့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေဟာ တဖြုတ်ဖြုတ် သေဆုံးနေကြရတုန်းပါပဲ။ ကြိုးကြာ ဆိုတာ သမီးတို့ ဂျပန်ရိုးရာမှာ အထွဋ်အမြတ်ထားတဲ့ ငှက်ပါ။ သူဟာ သမီးတို့ ဆုတောင်းတွေကို ကောင်းကင်ဘုံက ဘုရားဆီ သယ်ဆောင်ပေးတယ်လေ။ လူသားတွေ အားလုံးကိုလည်း အဏုမြူရန်က ကင်းဝေးစေချင်တယ်။ အဲဒီ ဆုတောင်းတွေကို သယ်ဆောင်ပေးနိုင်အောင် ကြိုးကြာ ၁၀၀၀ ပြည့်အောင် လုပ်မယ်။ ခု ... သမီး ခေါက်ထားတာ ၆၀၀-ကျော်ပြီ။ ကြိုးကြာ ၁၀၀၀-ပြည့်တာနဲ့ သမီး ပြန်နေကောင်းလာမှာပါ။ အဲဒီအခါကျရင် သမီးလို အဏုမြူအဆိပ်သင့် လူနာတွေဆီကို သွားပြီးပြုစုမယ်။ အားပေးမယ်။ ဒါ... သမီးရဲ့ မျှော်လင်းချက်တခုပဲ တဲ့။

၁၉၅၅ အောက်တိုဘာ ၅-ရက်နေ့မှာ အဏုမြူ အဆိပ်သင့် ကလေးငယ်လေး ဆာဆခိဟာ သူခေါက်ထားတဲ့ ကြိုးကြာရုပ်လေးတွေကြားမှာ ထာဝရ အိပ်ပျော်သွားခဲ့ပါတယ်။ သူချစ်တဲ့ ကမ္ဘာကြီးနဲ့ ကျနော်တို့ အားလုံးကို အပြီးတိုင် ကျောခိုင်းသွားခဲ့တဲ့ အချိန်မှာ သူမ ခေါက်ထားတဲ့ စက္ကူ ကြိုးကြာရုပ်ကလေးပေါင်း ၆၃၄ ခုသာ ရှိပါသေးတယ်။ သူမ သတင်းကို ကြားကြားချင်း သူမရဲ့ သူငယ်ချင်းတွေ ရောက်လာကြပြီး လိုနေတဲ့ စက္ကူကြိုးကြာရုပ်ကလေးပေါင်း ၃၆၆-ခုကို ခေါက်ပေးခဲ့ကြတယ်။ သူမကို သင်္ဂြိုဟ်တဲ့ အချိန်မှာတော့ သူမရဲ့ နံဘေးမှာ ကောင်းခြင်း ဆုတောင်းတွေကို သယ်ဆောင်ပေးမယ့် ကြိုးကြာရုပ်ကလေးပေါင်း ၁၀၀၀ ၀ိုင်းရံလျက်ပါ။



၁၉၅၈ ခုနှစ်မှာ ဂျပန်လူငယ်လေးများက စုပေါင်း ကောက်ခံငွေနဲ့ ဟီရိုရှီးမားက ငြိမ်းချမ်းရေး ပန်းခြံကြီးထဲမှာ ဆာဒါးကိုးဆာဆခိ ရဲ့ ရုပ်ထုကို ပြုလုပ်ခဲ့ကြပါတယ်။ ဆာဆခိကို အကြောင်းပြုပြီး စက္ကူကြိုးကြာခေါက်တဲ့ အသင်းများ၊ ကလပ်များ ပေါ်ပေါက်လာပါတယ်။ သြဂုတ်လ ၆-ရက်နေ့ကို ရောက်တိုင်း ကြိုးကြာခေါက် အသင်းဝင် ကလေးတွေက သူတို့ လုပ်ထားတဲ့ စက္ကူကြိုးကြာရုပ် ထောင်ပေါင်း များစွာကို ငြိမ်းချမ်းရေးပန်းခြံမှာရှိတဲ့ ဆာဆခိရဲ့ ခြေရင်းမှာ သွားရောက် စုပုံထားကြပါတယ်။


ဒီလိုနဲ့ စက္ကူကြိုးကြာ ၁၀၀၀ ခေါက်ပြီး ဆုတောင်းရင် ပြည့်တယ်ဆိုတဲ့ ဓလေ့တခု ခေတ်စားလာတယ် ဆိုရမှာပါ။ မြန်မာနိုင်ငံမှာတော့ ကိုရီးယားကားတွေ ထဲမှာ ကြိုးကြာ ၁၀၀၀ ခေါက်ပြီး ဆုတောင်းရင် ရည်းစားနဲ့ ညားတယ်လို့ ပါတာကြောင့် အိုမီဂါရီ စက္ကူထုပ်လေးတွေ အရောင်း သွက်ခဲ့ရတယ်။ လူငယ်တွေကလည်း ကြိုးကြာရုပ်လေးတွေခေါက်၊ ပုလင်းထဲ ထည့်ပြီး ကိုယ်ချစ်တဲ့ သူတွေကို ပေးကြတယ်။ လူငယ်တွေ အတွက်ကလည်း ကိုရီးယားကားက လွဲပြီး ကြည့်စရာ ဗဟုသုတ ဆိုလို့ တီဗီမှာက ပဂိုးဒါးနဲ့ ဆိုးဂျားပဲ ရှိတော့ ဘာဖြစ်ဖြစ် ကိုးရီးယား ပြောတာပဲ ယုံနေကြရရှာတယ်။ ကိုးရီးယားကားတွေမှာ ဆိုရင် ဂျပန်ပုံစံတွေကို အဓိက အတု ခိုးတတ်ပြီး၊ အောင်မြင်နေတဲ့ သူတို့ ရုပ်ရှင်တွေကနေ ကမ္ဘာကို ချချပြလေ့ ရှိတာ တွေ့ရတယ်။ ဟိုတခါတုန်းကလည်း ကိုရီးယားက နိုင်ငံတော် ဧည့်ခံပွဲတခုမှာ ဂျပန်အရာရှိကို ရိုးရာ ကြွေပန်းကန်လုံး ယဉ်ကျေးမှုတခုဟာ ကိုးရီးယားကစတယ် ပြောလို့ နိုင်ငံ အရာရှိချင်း စကားစစ်ထိုးခဲ့ကြသေးတယ်။ ရွှေချည်ထိုးလိုမျိုး မြန်မာ့ရိုးရာ လက်မှုတွေကို ထိုင်းက အော်ဒါမှာပြီး Made in Thailand တံဆိပ်နဲ့ ကမ္ဘာကို ဖြန့်သလို နေမှာပေါ့နော်။ ထားပါတော့...။

ဒီလို သြဂုတ်လကို ရောက်ပြီ ဆိုရင် ကျနော်တို့ နိုင်ငံကလူငယ်တွေကြား ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်တဲ့ သမိုင်းတခုကလည်း ပြည်လည် အမှတ်ရစရာပါပဲ။ ကျနော်တို့ မြန်မာလူငယ်တွေ အနေနဲ့ အခုချိန်မှာ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး အဏုမြူစိန်ခေါ်မှု သတင်းတွေနဲ့အတူ စိုးရိမ်စရာတွေ ပြည့်နက်နေတဲ့အချိန် ဖြစ်လေတော့ ကြိုးကြားရုပ်တွေ ခေါက်ပြီး ရည်းစားကို ပေးတာနဲ့စာရင် ဟီးရိုရှီမားနေ့ ကမ္ဘာ့ ငြိမ်းချမ်းရေး အထိမ်း အမှတ်နဲ့ အတူ မြန်မာနိုင်ငံ လွတ်မြောက်ရေး ဝိလေးဝိ နှစ်ပတ်လည် အတွက် ကြိုးကြားရုပ်လေးတွေ ၁၀၀၀ ပြည့်အောင် ခေါက်ပြီး ဆုတောင်းကြရရင် ပိုမကောင်းပေဘူးလားခင်ဗျာ။

အမေရိကန် ပြည်ထောင်စု ဆီယက်တယ်မြို့တွင် တွေ့ရသော ဆာဆခိ ရုပ်တု (photo: seakayaker)

[မူရင်း - strawberrywine.ning.com]

Thursday, August 12, 2010

၂၀၁၀ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့ (တနင်္ဂနွေနေ့တွင်) ကျင်းပမည်

၂၀၁၀ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့ (တနင်္ဂနွေနေ့တွင်) ကျင်းပမည်

၂၀၁၀ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့ (တနင်္ဂနွေနေ့တွင်) ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ယနေ့ သတင်း ထုတ်ပြန် ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန် နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီး အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်း ပြုလုပ်မည် ဖြစ်ကြောင်း ယနေ့ နံနက်ခင်း သတင်းတွင် မြန်မာ့ ရုပ်မြင် သံကြားမှ လည်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ ဟု ကော်မရှင် က သတ်မှတ် (၁၁.၈.၂၀၁၀) နေတွင် သတ်မှတ် ကြေငြာ ပြီးနောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်း ပြုလုပ်မည် ဖြစ်ကြောင်း ထပ်မံကြေငြာခြင်း ဖြစ်သည်။ လက်ရှိ၌ နိုင်ငံရေး ပါတီ တည်ထောင် ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီ ဖြစ်ပြီး နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီ အနက် ပါတီ ၄၀ ကို မှတ်ပုံ တင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ချက်များအရ ဟံသာဝတီ မှ သိရှိရပါသည်။


၁၃ . ၈ . ၂၀၁၀

Tuesday, July 27, 2010

နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေနဲ့ ကြိုင်ကြိုင်ကို အိန္ဒိယအစိုးရမှ ပညာသားပါပါ ဆုံးမပေးလိုက်ပြီ။

Tuesday, July 27, 2010
နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေနဲ့ ကြိုင်ကြိုင်ကို အိန္ဒိယအစိုးရမှ ပညာသားပါပါ ဆုံးမပေးလိုက်ပြီ။
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေနဲ့  ကြိုင်ကြိုင်ဟာ အိန္ဒိယနိုင်ငံရဲ့  ခေါင်းဆောင်ကြီး အကြမ်းမဘက် ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့  ဂူဗိမာန်ကို သွားရောက်ပြီး လွမ်းသူ့ ပန်းခွေချခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သန်းရွှေနဲ့  ကြိုင်ကြိုင်တို့ ကို အိန္ဒိယနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ က ဂုဏ်မပြုဖြစ်ခဲ့ပါဖူး။ မိုးသဲကြီးမဲကြီး ရွာနေလို့ ဖြစ်ပါတယ်။ ဘယ်အညိုးနဲ့ များ မိုးက သဲကြီးမဲကြီး ရွာရတယ်လို့ ။

ဒီလို သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  သွားရောက်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံအစိုးရကနေ မဟတ္တမဂန္ဒီရဲ့  ထင်ရှားကျော်ကြားတဲ့ “"Seven Social Sins" ဆိုတဲ့ စာသားပါ ဖိုင်ဘာပြားပေါ်မှာ ပုံနှိပ်ထားတဲ့ စာသားလွှာကို လက်ဆောင်အဖြစ် သန်းရွှေနဲ့  ကြိုင်ကြိုင်တို့ က လက်ခံ ရရှိခဲ့ပါသတဲ့ဗျာ။




ဒီလက်ဆောင်ကို လက်ခံရရှိချိန်မှာ သန်းရွှေနဲ့  ကြိုင်ကြိုင်ရဲ့  မျက်နှာဟာ အင်မတန်ဘဲ ဆိုးရွားသွားတာကို တွေ့ မြင်ရပါတယ်။ ဒီလက်ဆောင်ပါ စာသားအဓိပ္ပါယ်ကို သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  အင်္ဂလိပ်လို နားမလည်ပါ။ ဒီလို စာသားအဓိပ္ပါယ်ကို နားမလည်တဲ့အနေအထားဖြစ်နေပေမယ့် သန်းရွှေနဲ့  ကြိုင်ကြိုင်ခမြာ တီကောင်ကို ဆားနဲ့  အတို့ ခံရသလို မကောင်းဆိုးရွားကောင်ကို ပရိတ်ရေထိသလို နာနာဘာဝကို လက်ဝါးကပ်တိုင်နဲ့  ကပ်လိုက်သလို ဖြစ်သွားတာမို့  ဒီလက်ဆောင်ကို လက်နဲ့ ယူပြီး လက်ခံလိုက်မိတဲ့အချိန်မှာ မူလရုပ်အသွင်တွေ ပေါ်ထွက်လာကာ ယုတ်မာကောက်ကျစ်ရိုင်းစိုင်းသောမျက်နှာအသွင်အပြင် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့  ခေါင်းဆောင်ကြီး အကြမ်းမဘက် ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့  ထင်ရှားကျော်ကြားတဲ့ “"Seven Social Sins" လူ့ လောကအတွက် အကျိုးမရစေသော ပြစ်မှု ၇ ရပ် - ဆိုတဲ့ စာသား (၇) ခုက အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါတယ်။



သင့်လျှော်မှန်ကန်သော အခြေခံနိယာမ သဘောတရား ဥပဒေသတွေ မပါတဲ့ နိုင်ငံရေး၊

မှန်ကန်သော အလုပ် အားထုတ်ဆောင်ရွက်မှု မရှိတဲ့ ချမ်းသာကြွယ်ဝမှု၊

မှန်ကန်မှုတရား မရှိတဲ့ သာယာပြည့်စုံမှု၊

ဂုဏ်အဂ်ါလက္ခဏာ ထူးခြားခြင်း မရှိတဲ့ သိရှိမှု၊

အကျင့်သိက္ခာတရားနဲ့  မပြည့်စုံသော လူမှုဆက်ဆံမှု၊

လူသားမျိုးနွယ်ရေးရာ အခြေခံ မပါဝင်သော ခေတ်မှီင်္တိုးတက်မှု၊

စွန့် လွှတ်အနစ်နာခံပေးဆပ်မှု မပါရှိသော ကိုးကွယ်ယုံကြည်ရယူမှု - ဆိုတဲ့ အချက်ကြီး (၇) ချက် ဖြစ်ပါတယ်။

အကြမ်းမဘက် ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့  ဒီထင်ရှားကျော်ကြားတဲ့ စာသားလက်ဆောင်ကို အကြမ်းဘက်သမားကြီး ငြိမ်းချမ်းရေးဖျက်ဆီးသူကြီး သန်းရွှေနဲ့  ကြိုင်ကြိုင်တို့ က ရရှိတယ်ဆိုတော့ လက်ဆောင်ပေးအပ်တဲ့သူက ပညာသားပါပါနဲ့  နှိပ်ကွပ်သင်ခန်းစာပေးလိုက်တာဘဲ ဖြစ်ပါတော့တယ်။

ပညာသားပါပါနဲ့  လက်ဆောင်အဖြစ်ပေးကာ သန်းရွှေနဲ့ ကြိုင်ကြိုင်တို့ လို လူမဆန်သူတွေကို လူ့ လောကအတွက် အကျိုးမရစေသော ပြစ်မှု ၇ ရပ် စာသားလက်ဆောင်ကတော့ တီကောင်ကို ဆားနဲ့  အတို့ ခံရသလို မကောင်းဆိုးရွားကောင်ကို ပရိတ်ရေထိသလို နာနာဘာဝကို လက်ဝါးကပ်တိုင်နဲ့  ကပ်လိုက်သလို ဖြစ်သွားတာကြောင့် နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေနဲ့  ကြိုင်ကြိုင်တို့ ရဲ့ မျက်နှာမှာ မူလဇာတိရုပ်တွေ ဖုံးမရ ဖိမရပေါ်ထွက်သွားကြောင်းပါ။



ပညာသားပါပါနဲ့  လက်ဆောင်အဖြစ်ပေးကာ သန်းရွှေနဲ့ ကြိုင်ကြိုင်တို့ လို လူမဆန်သူတွေကို လူ့ လောကအတွက် အကျိုးမရစေသော ပြစ်မှု ၇ ရပ် စာသားလက်ဆောင်ကတော့ တီကောင်ကို ဆားနဲ့  အတို့ ခံရသလို မကောင်းဆိုးရွားကောင်ကို ပရိတ်ရေထိသလို နာနာဘာဝကို လက်ဝါးကပ်တိုင်နဲ့  ကပ်လိုက်သလို ဖြစ်သွားတာကြောင့် နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေနဲ့  ကြိုင်ကြိုင်တို့ ရဲ့ မျက်နှာမှာ မူလဇာတိရုပ်တွေ ဖုံးမရ ဖိမရပေါ်ထွက်သွားကြောင်းပါ။

Monday, July 26, 2010

ဂျပန်နိုင်ငံသို့စေလွှတ်ဖို့မြန်မာ့စစ်အစိုးရ ပညာတော်သင်များ

ဂျပန်နိုင်ငံသို့စေလွှတ်ဖို့မြန်မာ့စစ်အစိုးရ ပညာတော်သင်များ
ဂျူလိုင်လ လလည်ပိုင်းမှစ၍ ဂျပန်နိုင်ငံသို့ပညာတော်သင်များအဖြစ်သွားရောက်အဖို့အတွက် ရန်ကုန်မြို့ဂျပန်သံရုံးတွင် လူစုခွဲ၍ မေးဖြေစစ်ဆေးမှုများပြုလုပ်လျှက်ရှိပါသည်။ ယ္ခုအချိန်အထိ ပညာတော်သင်အဖြစ် လျာထားခံရသူများသည် နအဖ စစ်ဗိုလ်ချုပ်ကြီးများ၏ ဆွေမျိုးမကင်းသူများသာဖြစ်ကြောင်း မေးဖြေစစ်ဆေးမှုတွင် တာဝန်ယူရသော အသိတဦးမှပြောကြားပါသည်။ တချို့ဆိုရင် ပညာလုံးဝမတတ်တဲ့ ဟိုတယ်သန့်ရှင်းရေးလုပ်နေသူတောင်ပါလာတယ်ဟုဆိုပါသည်။ သူတို့အနေနဲ့ လုံးဝဆိုးဝါးလွန်းသူများကို ဖြုတ်ချ၍ရပေမဲ့ စစ်ဗိုလ်ချုပ်ကြီးများနှင့်ဆွေမျိုးနီးစပ်သူများကိုတော့ By name နဲ့လာလို့ မေးဖြေစစ်ဆေးမှု မရှိကြောင်း ကိုလည်း ပြောကြားပါသည်။

Thursday, June 24, 2010

ချိတ်ပုဆိုးဝတ် ဝန်ကြီးများ သတိဆွဲ၍ ဧည့်ကြို

ချိတ်ပုဆိုးဝတ် ဝန်ကြီးများ သတိဆွဲ၍ ဧည့်ကြို
ခက်ထန် Tuesday, June 22, 2010
E-mail
ကြိုးကြီး ချိတ်ရောင်စုံ၊ ခေါင်းပေါင်းစ တလူလူ၊ တိုက်ပုံ တကားကားနှင့် ကတ္တီပါ ခုံမြင့်ဖိနပ်ဆင်တူ ကိုယ်စီ ဆင်ယင်ထားပြီး သတိဆွဲနေသည့် စစ်အစိုးရ ဝန်ကြီးများကို မြင်တွေ့ရသည်မှာ အရပ်သား အစိုးရအဖြစ် တမင် ဖန်တီးထား လေသလားဟု လူအများက မေးခွန်းထုတ်နေကြသည်။


[လာအို ဝန်ကြီးချုပ်ကို အသင့်အနေအထားဖြင့် ကြိုဆိုနေကြသည့် ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီးအဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)]



ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်းအား စစ်အစိုးရဝန်ကြီးများက ပုံပါအတိုင်း ဝတ်ဆင်ကာ ကြိုဆိုနေကြခြင်း ဖြစ်သည်။

ဆယ်စုနှစ် ၂ ခုအတွင်း နိုင်ငံတော်အဆင့် ဧည့်ကြိုပွဲ၌ ယခုကဲ့သို့ ဝတ်စားဆင်ယင်ပုံမျိုးဖြင့် ကြိုဆိုကြသည်ကို မြင်တွေ့ခဲကြသည်။

ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ဝန်ကြီး ၂၇ ဦးတို့သည် ဧပြီ လကုန်ပိုင်းတွင် စစ်ဘက်ရာထူးများမှ အရပ်ဘက်သို့ ပြောင်းလဲခဲ့ကြပြီးနောက် ဤသို့ ဝတ်စားဆင်ယင်မှုများဖြင့် ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် အပေါင်းအပါ ဝန်ကြီးများသည် ခေါင်းပေါင်း၊ တိုက်ပုံအပြင် အရောင်ကွဲပြားရန် စီစဉ်ထားသော ချိတ်လုံချည်၊ ပုံစံတူ ခုံမြင့် ကတ္တီပါ ဖိနပ်များ စီးထားပြီး သတိဆွဲလျက် ရပ်နေကြခြင်းကို MRTV ရုပ်/ သံကလည်း ထုတ်လွှင့် သွားခဲ့ပြီး ကြည့်ရှုရသူများ အမြင်ဆန်းလျက်ရှိကြောင်း သိရသည်။

ကြည့်ရှုခဲ့သူ တဦးက “အကယ်ဒမီပွဲမှာ အရောင်းဆိုင်တွေက စပွန်ဆာပေးလို့ မင်းသမီးတွေ ကြိုးကြီးချိတ်ရောင်စုံကို အပြိုင်အဆိုင် ဝတ်လာကြတာနဲ့တူတယ်” ဟု ပြောသည်။

စစ်ဝတ်စုံ၊ စစ်ဖိနပ်၊ ဦးထုပ်များကိုသာ အနှစ် ၂၀ ကျော် ဝတ်ဆင်ခဲ့ရသော စစ်ဝန်ကြီးများမှာ သာမန်လူမဝတ်သည့် အဝတ်အစားများဖြင့် ကသိကအောင့် ဖြစ်နေပုံရသည်ဟုလည်း ၎င်းက ဆိုသည်။

ဝန်ကြီးများ ဝတ်ဆင်ထားသည့် ချိတ်လုံချည် အဆင်များသည် မြန်မာပြည်၌ မင်္ဂလာဆောင်ချိန်တွင် သတို့သား၊ ရှင်ပြုချိန်တွင် မောင်ရှင်လောင်း၊ ဇာတ်ကနေသည့် ဇာတ်မင်းသားတို့မှ တပါး တခြား ပွဲလမ်းသဘင်များ၌ ဝတ်ဆင်သည်ကို မြင်ရခဲလှသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီလ ၂၉ ရက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့ကြသည်။

ပြည်တွင်း မီဒီယာများတွင် လက်ရှိ အစိုးရကို တပ်မတော် အစိုးရဟု ခေါ်ဝေါ်သုံးစွဲခြင်း မပြုကြရန် ကာကွယ်ရေးဦးချုပ် (ကြည်း) ၏ ညွှန်ကြားချက် မေလ အစောပိုင်းက ထွက်ပေါ်လာခဲ့သည်။

ဝန်ကြီးများကို တမင်သတ်မှတ်၍ ယခုကဲ့သို့ ဝတ်ခိုင်းသည်မှာ ထင်ရှားကြောင်းလည်း လူအများက ဝေဖန်နေကြသည်။

အဆိုပါ ဝတ်စားဆင်ယင်ပုံများကို လူထုမျက်မှောက်တွင် ဖော်ပြလာခြင်းဖြင့် အရပ်သား အစိုးရအဖြစ် မြင်လာရန် လုပ်ဆောင်နေကြဟန်ရှိကြောင်း ဝေဖန်သူများက ဆိုသည်/