တရုတ်နယ်စပ်မှာ ကုန်စည်တင်ပို့ခွင့် ပိတ်ထားတဲ့ကြားက ကချင်ပြည်နယ်မှာ ထူးကုမ္ပဏီက သတ္တုရိုင်းတွေ တူးဖော်နေပြီး ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာက တဆင့် တရုတ်နိုင်ငံကို တင်ပို့နေတယ်လို့ သိရပါတယ်။
သတ္တုရိုင်းတွေ တူးဖော်တဲ့ နေရာကနေ ကားငယ်တွေနဲ့ သယ်ထုတ်ကြတယ်လို့ အတွင်းသိ ဒေသခံ တယောက်က ပြောပါတယ်။
“ထူး က နာမည်ခံပဲ။ လုပ်တာ တရုတ်တွေက လုပ်တာ။ တောထဲကနေ ကားလေးတွေနဲ့ ထုတ်၊ ကွင်းတွေထဲမှာ ပုံပြီးတော့မှ ဟိုဘက်ကျတော့ တရုတ်ပြည်ကို ကားကြီးတွေနဲ့ ပြန်တိုက်တာ။ ဝိုင်းမော်နဲ့ လိုင်ဇာကြား ကျမှာပေါ့”
မြန်မာ့ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ထူးကုမ္ပဏီတို့ အကျိုးတူလုပ်ငန်းဖြစ်ပြီး သတ္တုတွင်းမှာ ဒေသခံ တိုင်းရင်းသားတွေ ဝင်ရောက်လုပ်ကိုင်တာ မတွေ့ရဘဲ တရုတ်နိုင်ငံဘက်က ဝန်ထမ်းတွေသာ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံကို လိုင်ဇာလမ်းကတဆင့် ကုန်စည်တင်ပို့ခွင့် ပိတ်ပင်ထားပေမယ့် တရုတ်နိုင်ငံက ကားတွေနဲ့ သတ္တုရိုင်းတွေတင်ပြီး တရုတ်နိုင်ငံဘက် သွားတာလို့လည်း ပြောကြပါတယ်။
ရွှေညောင်ပင်ဟာ မြစ်ကြီးနားနဲ့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာအကြားမှာ ရှိပြီး တရုတ်နိုင်ငံဘက်က လာတဲ့ မော်တော်ကားကြီး အစီး လေးငါးဆယ် တန်းစီ ရပ်စောင့်နေတာ တွေ့ရတယ်လို့ နောက် ဒေသခံတယောက်က ပြောပါတယ်။ ကားနောက်ပိုင်းကို ဖုံးကွယ်ထားတဲ့အတွက် ဘာပစ္စည်းတွေ တင်တယ်ဆိုတာ အလွယ်တကူ မသိနိုင်ပေမယ့် ဒေသခံတွေကတော့ သတ္တုကားတွေလို့ ပြောဆိုနေကြတယ်လို့လည်း ပြောပါတယ်။
Wednesday, May 4, 2011
Monday, April 18, 2011
Friday, March 4, 2011
Saturday, February 19, 2011
ကေအန်ယူ တိုက်ပွဲနှစ်ချုပ် အစီရင်ခံစာ
ကေအန်ယူနှင့် နအဖ စစ်တပ်ကြား ၂၀၁၀ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ပြီး ကေအန်ယူ နယ်မြေဒေသများဖြစ်သည့် တပ်မဟာ ၇ ခု အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ နအဖ စစ်တပ်ဘက်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦးနှင့် ကေအန်ယူ ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားတဲ့ ကေအန်ယူ တိုက်ပွဲနှစ်ချုပ် အစီရင်ခံစာ ထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။
Sunday, February 13, 2011
Friday, February 11, 2011
တော်လှန်ရေး လမ်းကြောင်းဖော်သူ အီဂျစ် လူငယ်များ
ယခု အီဂျစ်တော်လှန်ရေးကို ဦးဆောင်လမ်းကြောင်းပြီး အစိုးရအာဏာ ကိုင်လှုပ်နေသူများမှာ သမ္မတမူဘာရခ် အာဏာစရချိန်တွင် မွေးဖွားခဲ့သူများ ဖြစ်သည်။ အများစုက အီဂျစ်ထိပ်တန်း တက္ကသိုလ်တွေကနေ ဘွဲ့ကိုယ်စီ ရထားကြသည်။ အီဂျစ်ရဲတွေရဲ့ ကန့်သတ်မှုဆိုးဆိုးအောက်မှာ သူတို့ ကြီးပြင်းလာကြသည်။ ဖိနှိပ်မှု အမျိုးမျိုး ဖမ်းဆီးမှုအကြိမ်ကြိမ် ကိုယ်စီ ကြုံခဲ့ဖူးသူများ ဖြစ်သည်။
ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ကွန်ပျူတာပရိုဂရမ်မာတွေနဲ့ ပရောဖက်ရှင်နယ်တစ်ခုခု တတ်ကျွမ်းတဲ့ လူငယ်တွေ ဖြစ်သည်။ ယောင်ချာချာ လေကြီးမိုးကြီးတွေမဟုတ်။ သူတို့က ဖေ့စ်ဘွတ် မျိုးဆက် ဖြစ်သည်။ အများစုက ဓါတ်ပုံမဖော်ပြတဲ့ ဖေ့စ်ဘွတ် အဖွဲ့ဝင်တွေဖြစ်သည်။ ဖေ့စ်ဘွတ်ပေါ်မှာ ကိုယ်ရည်သွေးတာတွေ ရေးဖို့ထက် ရည်ရွယ်ချက် တစ်ခုခုထား အသုံးချနေသူများ ဖြစ်သည်။ လျှို့ဝှက်ရဲတွေရဲ့ စောင့်ကြည့်မှု ခြိမ်းခြောက်မှု အောက်ကနေ ပါးပါးနပ်နပ် ရှောင်ရှားပြီး အီဂျစ်လူ့အဖွဲ့အစည်း အပြောင်းအလဲအတွက် ပုံဖော်နေသူများ ဖြစ်သည်။
အခု အီဂျစ်အစိုးရက တော်လှန်ရေး ဦးဆောင်သူတွေနဲ့ တရားဝင် စကားပြောဖို့ ကမ်းလှမ်းလိုက်တော့ နောက်ကွယ်က အသံတိတ်အလုပ် လုပ်ခဲ့ကြသူ ထိုလူငယ်အုပ်စုက ရှေ့ရောက်လာသည်။ စုစုပေါင်း ၁၅ ယောက်။ Google ရဲ့ အမှုဆောင်အရာရှိဖြစ်သူ ကွန်ပျူတာအင်ဂျင်နီယာ Wael Ghonim လည်း ပါဝင်သည်။ ဖေ့စ်ဘွတ်ကနေ ဆန္ဒပြသူ ၂ သိန်းကျော် ထွက်လာအောင် စည်းရုံးနိုင်ခဲ့သူ ဖြစ်သည်။ သူက လှုပ်ရှားမှုအတွင်း ၁၂ ရက် အဖမ်းခံရပြီး ယခုပြန်လွတ်လာတော့ လှုပ်ရှားမှုအတွက် ပြောရေးဆိုခွင့်ရှိ ခေါင်းဆောင် ဖြစ်လာသည်။
ဆန္ဒပြပွဲတွေအတွင်း သူတို့ရဲ့ ပရောဖက်ရှယ်နယ် အတတ်ပညာပေါင်းစုံနဲ့ ရဲတွေ ထောက်လှမ်းရေးတွေကို လှည့်စားခဲ့ပြီး တော်လှန်ရေးလမ်းကြောင်းကို သယ်ဆောင် သွားသည်။ ကောလဟာလ ပေါင်းစုံဖန်တီးသည်။ ကိုင်ရိုမြို့ထဲ ဆန္ဒမပြခင် ကျူးကျော် ရပ်ကွက်တွေမှာ အရင် ဇာတ်တိုက်ကြသည်။ သူတို့မှာ အိုင်ဒီအိုလော်ဂျီ အစွဲတွေမရှိ။ လွတ်လပ်မှုကို ငတ်မွတ်နေသူများ ဖြစ်သည်။ ဆိုရှယ်လစ်တွေနဲ့ မူဆလင် ဘရားသားဟုဒ် အဖွဲ့ဝင်တွေ သူတို့နောက် ၀န်းရံလာကြသည်။
ထိုလူငယ်စုက တက္ကသိုလ်ကျောင်းသားဘ၀ နေ့ရက်တွေမှာ အချင်းချင်း ရင်းနှီးခဲ့ကြသည်။ Lofti ဆိုတဲ့လူငယ်ရှေ့နေက မူဆလင်ဘရားသားဟုဒ် လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး အရပ်သား ရပိုင်ခွင့်တွေ တောင်းဆိုဖို့ အမြဲ အလုပ်နေသူ။ ထောင်လေးကြိမ်ကျပြီး ကိုယ်တပိုင်းသေအောင် အရိုက်ခံထားရသူ Elaimy ဆိုတဲ့ လူငယ်က နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေးရဲ့ လက်ထောက် ဖြစ်လာသည်။
သူတို့အားလုံးက ပညာတတ် လူလတ်တန်းစား နောက်ခံက လာကြသူတွေ ဖြစ်သည်။ သို့သော် အခွင့်ရေးသမားများ မဟုတ်။ မူဘာရခ် အစိုးရပြုတ်ကျရေး ပြတ်ပြတ်သားသား တောင်းဆိုနေသူများ ဖြစ်သည်။ အပြောင်းအလဲကို အာသာ ငမ်းငမ်း ဖြစ်နေသူများ ဖြစ်သည်။ ဆင်းရဲမွဲတေမှုနဲ့ ခြစားမှုတွေကို အော့နှလုံးနာနေသူတွေ ဖြစ်သည်။ မျိုးဆက်ဟောင်းတွေကို စိတ်ပျက်နေကြသူများ ဖြစ်သည်။ အီဂျစ်နဲ့ အရှေ့အလယ်ပိုင်း အနာဂတ်ကို ပုံဖော်မည့်သူများ ဖြစ်သည်။

Tuesday, January 18, 2011
နအဖ သန်းရွှေတို့  ကျောက်ဖြူမြို့ နေရာဒေသကို တရုတ်ကုမ္ပဏီလက်ထဲ ၀ ကွက်အပ်လိုက်ပြီ။
သန်းရွှေတို့  နအဖတွေနဲ့  တရုတ်ကုမ္ပဏီတွေ ကျောက်ဖြူမြို့  နေရာဒေသကို စီးပွားရေးစက်မှုဇုံအဖြစ် ဖန်တီးကြတော့မှာ ဖြစ်ပြီး၊ ဒီ ကျောက်ဖြူမြို့ ကို ယခုလို တရုတ်ကုမ္ပဏီလက် ၀ကွက်အပ်လိုက်လို့  ရရှိမယ့် အကျိုးအမြတ်တွေကတော့ သန်းရွှေတို့  နအဖမိသားစုတွေ ချမ်းသာပြီးရင် ချမ်းသာကြမှာ ဖြစ်သလို၊ တရုတ်ကုမ္ပဏီကတော့ ဒီထက် ပိုအကျိုးရှိမှာပါ။ ကျောက်ဖြူမြို့  မြေနေရာဒေသကို နအဖကြောင့် အချောင်ပိုင်ဆိုင်လိုက်ရမှာပါ။ ကျွန်တော်တို့  ပြည်သူပြည်သားတွေကတော့ ကျွန်ဘ၀ရောက်ပြီးရင်း ရောက်နေတော့မှာပါ။
နအဖ သန်းရွှေတို့ ရဲ့  ဒီလုပ်ရပ်တွေကြောင့် မြန်မာပြည်ကြီးဟာ ကမ္ဘာ့မြေပုံပေါ်မှာ နှစ်ပေါင်းအနည်းငယ်အတွင်းမှာ ပျောက်ကွယ်ပါတော့မယ်။
ကျွန်တော်တို့  တိုင်းရင်သားပြည်သူတွေ ပြည်ထောင်စု စိတ်ဓါတ်နဲ့  တည်ဆောက်ခဲ့တဲ့ အမိမြန်မာပြည်ကြီးဟာ နောင်ဆိုရင် အခြားနိုင်ငံတွေကနေ အစိတ်စိတ် အပိုင်းပိုင်း ရယူပြီး ကျွန်တော်တို့ တွေ လူမျိုးလည်း ပျောက် နေရာလည်းပျောက်တော့မယ့် အဖြစ်ဆိုးကို သန်းရွှေတို့  နအတွေက ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ယုတ်မာလွန်းတဲ့ စိတ်တွေနဲ့  တိုင်းပြည်ကြီးကို အခြားနိုင်ငံများထံ ၀ကွက် အပ်နေပါတော့တယ်။
ကျောက်ဖြူမြို့  နေရာဒေသတွေ အခြားနိုင်ငံပိုင်တွေ ဖြစ်အောင်လုပ်တာ အဓိကတရားခံက သန်းရွှေတို့  နအဖတွေပါ။ ကျောက်ဖြူမြို့ နယ် နေရာဒေသတွေတင်မကပါဖူး နအဖက ရောင်းစားနေတာ မြန်မာပြည်ရဲ့  အဓိကကျတဲ့ နေရာတော်တော်များများ ဖြစ်နေပါပြီ။
Subscribe to:
Comments (Atom)